www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Tuesday, May 21, 2013

ဆေးသောက်ခြင်းနှင့် အာဟာရဓာတ်

ဆရာဝန်တွေ ညွှန်ကြားတဲ့ အတိုင်း ဆေးဝါးတွေကို နေ့စဉ် ပုံမှန် သောက်နေ ရသူ တွေမှာ အာဟာရဓာတ် လျော့နည်း နေနိုင်ကြောင်း သိရပါတယ်။
(၁) Statins ဆေးတွေက အဆီထဲ တွင် ပျော်ဝင်နိုင်သော အင်တီအောက် စီးဒင့် တစ်မျိုး ဖြစ်သည့် Coenzyme Q-10 ပမာဏကို လျော့နည်းစေပါ တယ်။ အဲဒီအင်ဇိုင်းက ကြွက်သားများ ၏ စွမ်းအင်ကို အသုံးချခြင်း၊ သွေးဖိအား ကျဆင်းစေခြင်း၊ နှလုံးလုပ်ငန်းဆောင် တာများအားလုံး ကောင်းမွန်စေခြင်းတို့ အတွက် အရေးကြီးပါတယ်။ ဒါ့ကြောင့် CoQ-10 ရရှိ စေရန် အစိမ်းရင့်ရောင် ဟင်းရွက်များ၊ မုန်လာဥ၊ အဆီထူ သောငါး၊အသားနှင့် ဂျုံကြမ်းဆန်ကြမ်း များကို စားသင့်ပါတယ်။
(၂) အမျိုးအစား(၂)ဆီးချိုသွေးချို ရောဂါအတွက်သောက်ရသောဆေးဝါးများ
အမျိုးအစား (၂) ဆီးချိုသွေးချို ရောဂါတွင် ပထမဦးဆုံးရွေးချယ်ပေး လေ့ရှိသော Metformin လို့ခေါ်တဲ့ ဆေးက ဗီတာမင် B12 လျော့နည်း စေပါတယ်။ ဒါ့ကြောင့် အဲဒီဗီတာမင် ကြွယ်ဝသော အသား၊ ဥအမျိုးမျိုး၊ နွားနို့နှင့် ငါးတို့ကို စားပေးရပါမယ်။ သက်ကြီးရွယ်အိုများနှင့် သက်သတ် လွတ်သမားများလည်း ဗီတာမင်B12 ဖြည့်စွက်အားဆေးများ သောက်သုံး ပေးရပါမယ်။
(၃) အက်စစ် ဖြေဆေးများ
အစာအိမ်နာ ပျောက်ဆေး၊ စားချဥ့် ပြန်ပျောက်ဆေး တို့ကလည်း ဗီတာမင် B12 နှင့် ကယ်လ်စီယမ်စုပ် ယူမှုကို အနှောင့်အယှက် ဖြစ်စေ ပါတယ်။ ဒါ့ကြောင့်ဗီတာမင် B12 နှင့် ကယ်လ်စီယမ် ကြွယ်ဝသော အစား အစာများကို စားသုံးပေးရပါမယ်။ လိုအပ်လျှင် ဖြည့်စွက် အားဆေး သောက်ပေးရပါမယ်။
(၄) ကိုယ်အလေးချိန် ကျစေသော ဆေးဝါးများ
Orlistat ဆေးက အဆီစုပ်ယူ မှုကို ၃၀ ရာခိုင်နှုန်း လျော့နည်းစေ တယ်။ ဒါ့ကြောင့် အဆီတွင်ပျော်ဝင် သောဗီတာမင်များရရှိမှု ရေရှည်မှာ လျော့နည်း နိုင်တယ်။ ဗီတာမင် A, D, E, K တို့ဟာ အဆီတွင်ပျော်ဝင်နိုင် သောဗီတာမင်များဖြစ်တယ်။၎င်းဗီတာ မင်များပါဝင်သော အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်၊ တရုတ်ဆီးသီး၊ ဂျုံကြမ်း၊ ဆန်ကြမ်းတို့ကို စားပေးဖို့ လိုပါတယ်။
(၅) ပဋိဇီဝ ဆေးဝါးများ
ဒီဆေးဝါး များက ဗက်တီးရီး ယားများကို သတ်ပေးပါတယ်။ ရန်သူ ဗက်တီးရီးယား ရော၊ မိတ်ဆွေ ဗက်တီးရီးယားတို့ပါ သတ်ပစ်ပါတယ်။ အူမကြီး အတွင်းရှိ မိတ်ဆွေဗက်တီး ရီးယားများ လျော့ပါး သွားခြင်းကြောင့် ဝမ်းလျှောနိုင်ပါတယ်။ ဒါ့ကြောင့် Probiotics လို့ ခေါ်တဲ့ အကြိုဇီဝ ဆေးများ သောက်ပေး ခြင်းဖြင့် ဝမ်းလျှောခြင်းကို ကာကွယ်နိုင်ပါတယ်။ ဒါပေမယ့်ဆရာဝန် သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူနှင့် တိုင်ပင်ပြီးတော့မှ သောက်သုံးသင့် ပါ တယ်။

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်