www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Sunday, May 19, 2013

မိမိစားသော ထမင်းလုတ်ကို ရေတွက် ခြင်းဖြင့် ကိုယ်အလေးချိန် လျှော့နိုင်


မိမိစားသော ထမင်းလုတ်ကို ရေတွက်ခြင်းဖြင့် ကိုယ်အလေးချိန်လျှော့နိုင်မိမိကိုယ်ကို ထိန်းချုပ်နိုင်မှု အားနည်းသော ပုဂ္ဂိုလ်များ အနေဖြင့် မိမိစားသုံးသော
ထမင်းလုတ်ကို ကွန်ပျူတာအကူအညီရယူရေ တွက်ခြင်းအားဖြင့် ထိန်းချုပ်နိုင်မှု မြင့်မားသူများကဲ့သို့ တင်းတိမ် မှုရနိုင်ကြောင်း အမေရိကန် သုတေသီများက ပြောကြားသည်။ မိမိဆန္ဒအလျောက် သုတေသနတွင် ပါဝင်သူများအား မိမိကိုယ်ကို ထိန်းချုပ်နိုင်မှု မြင့်မားသူများနှင့် ထိန်းချုပ်နိုင်မှု နည်းသူများဟူ၍ သုတေသီများက အုပ်စုနှစ်စုခွဲလိုက်သည်။ ယင်းနောက်တွင် သုတေသီများက ၄င်းတို့အစားအစာ စားသုံးချိန်တွင် မျိုချသော ထမင်းလုတ်များကို အားကစားသမားများ အသုံးပြုသော အကြိမ် ရေတွက်စက်များဖြင့် ရေတွက်စေခဲ့သည်။ "မိမိကိုယ်ကို ထိန်းချုပ် နိုင်စွမ်းမြင့်မား သူတွေမှာတော့ ဘာမှမထူးခြားပါဘူး။ အကြောင်း ကတော့ သူတို့စားရင်းသောက်ရင်း ဘယ်လောက်ဆိုရင် တင်းတိမ် သလဲဆိုတာ သူတို့ဟာသူတို့ သိနေလို့ပဲဖြစ်ပါတယ်" ဟု သုတေသီ တစ်ဦးက ပြောသည်။ သို့သော် မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်း နည်းနေ သူများအား အကြိမ်ရေတွက်သော ကိရိယာလေးများ အသုံးပြုခိုင်း သောအခါ အခြားမိမိကိုယ်ကို ထိန်းချုပ်နိုင်သူများကဲ့သို့ပင် အစား အသောက်အပေါ် တင်းတိမ် လာတတ်သည်ဟု Journal of Consumer Research တွင် သုတေသီများက တင်ပြခဲ့သည်။


By 7Day News

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်