www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Friday, May 24, 2013

ကမ်းခြေချစ်သူများ

သူနှင့် သူ့ဇနီးသည်တို့သည် လွန်ခဲ့သောသုံးရက်က ဒိန်းမတ်နိုင်ငံ အနောက်တောင်ဖက်တွင်
ရှိသော `ရို့မို့ရ်´ (RØMØ) ကျွန်းဆီ အလည် ရောက်ခဲ့သည်။ဒိန်းမတ်နိုင်ငံ၏ ဘေးပတ်လည်တစ်ခုလုံးတွင် ကမ်းခြေပေါင်း
များစွာရှိပါသည်။ သို့သော် ကျယ်ပြန့်သော သဲသောင်ပြင်ရှိသည့် ထို `ရို့မို့ရ်´ ကျွန်း၏ ကမ်းခြေသည် လူများစုအတွက်
စိတ်ဝင်စားစရာ တစ်ခုဖြစ်သည်။ နွေရာသီတွင် ပင်လယ်ရေမျက်နှာပြင်အောက်မှ ပေါ်ထွက်လာသော ထိုသဲသောင်ပြင်
သည် နဂိုမူလ သတ်မှတ် ကမ်းခြေအစပ်မှ ရေပြင် ထိစပ်ရာကမ်းစပ်အထိ 3 ကီလိုမီတာခန့် ရှိပြီး ကျွန်း၏ တောင်မှ
မြောက်၊ လူနေ ဧရိယာနှင့်အပြိုင် 9.2 ကီလိုမီတာခန့် ရှည်လျားသော သဲသောင်ပြင်မျိုး ဖြစ်သည်။

ထို `ရို့မို့ရ်´ ကျွန်းလေး၏ တစ်ဖက်ကမ်းရှိ `စကဲယာဘတ်´
(Skærbæk) ခေါ် တောမြို့လေးတစ်ခုရှိသည်။ ထိုမြို့လေးတွင်
သူ့ဇနီးသည်နှင့် အင်မတန် ရင်းနှီးသော မိသားစု တစ်စု နေထိုင်
ကြသည်။ သူ့ဇနီးသည်က ထိုမြို့လေးတွင် ရှိသော ကျောင်း
နေဖက် သူ့သူငယ်ချင်းနှင့် စားလိုက်၊ စကားပြောလိုက်ဖြင့် ပျော်ပျော်
ရွှင်ရွှင် ဖြတ်သန်းဖို့စိတ်ကူးသည်။ သူကတော့ `ရို့မို့ရ်´ ကျွန်း၏ သဲ
သောင်ပြင်၌ ကျင်းပသော ရွှက်တပ် စက်မဲ့ယာဉ် ခေါ် Beach Sailing
ပြိုင်ပွဲကို စိတ်ဝင်စားသည်။ ဒိန်းမတ်လို Rømø Strandsejler Club၊
ဂျာမန်ဘာသာစကားဖြင့် Strandsegler Club Römö ခေါ်သော
ထို ရွှက်တပ် စက်မဲ့ယာဉ်အသင်း၏ နွေရာသီ ဖိတ်ခေါ်ပြိုင်ပွဲကို
ထိုနေ့တွင် ယှဉ်ပြိုင် နေကြသည်။


အလားတူ လာမည့် စက်တင်ဘာလတွင် ကျင်းပရန်ရှိသော
`စွန်´လွှတ်ပြိုင်ပွဲ၏ ပုံစံပြည့် အကြို လေ့ကျင့်မှုကိုလည်း ထိုနေ့
တွင် တိုက်တိုက်ဆိုင်ဆိုင် မြင်တွေ့ခဲ့ရသည်။


          ထိုအရာပေါင်းများစွာထက် သူ့အား ပိုမို စိတ်ဝင်စားစေသောကိစ္စတစ်ခုလည်း ရှိပါသည်။ ထိုအရာက ကမ်းခြေ၏ တိုတောင်း
သော ညအချိန်တွင် ထွက်ပေါ်လေ့ရှိသော `သရဲ´ ဇာတ်လမ်းဖြစ်သည်။ လွန်ခဲ့သော ဆယ်စုနှစ်များက ညဖက် သဲသောင်ပြင်
ပေါ်၌ မော်တော်ဆိုက်ကယ် အပြိုင်စီးကြရာမှ တိမ်းမှောက်ပြီးလူငယ်လေးတစ်ဦး ကွယ်လွန်ခဲ့သည်။ ကွယ်လွန်သူ၏ ၀ိညာဉ်
သည် ယခုလို သာယာလှပသည့် နွေညများတွင် ကမ်းခြေပေါ်သို့ အလည်ရောက်လာသော ဧည်သည့်များအား ကျီစယ်
လေ့ရှိကြောင်း လူပြောသူပြော များလှသည်။ တိုတောင်းသောနွေညများ- ဟု ဆိုရခြင်းမှာ ဒိန်းမတ်နိုင်ငံ အပါအ၀င် ကမ္ဘာ့
ဝင်ရိုးစွန်း ဒေသများ၏ နွေကာလများတွင် `နေ´ သည် နံနက် ၅နာရီခန့်တွင် ထွက်လေ့ရှိပြီး ည ၁၀ နာရီလောက်မှ ၀င်လေ့
ရှိသည်။ မြန်မာ အဆိုတော် စိုးပိုင် သီဆိုသော သီချင်းတစ်ပုဒ်ထဲမှ …. `ညဦးဖက် နေ မထွက်ပါ´ … ဟူသော စာသားသည်
အာရှဒေသ အတွက် မှန်ကန်သော်လည်း ကမ္ဘာ့မြောက်ဖျားပိုင်းဒေသများအတွက် မှားယွင်းပါသည်။
…............. ….... …..

