www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Friday, May 24, 2013

ဂမ္ဘီရဘုန်းဘုန်း

ဒီကနေ့တော့ ဘာရေးရမလဲ ဖျစ်ညစ် စဉ်းစားရင်းနဲ့ အကြောင်းအရာတစ်ခု ထွက်လာတယ်.။ အဲဒါကတော့ ဘာရယ်မဟုတ်ပါဘူး တောင်ကြီးမြို့ရဲ့ အထင်ကရကျောင်းတိုက်တွေထဲက တစ်ခုဖြစ်တဲ့ ရပ်တော်မူကျောင်းက ဘုန်းကြီးတစ်ပါးအကြောင်းပါ..။ အဲဒီဘုန်းကြီးရဲ့ ဘွဲ့တော်ကိုတော့ ကျွန်တော်လဲမသိဘူး..။ အဲဒီဘုန်းဘုန်းက သူများ ပြုစားထားတာတို့ ပညာနဲ့လုပ်ထားတာတို့ အကိုင်ခံထားရတာတို့ကို ပျောက်ကင်းအောင် ကုပေးတဲ့နေရာမှာ နာမည်ကြီးတယ်.။ တစ်ရက်တော့ အဲဒီ ဘုန်းဘုန်းနားကို ဆရာတစ်ယောက်နဲ့ ကျွန်တော် ရောက်သွားတယ်.။ ဆရာ့မိန်းမကို သူများတွေ လုပ်ထားတယ်ဆိုလို့ ဆရာက သွားမေးတာ..။ အဲဒီမှာ ကျွန်တော် ကြုံခဲ့ မြင်ခဲ့ရတာလေးပေါ့..။
ဆရာက မေးတော့ ဘုန်းဘုန်းကလဲ အေး... ခနနေ ကျောင်းဆောင်မှာသွားပြီး အပင်းတွေ ထုတ်ပေးဖို့ရှိတယ်..။ တစ်ခါတည်းလိုက်ခဲ့ဆိုပြီးခေါ်သွားတယ်.။ ဘုန်းဘုန်းလက်စွဲအဖြစ်သုံးတာက အောင်သပြေ ဘုန်းဘုန်း တူမတွေလို့ဆိုတဲ့ မိန်းကလေးနှစ်ယောက်.။ သူတို့က လိပ်ပြာလှတော့ ပရလောကသားတွေ ဝင်ပူးရတာ လွယ်တယ်တဲ့..။ အဲဒီနေရာကို ဓာတ်ခန်းလို့ပဲ ပြောကြပါစို့..။ အဲဒီ ဓာတ်ခန်းထဲရောက်တော့ နောက်ထပ် လူလေးငါးယောက်လဲ ရောက်နေတာကို တွေ့ရတယ်.။ တစ်ချို့က ယောဂကျင့်သလိုမျိုး ခြေဆင်းထိုင်ပြီး ကိုယ့်ဒူးကနေ ခြေဖျားအထိကို လက်နဲ့ သပ်ချနေသလိုတွေ လုပ်နေတယ်..။ ဘာမှန်းတော့ ကျွန်တော်လဲ အစကမသိလိုက်ဘူး..။
အဲ ကျွန်တော်တို့ရှေ့မှာက လူသုံးယောက်လောက်က အရင်ရောက်နှင့်နေတာလေ..။ အဲဒီအထဲမှာ သားအမိနှစ်ယောက်လဲပါတယ်.။ ကျန်တဲ့သူတွေဖြစ်တာ သိပ်မမှတ်မိတော့ဘူး..။ အဲဒီသားအမိကိစ္စတော့ မှတ်မိနေတယ်.။ အဲဒီကောင်လေးက သဲကျင်းမှာ အလုပ်လုပ်တာတဲ့..။ သူက ဆိုင်ကယ်လေးလဲရှိတယ်.။ အခုတစ်လော ဆိုင်ကယ် ခနခန မှောက်နေလို့ပါပေါ့..။ အဲဒါနဲ့ ဘုန်းဘုန်းကကြည့်ပြီး အင်းသိပြီ တွေ့ပြီပေါ့..။ ပြီးတော့ သူ့လက်စွဲတော် ကြားခံ သူ့တူမတစ်ယောက်ကို ခေါ်လိုက်တယ်.။ ပြီးတော့ တိုးတိုး တိုးတိုး ရွတ်တယ်..။ နောက်ပြီး ကဲ ဝင်စမ်း... ဆိုပြီး ငေါက်လိုက်တာ ဘုန်းဘုန်းတူမလဲ တုန်ခါလာတယ်..။ ပြီးတော့ အသံက လည်ချောင်းထဲက ညစ်ပြီးပြောတဲ့အသံနဲ့ ပြောတယ်..။ ဘုန်းဘုန်းက မေးတယ်... နင်ဘယ်သူလဲပေါ့..။ သူကဖြေတယ်.. သရဲတဲ့...။ သဲကျင်းနားမှာနေတာတဲ့..။ ဘုန်းဘုန်းက ဆက်မေးတယ်.. နင်ဘာလို့ ဒီကောင်လေးကို ဒီလိုဖြစ်အောင် လုပ်ရတာလဲပေါ့..။ အဲဒီမှာ သူက ဖြေတယ်..။ စားချင်လို့တဲ့..။ အဲဒီ စကားလဲ ဆုံးရော သဲကျင်းမှာ အလုပ်လုပ်တဲ့ကောင်လေးကလဲ ရယ်ပါလေရော.။ သူ့ကြည့်ရတာ ဇဝေဇဝါဖြစ်နေပုံပဲ..။
