www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Sunday, May 19, 2013

ကြောင်နှင့်မတည့်သော အစားအစာများ


ကြောင်နှင့်မတည့်သော အစားအစာများကြောင်တွေဟာ ကျွေးတဲ့အစာ တိုင်းကိုမစားဘဲ အစာရွေးတတ်တဲ့ သတ္တဝါတွေမို့ လူတွေက ကြောင်တွေဟာ သူတို့အတွက် အကောင်း တတ်မယ်လို့ ထင်ကြပါတယ်။ ပုပ်သိုးသွားပြီဖြစ်တဲ့ အသားတုံးကို မစားဘဲ ကျော်သွားပေမယ့်လည်း ကြောင်တွေဟာ ပုပ်သိုးနေပြီ ဖြစ်တဲ့တူနာငါး ကိုတော့စားကြပါတယ်။ အဲဒီတူနာငါးဟာ ကြောင်လေး အတွက် အန္တရာယ် ဖြစ်စေနိုင်တာကိုရော သင်သိပါသလား။ အောက်ဖော်ပြပါများက တော့ ကြောင်များ မစားသုံးသင့်သော အန္တရာယ်ရှိသည့် အစားအစာများ ဖြစ်ပါတယ်။
တူနာငါး
ဈေးကွက်ထဲမှာ လူစားရန် ထုတ်လုပ်ထားတဲ့ တူနာငါးသေတ္တာ ဘူးများရော ကြောင်စာအဖြစ် ထုတ် လုပ်ထားတဲ့ တူနာငါးသေတ္တာဘူးများ ပါရှိပါတယ်။ တူနာငါးကို တစ်ခါ တလေ စားတာကတော့ ထိခိုက်မှု မရှိပါဘူး။ ကြောင်လေးအား လူစား ခြင်း ဖြစ်စေနိုင်ပါတယ်။ အကြောင်း ကတော့ လူစားတူနာငါး သေတ္တာမှာ ကြောင်အတွက် လိုအပ်သော အာဟာရများ မပါဝင်လို့ပါဘဲ။ ကြောင် ကို တူနာငါး အများကြီး ကျွေးခြင်းဟာ မာကျူရီ အဆိပ်အတောက် ဖြစ်ခြင်းကို ဖြစ်ပေါ်စေနိုင် ပါတယ်။ ညစာစားပြီး သည့်တိုင် ကြောင်လေးကို တူနာငါး ထပ်ကျွေးရင် ကျွေးသလောက် စားဦးမှာပါပဲ။
ကြက်သွန်ဖြူ၊ ကြက်သွန်နီ
ကြက်သွန်နီ ပုံစံအမျိုးမျိုး ပေါင်ဒါမှုန့်၊ အစိမ်း၊ ချက်ပြုတ်ပြီးသား သို့မဟုတ် နေလှန်းထားသည့် ကြက် ပြိုကွဲသွားစေပြီး သွေးအားနည်းခြင်းကို ဖြစ်ပေါ်စေပါ တယ်။ ဒါပေမယ့် ကြက်သွန်နီအနည်းငယ် ပါဝင်သော အစားအစာများကို တစ်ခါတစ်ရံ စားသုံးခြင်းကတော့ ကြောင်အတွက် အ္တရာယ် မဖြစ်စေပါ။ ပမာဏ အများကြီး စားသုံးခြင်း သို့မဟုတ် ပမာဏအနည်းငယ်ကို ပုံမှန်စားသုံး ခြင်းက ကြောင်များတွင် ကြက်သွန်နီ အဆိပ်သင့်ခြင်းကို ဖြစ်စေပါတယ်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ Chieves တို့ကို ရောနှောစားသုံးမိပါက ဗိုက် အောင့်ဝေဒနာခံစားလာရနိုင်ပါတယ်။
နွားနို့နှင့် အခြားနို့ထွက်ပစ္စည်းများ
သင့်ကြောင်ကို နွားနို့တစ်ဇွန်း လောက် ကျွေးလိုက်တဲ့အခါ ဘာ ဖြစ်သွားနိုင်သလဲ။ ကြောင်ပေါက်စ လေးများကတော့ နွားနို့ရဲ့ဒဏ်ကို ခံနိုင်ရည်ရှိသော်လည်း အရွယ် ရောက်ပြီးသော ကြောင်ကြီးများက တော့ မခံနိုင်ကြပါဘူး။ ကြောင်များ အရွယ်ရောက်လာတဲ့အခါ သူတို့ရဲ့ ခန္ဓာကိုယ်က နွားနို့နှင့် နို့ထွက်ပစ္စည်း များကို မချေဖျက်နိုင်တော့ဘဲ ဗိုက် မသက်မသာဖြစ်ကာ ဝမ်းလျှောစေ ပါတယ်။
အယ်လ်ကိုဟောလ်
ဘီယာ၊ ဝိုင်၊ ယမကာ နှင့် အယ်လ်ကိုဟောလ် ပါဝင်သောအစား အစာ ဘယ်အရာမှ ကြောင်အတွက် မကောင်းပါဘူး။ အယ်လ်ကိုဟောလ် ဟာ လူတွေမှာလိုပဲ ကြောင်ရဲ့ အသည်းနှင့် ဦးနှောက်အပေါ် သက် ရောက်မှုရှိပါတယ်။ ဒါပေမယ့် ပျက် စီးမှုတွေ ဖြစ်ပေါ်စေဖို့ ပမာဏ အနည်းငယ်သာလျှင် လိုအပ်ပါတယ်။ ၅ ပေါင် အလေးချိန်ရှိ ကြောင်ကြီးကို ဝီစကီ လက်ဖက်ရည်ဇွန်းဖြင့် ၂ ဇွန်း တိုက်ရုံနဲ့ မေ့မျောသွားစေနိုင်ပါ တယ်။ နောက်ထပ် တစ်ဇွန်းထပ် တိုက်လိုက်ရင်တော့ အဲဒီကြောင်ကြီး သေသွားပါလိမ့်မယ်။ အယ်လ်ကို ဟောလ်ပမာဏများလေလေ၊ဝေဒနာ ခံစားရမှု ပိုမိုဆိုးဝါးလေလေ ဖြစ်ပါ တယ်။


By Health Digest

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်