www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Sunday, May 19, 2013

ကလေးမွေးပြီးနောက် ချက်ချင်း ပြောင်းလဲ သွားသော ခန္ဓာကိုယ် အစိတ်အပိုင်း ၇ မျိုး


ကလေးမွေးပြီးနောက် ချက်ချင်း ပြောင်းလဲသွားသော ခန္ဓာကိုယ် အစိတ်အပိုင်း ၇ မျိုးကိုယ်ဝန်ဆောင်တဲ့ ကာလအတွင်း အမျိုးသမီးတစ်ဦးရဲ့ ခန္ဓာကိုယ် အချိုးအစားက ပြောင်းလဲလာတာ ကို လူတိုင်းလိုလို သတိပြုမိကြပါတယ်။ ဒီအချိန်မှာ မိခင်နဲ့ သန္ဓေသားရဲ့ ကျန်းမာရေးကို အလေးထား အာရုံစိုက်နေချိန် ဖြစ်တာကြောင့် ပြောင်းလဲမှုကို လျစ်လျူရှုထားကြ ပေမယ့် ကလေးမွေးပြီးချိန်မှာတော့ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ် အစိတ် အပိုင်း ခုနစ်ခုဟာ သိသိသာသာ ပြောင်းလဲလာပါတယ်။

(၁) သားအိမ်
ကလေးမွေးခါနီးအချိန်မှာ သင့်သား အိမ်ဟာ ကိုယ်ဝန်မဆောင်ခင်ကနဲ့ ယှဉ် ရင် ၁၅ဆ ပိုလေးလာပါတယ်။ သန္ဓေ သား၊ ရေမြွှာရည်နဲ့ အချင်း စတာတွေရှိ တာကြောင့် လေးလံရတာ ဖြစ်ပါတယ်။ ကလေးမွေးပြီးချိန်မှာ သားအိမ်က စတင် ကျုံ့လာပါတယ်။ အထူးသဖြင့် မိခင်နို့ချို တိုက်ကျွေးရင် သားအိမ်ကျုံ့နိုင်စွမ်း ပို ကောင်းပါတယ်။
(၂) ကိုယ်အလေးချိန် လျော့ကျခြင်း
ကလေးမွေးပြီးချိန်မှာ ကိုယ်အလေး ချိန် ၁၂ ပေါင်ခန့် ချက်ချင်း လျော့ကျသွား ပါလိမ့်မယ်။ ကလေးရဲ့ ကိုယ်အလေးချိန် နဲ့ အချင်း၊ သွေးနဲ့ ရေမြွှာရည်တွေရဲ့ အ လေးချိန်တွေ လျော့ကျသွားတာ ဖြစ်ပါ တယ်။ သင့်ခန္ဓာကိုယ်က ရေအပိုနဲ့ သွေး ထုထည်ကို စွန့်ထုတ်နေတာကြောင့် နောက်ပိုင်းရက်တွေမှာလည်း တဖြည်း ဖြည်း ကိုယ်အလေးချိန် လျော့သွားနိုင် ပါတယ်။
(၃) ဆီးအိတ်နှင့် အူ
ဆီးအိတ်က ကလေးမွေးထားတဲ့အ တွက် ဖောရောင်နေနိုင်ပါတယ်။ ဒါ ကြောင့် အိမ်သာရောက်တဲ့အထိ ဆီးကို ထိန်းထားဖို့ အခက်အခဲ ရှိတတ်ပါတယ်။ ကလေးမွေးပြီးချိန်မှာ အူအပြောင်းအလဲကြောင့် လေပွတာနဲ့ ဝမ်းချုပ်တာ တို့ ဖြစ်တတ်ပါတယ်။ ကလေးမွေးတာ၊ အစာကို ချေဖျက်နှုန်းနှေးတာ၊ အစာစား တဲ့ ပုံစံပြောင်းလဲတာ၊ အကိုက်အခဲ ပျောက်ဆေးသောက်ရတာနဲ့ အိပ်ရာထဲ ကြာကြာနေရတာတွေကြောင့် ဝမ်းချုပ် စေနိုင်ပါတယ်။