          သူနှင့် အင်မတန် ရင်းနှီးသော ပင်စင်စား အဖိုးအို သုံးဦးတို့သည် Homecar ဟု ခေါ်သော အိမ်ပုံစံ မီးဖိုချောင်၊ အိမ်သာ၊
ဧည့်ခန်းငယ်၊ အိပ်ခန်းများ ပါရှိသည့် ကားဖြင့် ကမ်းခြေသို့သူတို့ထက်အရင် အလည်အပတ် ရောက်နေကြသည်။

            တစ်နေ့ကုန် `စက်မဲ့ ရွှက်တပ် ယာဉ်´ ပြိုင်ပွဲ ကြည့်လိုက်၊ `စွန်´လွှတ်ပြိုင်ပွဲ ကြည့်လိုက်၊ ပင်လယ်ရေထဲ ဆင်းလိုက်ဖြင့် ပျော်ရွှင်နေကြသော သူတို့အားလုံးသည် ည (၈) နာရီခန့်တွင် မျက်လုံးများ တဖြေးဖြေး စေ့ချင်လာသည်။ သူ့ဇနီးသည်အား တစ်ဖက်ကမ်း `စကဲယာဘတ်´ မြို့ရှိ အသိမိတ်ဆွေအိမ်တွင် ပို့ထားခဲ့ပြီး
ကမ်းခြေသဲသောင်ဆီသို့ သူ တစ်ဦးတည်း ပြန်လာခဲ့သည်။

       သူနှင့် သူ့မိတ်ဆွေ အဖိုးအို သုံးဦးတို့သည် သူတို့ ဌားစီးလာသော Homecar ပေါ်တွင် နွေည၏ အပူရှိန်ကြောင့် မအိပ်နိုင်
ကြပါ။ ကားနံဘေးတွင် ရွှက်ဖျင်တဲ ထိုးပြီး တဲထဲတွင် ဘီယာသောက်လိုက်၊ လက်ဆွဲ `အကော်ဒီယံ´ တီးရင်း သီချင်းသံ
တကျော်ကျော်ဖြင့် နွေညကို အံတုနေကြသည်။

            ကြာကြာတော့ သူတို့ အံ မတုနိုင်ပါ။ ည (၁၀) နာရီလောက်တွင် လေးလံလာသော သူတို့၏ မျက်ခွံများအောက်တွင်
သူတို့ ကျဆုံးသွားကြသည်။ ည နှစ်နာရီခန့်တွင် သူတို့ထဲကတစ်ဦး၏ အော်ဟစ်သံကြောင့် သူတို့အားလုံး နိုးလာကြသည်။
အိမ်မက်တစ်ခုကို မြင်မက်ခဲ့သော အဖိုးအိုက သူတို့ ဌားရမ်းထားသည် Homecar ထဲတွင် လူတစ်ဦးသည် သူ အိပ်စက်
နေသော ကုတင်ပေါ်တွင် မအိပ်စက်ရန် သူ့အား လာပြောကြောင်း၊သူက လက်မခံသောအခါ ကုတင်ပေါ်မှ သူ့အား ဇွတ်အတင်း
ဆွဲချကြောင်း၊ အိမ်မက်မှ နိုးလာသောအခါ သူသည် ကုတင်ပေါ်တွင် မရှိတော့ပဲ အောက်သို့ ရောက်ရှိနေကြောင်း ပြောပြပါသည်။

           သူတို့အားလုံး အိပ်မှုံစုံဖွားဖြင့် ပြန်အိပ်ခဲ့ကြပါသည်။ သို့သော်ကားအတွင်းမှ ဆေးပြင်းလိပ်အနံ့တစ်ခု ထွက်လာပါသည်။
သူတို့လေးဦးစလုံး ဆေးလိပ်သောက်သူများ မဟုတ်ပါ။ ဆေးပြင်းလိပ်အနံ့သည် အဘယ်ကြောင့် ကားအတွင်းမှ ထွက်လာသည်
ကို သူတို့ အဖြေရှာမရပါ။

             မိုးလင်းကာနီး နံနက် (၄)နာရီခန့်တွင် သူတို့ ကားနံဘေးသို့ရောက်ရှိလာသည့် ကမ်းခြေစောင့် ရဲတပ်ဖွဲ့ဝင်ထံမှ သတင်း
တစ်ခုကို သူတို့ သိခဲ့ရပါသည်။ လွန်ခဲ့သော နှစ်က ဤနေရာ၌ ဆေးပြင်းလိပ် အင်မတန် ကြိုက်နှစ်သက်သော အဖိုးအိုတစ်ဦးHomecar အတွင်း လဲကျ သေဆုံးခဲ့သော သတင်းပင် ဖြစ်ပါသည်။


by facebook page

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်