www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Sunday, May 19, 2013

ဘာကြောင့်နှာခေါင်းသွေးလျှံရတာလဲ


ဘာကြောင့်နှာခေါင်းသွေးလျှံရတာလဲနှာခေါင်းပေါက် အတွင်း မျက်နှာပြင်မှာ သွေးကြောငယ် ပေါင်းများစွာရှိပြီး ဒီသွေးကြော ငယ်တွေဟာ တစ်ခု ဒါမှမဟုတ် တစ်ခုထက်ပိုပြီး ပျက်စီးဖို့ လွယ်ကာ နှာခေါင်းကနေ သွေးတွေထွက် လာတတ်ကြပါတယ်။ တစ်ခါတလေ နှာခေါင်းကို တစ်ခုခုက အရှိန်ပြင်းပြင်းနဲ့ တိုက်မိတဲ့အခါ နှာခေါင်း သွေးလျှံတတ်ပါတယ်။ အအေးမိခြင်း၊ ရောဂါပိုးဝင်ခြင်း ကလည်း နှာခေါင်းမျက်နှာပြင်ကို ထိခိုက် ပျက်စီးစေတာကြောင့် နှာခေါင်း သွေးလျှံစေတတ်တဲ့ အဓိက အကြောင်းရင်း တွေပဲဖြစ်ပါတယ်။ တစ် ခါတလေ ဆောင်းတွင်းမှာ တိုက်တဲ့ လေအေးတွေက နှာခေါင်းတွေကို ခြောက်သွေ့စေတာကြောင့် နှာခေါင်း သွေးလျှံတတ်ပါတယ်။ ရာသီဥတု ပူလွန်း၊ စိတ်လှုပ်ရှား လွန်းရင်လည်း နှာခေါင်း သွေးလျှံတတ်ပါတယ်။ ဘာအကြောင်းပြချက်မှ မရှိဘဲ နှာခေါင်း သွေးလျှံတာမျိုးလည်း ဖြစ်တတ်ပါတယ်။
နှာခေါင်းကနေ သွေးအများကြီး လျှံကျလာတာဟာ အမြင်မှာ ကြောက်စရာကောင်းပေမယ့် ယေဘုယျအားဖြင့် ပြောရမယ် ဆိုရင်တော့ နှာခေါင်းသွေးလျှံတာက သိပ်တော့ အန္တရာယ်မရှိပါဘူး။ နှာခေါင်းသွေးလျှံပါက တစ်နေရာမှာ ငြိမ်ငြိမ် ထိုင်ကာ အရှေ့ကို ခေါင်းစိုက်ထားပါ။ ခေါင်း အနောက်ကို လှန်ထားပါက နှာခေါင်းသွေးတွေ အများကြီး မျိုချမိသလို ဖြစ်သွားပါလိမ့်မယ်။ပါးစပ် နဲ့ အသက်ရှူသွင်းကာ နှာခေါင်းသွေးလျှံတဲ့ဘက်ရဲ့ နှာခေါင်းအောက်ဘက်ကို လက်မနဲ့ ဖိထားလိုက်ပါ။ ငါးမိနစ်လောက်ဖိထားရင် ထိခိုက်ပျက်စီးသွားတဲ့ သွေးကြောမှာ သွေးခဲလေးဖြစ်ပေါ်လာပြီး နှာခေါင်း သွေးလျှံခြင်းကို ရပ်တန့်စေပါတယ်။ နှာခေါင်း အပေါ်ပိုင်းရှိ နှာခေါင်းရိုးပေါ် ရေခဲကပ်ထားရင် လည်း သွေးကြောကို ကျဉ်းစေ၊ ကျုံ့စေနိုင်တာကြောင့် နှာခေါင်းသွေးလျှံတာ ရပ်စေနိုင်ပါတယ်။ နှာခေါင်း သွေးလျှံတာရပ်သွားရင် နောက်ပိုင်း နေ့တစ်ဝက်စာ လောက် နှာခေါင်းကို ဂရုစိုက်ပေးပါ။ ဒါမှ နောက် ထပ် သွေးမလျှံတော့မှာပါ။ မိနစ် ၂၀ ကြာလို့မှ နှာခေါင်းသွေးလျှံတာ မရပ်ရင် ဆရာဝန်နဲ့ ပြသကုသသင့်နေပါပြီ။
ဒေါက်တာနုမြတ်


By Good Health

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်