(၄) မိန်းမကိုယ်
သဘာဝအတိုင်း ကလေးမွေးတာ လား၊ ဗိုက်ခွဲပြီး ကလေးမွေးတာလား စတဲ့ အချက်တွေပေါ် မူတည်ပြီး သားအိမ် လိုင်နင်ကွာကျမှုကြောင့် ရာသီသွေးဆင်း မှုဟာ ကလေးမွေးပြီး ခြောက်ပတ်တာ ကြာမြင့်တဲ့အထိ ဖြစ်ပေါ်နေနိုင်ပါတယ်။ တချို့အမျိုးသမီးတွေဟာ ကလေးမွေးပြီး ခင်ပွန်းသည်နဲ့ အတူနေရင် တစ်ခါတစ် ရံ တစ်နှစ်ကျော်ကြာတဲ့အထိ မိန်းမကိုယ် နာကျင်မှု ဖြစ်တတ်ပါတယ်။
(၅) ရင်သားအပြောင်းအလဲ
ကလေးမွေးပြီးတာနဲ့ အရင်ဆုံး ရင် သားကနေ နို့ဦးရည်ထွက်ပါတယ်။ နို့ဦး ရည်ဟာ ပဋိပစ္စည်းအပြည့်ပါဝင်တဲ့ အ ရည်ပျစ်ပျစ် ဖြစ်ပါတယ်။ မွေးကင်းစ က လေးငယ်က နို့ချိုစို့ပြီးချိန်မှာ မိခင်ဟာ ပရိုလက်တင်နဲ့ အောက်ဆီတိုစင်တွေ ထွက်လာပြီး ပုံမှန်အတိုင်း နို့ချိုတိုက်ကျွေး နိုငလ်ာပါတယ။် အဒဲ အီ ခါ ရငသ်ားကြီး တာ၊ တင်းတာ၊ မာတာ၊ ပြည့်တင်းတာ စတာတွေ ဖြစ်လာကာ မွေးပြီး ၂-၃ရက် အတွင်း နို့ချိုထွက်လာပါတော့တယ်။
(၆) ဆံပင်ကျွတ်ခြင်း
ကိုယ်ဝန်ဆောင်ချိန်အတောအ တွင်း အထွက်များတဲ့ ဟော်မုန်းတွေက ပုံမှန် ဆံပင်ကျွတ်တာမျိုး မဖြစ်အောင် တားဆီးပေးတာကြောင့် ဆံပင်သား ပိုထူ ထဲကာ သန်စွမ်းစေပါတယ်။ ကလေးမွေး ပြီးချိန်မှာ အဲဒီဟော်မုန်းတွေ စတင်လျော့ ကျလာတာကြောင့် ဆံပင်စတင်ကျွတ် လာပါတယ်။
(၇) လုပ်ဆောင်နိုင်စွမ်း ပြောင်းလဲမှု
ကလေးမွေးပြီးချိန်မှာ အမျိုးသမီး တွေဟာ ခန္ဓာကိုယ်အနာကျက်အောင် ပြု ပြင်ရတာ၊ ဟော်မုန်းအပြောင်းအလဲ ဖြစ် တာ၊ အိပ်ရေးပျက်တာနဲ့ မွေးကင်းစက လေးကို စောင့်ရှောက်ရလို့ စိတ်ဖိစီးမှု များတာစတဲ့ အခြေအနေတွေကြောင့် ပုံ မှန် လုပ်ငန်းဆောင်တာတွေကို လုပ် ဆောင်နိုင်စွမ်း မရှိဘဲ အနည်းငယ် လေး လံသွားတတ်ပါတယ်။


By Good Health

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်