အမျိုးသားတွေမှာ
ဗိုက်ပူတာဟာ အရိုးသန်မာမှု အားနည်းပြီး အရိုးဆုံးရှုံးနိုင် ခြေများတယ်လို့
လေ့လာမှုအရ သိရပါတယ်။ ဝမ်းဗိုက်မှာ အဆီစုဆောင်းမှုများ တာဟာ နှလုံးရောဂါနဲ့
ဆီးချိုရောဂါ ဖြစ်နိုင်ခြေများရုံတင်မက အရိုးဆုံးရှုံးမှုလည်း
ဖြစ်နိုင်ခြေများတယ်လို့ ဟားဗတ်ဆေး တက္ကသိုလ်မှ ဓာတ်မှန်ဆိုင်ရာ
ပါမောက္ခကဆိုပါတယ်။ အဝလွန်တာကြောင့် နှလုံးသွေးကြောရောဂါ၊ ဆီးချိုရောဂါ၊
သွေးတွင်း ကိုလက်စထရော မြင့်မားတာ၊ ရင်ကျပ်တာ၊ အိပ်ရင်ဟောက်တာနဲ့ အဆစ်
ရောဂါအပါအဝင် ကျန်းမာရေးပြဿနာ အများအပြားဖြစ်တာနဲ့ ဆက်စပ်မှုရှိပါတယ်။
ခန္ဓာကိုယ်တွင်းမှာရှိတဲ့ အဆီတွေ အားလုံးဟာ တူညီမှုမရှိကြပါဘူး။ အရေ
ပြားအောက်မှာ စုဆောင်းနေတဲ့အဆီနဲ့ ကိုယ်တွင်းအင်္ဂါ ဒါမှမဟုတ် ဝမ်းဗိုက်အ
တွင်း ကြွက်သားအောက်မှာ စုနေတဲ့ ဝမ်းဗိုက်အဆီဆိုပြီးတော့ ကွဲပြားပါတယ်။
မျိုးရိုးဗီဇ၊ အစား အစာနဲ့ လေ့ကျင့်ခန်းပြု လုပ်တာတွေဟာ ခန္ဓာကိုယ်အတွင်း
ကိုယ်တွင်းအင်္ဂါမှာ အဆီစုဆောင်းမှု အဆင့်ကို သက်ရောက်မှုရှိ ပါတယ်။
ကိုယ်တွင်းအင်္ဂါမှာ အဆီစုဆောင်းမှုများတာဟာ အလွန် အန္တရာယ်များပါတယ်။
လေ့လာမှုအရ အဝလွန်ပြီး ဗိုက်ပူသူတွေဟာ သူတို့နဲ့ BMI တူညီပြီး
ဗိုက်မပူသူတွေထက် အရိုးသန်မာမှု သိသိ သာသာနည်း ပါးကြောင်း တွေ့ရှိခဲ့ပါတယ်။ဒေါက်တာခင်မိုးမိုး
By Good Health










0 comments:
Post a Comment