www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Sunday, May 19, 2013

ဆီးကျိတ်ရောင်ရမ်းခြင်း (Prostatitis)


ဆီးကျိတ်ရောင်ရမ်းခြင်း (Prostatitis)ဆီးကျိတ်ထဲ ရောဂါပိုးဝင်ရောက် တာကြောင့် ရောင်ရမ်းတာကို ဆီးကျိတ် ရောင်တယ်လို့ ခေါ်ပါတယ်။ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ ဓာတုပစ္စည်းတွေ ကြောင့် ဆီးကျိတ်ရောင်ရမ်း တတ်ပါတယ်။ လတ်တလောဖြစ်တာ၊ နာတာ ရှည်ဖြစ်တာနဲ့ မကြာခဏဖြစ်တတ်တာ ပေါ် မူတည်ပြီး အမျိုးအစားခွဲခြားထား ပါတယ်။
Q. လတ်တလော ဆီးကျိတ်ရောင်ရမ်း တယ်ဆိုတာ ဘာကို ဆိုလိုပါသလဲ။ ဘယ်သူတွေဖြစ်တတ်သလဲ၊ ဘယ်လို လက္ခဏာတွေ ပေါ်ပေါက်တတ်ပါသလဲ။
A. လတ်တလော ဆီးကျိတ်ရောင်ရမ်းတာဟာ ငယ်ရွယ်ပြီး လိင်ဆက်ဆံဖို့ တက်ကြွတဲ့ အမျိုးသားတွေမှာ အဖြစ်များတတ်ကာ များသောအားဖြင့် ဘက်တီးရီးယားပိုး ဝင်ရောက်တာကြောင့်ပါ။ ရောဂါလက္ခဏာတွေအနေနဲ့ အဖျားရှိတာ၊ တုန်ချမ်းချမ်းတာနဲ့ ဆီးသွားရခက် ခဲတာတွေဖြစ်တတ် ပါတယ်။ စအိုတစ်ဝိုက်မှာ သက်သောင့်သက်သာမရှိဘဲ စအိုထဲ လက်နှိုက်စမ်းသပ် စစ်ဆေးရာမှာ ဆီးကျိတ်ကြီးနေတာ၊ ရောင်ရမ်းနေတာနဲ့ အထိ မခံနိုင်တာတွေကို တွေ့ရှိရတတ်ပါတယ်။ တချို့လူနာတွေမှာ ဆီးသွားရတာခက်ခဲပြီး ဆီးမထွက်တာကြောင့် ဆီးပိုက်ထည့်ဖို့ လိုအပ်တတ်ပါတယ်။ ရောဂါရှိသူဟာ များသောအားဖြင့် ရုတ် တရက်ဖြစ်တတ်ပြီး အထွေထွေရောဂါ လက္ခဏာတွေ ပြတတ်တာကြောင့် ထိထိရောက်ရောက် သေချာကု သနိုင်အောင် ရောဂါကို မှန်ကန်စွာသိရှိဖို့ လိုအပ်ပါတယ်။ ပဋိဇီဝဆေးဝါးကို အကြောသွင်းကုသတာ၊ ပါးစပ်မှသောက်ရတာ တွေကို ပြုလုပ်ဖို့ လိုအပ်ပါတယ်။ တချို့ လူနာတွေမှာ ဆီးကျိတ်ရောင်ရမ်းရာမှ ပြည်တည်တတ်တာကြောင့် ပြည်တွေကို စုပ်ထုတ်ဖို့ လိုအပ်နိုင်ပါတယ်။
Q. နာတာရှည် ဆီးကျိတ်ရောင်ရမ်းတယ်ဆိုတာ ဘာကိုဆိုလိုပါသလဲ။ လတ်တလော ဆီးကျိတ် ရောင်ရမ်းတာနဲ့ ဘယ်လို ကွာခြားပါသလဲ။
A. တချို့ဆီးကျိတ် ရောင်ရမ်းမှုရှိသူတွေဟာ မကြာခဏ ရောဂါပြန်လည်ဖြစ်တတ်ပြီး နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်ပေါ်လာကာ နာတာရှည် ဆီးကျိတ်ရောင် ရမ်းတာဖြစ်တတ်ပါတယ်။ ဘက်တီးရီးယား ဒါမှမဟုတ် ဓာတုပစ္စည်းကြောင့် ဖြစ်တတ်ပါတယ်။ ဘက်တီးရီးယားပိုး ကြောင့် လတ်တလောရောင်ရမ်းမှုဖြစ် ပေါ်ပြီးနောက်ပိုင်းမှာ နာတာရှည်အဆင့်ကို ရောက်ရှိသွားပြီး လူနာရဲ့ ကိုယ်ခံ အားကျဆင်းတဲ့အချိန်တိုင်းမှာ ရောဂါ ပြန်လည်ဖြစ်ပေါ်တတ်ပါတယ်။ ဓာတုပစ္စည်းကြောင့် နာတာရှည် ဆီးကျိတ် ရောင်ရမ်းသူတွေမှာ ဆီးနဲ့ သုက်ရည်မှာ ပါဝင်တဲ့ပစ္စည်းတွေကနေ ဆီးကျိတ်ကို အမြဲတမ်း ဓာတ်ပြုမှုဖြစ်နေတတ်တာ ကြောင့် နာတာရှည်ရောင်ရမ်းမှုဖြစ်ပေါ် နိုင်ပါတယ်။
Q. နာတာရှည် ဆီးကျိတ်ရောင်ရမ်းမှုရဲ့ လက္ခဏာတွေကို ဖော်ပြပါ။
A. စအိုနားတစ်ဝိုက် နေရထိုင်ရတာ သက်သောင့်သက်သာမရှိတာ၊ ခါးနဲ့ စအို တစ်ဝိုက်နေရာမှာ နာကျင်နေတာတွေ ဖြစ်ပေါ်တတ်ပါတယ်။ သုက်လွှတ် ရာမှာ နာကျင်တတ်ပြီး တစ်ခါတစ်ရံ သုက်ရည်မှာ သွေးတွေပါဝင်တတ်ပါတယ်။ တိတိကျကျနဲ့ ထိထိရောက်ရောက် ကုသမှု မရှိဘူးလို့ သိရပါတယ်။ ပဋိဇီဝ ဆေးဝါး မှီဝဲတာ၊ တစ်ပတ်နှစ်ကြိမ် သုက်လွှတ်တာတွေ ပြုလုပ်ရပြီး ဆီးကို အောင့်မထားဘဲ တစ်ကိုယ်ရေသန့်ရှင်း ရေးကောင်းမွန်ဖို့ လိုအပ်ပါတယ်။



By Good Health

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်