www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Tuesday, May 21, 2013

နို့စို့ ကလေးကို ညပိုင်းထွက် နို့ချိုတိုက်က အိပ်စက် တာ ပိုမြန် နိုင်

မိခင်နို့ တိုင်းဟာ ပါဝင်တဲ့ အာဟာရ တွေ ညီတူ ညီမျှ ဖန်တီး ထားတာ မဟုတ် ပါဘူး။ စပိန်တက္ကသိုလ်မှ သုတေသီတွေရဲ့အဆိုအရ တစ်နေ့လုံးထွက်ရှိလာတဲ့မိခင်နို့မှာ ပါဝင်တဲ့ ပစ္စည်းတွေကို လေ့လာရာမှာ ညနေပိုင်းမှာ ထွက်ရှိလာတဲ့ မိခင်နို့မှာ ပါဝင်ပစ္စည်းတွေဟာ အင်အား အပြင်းဆုံးဖြစ်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ ကလေးငယ်တွေကို ညအိပ်စဉ်မှာ မိခင်နို့တိုက်ကျွေးရင် နို့ဘူးတိုက်တဲ့ကလေးတွေထက် မြန်မြန်ဆန်ဆန်အိပ်ပျော်ပြီး အချိန် ကြာကြာ ပိုအိပ်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် Australia နိုင်ငံ မိခင်နို့တိုက် ကျွေးရေး အဖွဲ့ရဲ့ အဆိုအရ လတ်လတ် ဆတ်ဆတ် ညှစ်ထုတ်ထားတဲ့ မိခင်နို့ကို ရေခဲ သေတ္တာထဲမှာထားရင် သုံးရက်မှ ငါးရက်ထိအထား ခံတယ်လို့ သိရပါတယ်။ ရေခဲသေတ္တာ ရဲ့ အအေးဆုံးဖြစ်တဲ့ အနောက်ဘက်နေရာမှာထားပါလို့ အကြံပေးထားပါတယ်။
ဒေါက်တာ ခင်မိုးမိုး



By Good Health

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်