အဲဒီတော့ ဘုန်းဘုန်းကလဲ ငါ လောင်မီးတိုက်လိုက်ရမလား ဆိုပြီး ကြိမ်းတာပေါ့..။ အဲဒီမှာ အဲဒီ သရဲဆိုတာကြီးက မလုပ်ပါနဲ့ ပြန်ဖြုတ်ပေးပါ့မယ်.. ပြန်ထုတ်ပေးပါ့မယ်.. သူ့ကို အမဲသားတော့ ကျွေးပါဆိုပြီး တောင်းပန်တယ်.။ အဲဒါနဲ့ ဘုန်းဘုန်းကလဲ အေး အမဲသားဆိုလဲ အစိတ်သားလောက် ငါကျွေးခိုင်းလိုက်မယ်.. နင်ထည့်ထားတာတွေ အခုအကုန်ပြန်ထုတ်ဆိုပြီး လက်သီးကြီးနဲ့ သူ့တူမ ခေါင်းကို ထိုးထည့်တယ်.။ အုန်းကနဲပဲ..။ ကျွန်တော်ကတော့ သေပါပြီပေါ့လို့ ထင်နေတာ..။ အဲ.. အရေပြားတောင် အနီရောင် ထမလာဘူးဗျ...။ အဲဒီဟာလေးမြင်တော့ ကျွန်တော်တောင် တွေဝေသွားတယ်.။ တော်ယုံဆိုရင် အဲဒီ အုံးကနဲ အထိုးခံလိုက်ရရင် မူးမေ့သွားလောက်ပြီ..။ အဲလိုနဲ့ စီရင်စရာတွေ စီရင်ပြီး ဘုန်းဘုန်းက သရဲကို ပြန်ထွက်ခိုင်းတယ်..။ တုန်ခါပြီး ဘုန်းဘုန်းတူမ သတိပြန်လည်လာတယ်.။ အဲဒီမှာ အားဆိုပြီး လက်ကို ကိုင်တယ်.။ ဘုန်းဘုန်းက ဘာဖြစ်တာလဲပေါ့..။ အဲဒီမှာ လက်ခလယ် နာနေလို့ဆိုပြီး တူမတော်သူက ပြန်ဖြေတယ်.။ ဘုန်းဘုန်းက သယ်.. ဒီသရဲ ငါ့တူမကို ကိုင်သွားသေးတယ်..။ နာချင်နေပြီ... ပြန်ခေါ်မယ်... ဆိုပြီး ပြန်ထိုင်ခိုင်းတယ်..။ ပြီးတော့ ပြန်ခေါ်တယ်..။ တုန်ခါပြီး သရဲပြန်ဝင်လာတယ်..။ အဲဒီမှာ ဘုန်းဘုန်းက နင်က ဘာမို့လို့ ငါ့တူမကို အပင်းထည့်ချင်ရတာလဲဆိုပြီး နားအုံကိုင်ထည့်တာ ကြမ်းမှာ ခွေခေါက်ကျသွားတဲ့အထိကို လက်သံပြောင်တယ်..။ ဘုန်းကြီး တူမလဲ ပြန်ထလာပြီး ကြောက်ပါပြီဆိုပြီးပြောတယ်.. ဘုန်းကြီးကတော့ လက်သံ ခပ်ပြောင်ပြောင်ပဲ ကျောကို တစ်အုံးအုံးနဲ့ ထပ်ထုတယ်...။ ခုချက်ချင်းပြန်ထုတ်ဆိုပြီး..။ အဲမှာ သရဲကလဲ ထုတ်ပေးပြီးပါပြီ.. ပေါ့..။ အဲဒါနဲ့ သရဲကို သွားခွင့်ပေးလိုက်တယ်..။ အဲ သရဲလဲ ထွက်သွားရော ဘုန်းကြီးတူမ အေးဆေးပြန်ထလာတယ်..။ ခုနက ထုထောင်းခံထားရတာ သူမဟုတ်တဲ့အတိုင်းပဲ..။ ဘာမှန်းတော့ သေချာ မသိပေမယ့် တစ်ခုခုတော့ တစ်ခုခုပဲလို့တော့ မှတ်သားလိုက်ရတယ်..။ အတွေ့အကြုံလေးကတော့ အဲဒါပါပဲ..။ အခုထက်ထိ ဘုန်းဘုန်း အဲလို ကုပေးနေလားဆိုတာတော့ ကျွန်တော်လဲမသိဘူးဗျ......

အားလုံးကိုလေးစားလျှက်..
စိုင်းမွန်း
by facebook page

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်