သင်၏
ရင်ဘတ်ထဲ တွင် နှလုံးက မြန်သော အရှိန် နှုန်းဖြင့် တဒုတ်ဒုတ် ခုန်နေ သလို
ခံစားရခြင်း သို့မဟုတ် ရင်ထဲတွင် တလှပ်လှပ်ဖြစ်နေခြင်း သို့ မဟုတ်
နှလုံးခုန်ချက်နှင့်အတူ ခေါင်း ထဲတွင် တူနှင့်ထုနေသလို ခံစားရခြင်း
စသည့်ဝေဒနာအားလုံးကို ရင်တုန် ခြင်းများ Palpitations ဟုခေါ်ပါ သည်။
အထက်ဖော်ပြပါဝေဒနာအား လုံး ခံစားရတိုင်း ပြင်းထန်ဆိုးဝါးသော အခြေအနေဟု
မဆိုလိုပါ။ စိတ်လှုပ် ရှားနေသောသူများ၊ စိတ်တင်းကျပ် နေသူများတွင်
ဖော်ပြပါဝေဒနာများကို မကြာခဏခံစားရလေ့ရှိပါသည်။ သူ တို့၏နှလုံးများတွင်
ချို့ယွင်းချက်မရှိ ဘဲ စိုးရိမ်သောကကြောင့် ခံစားရခြင်း ဖြစ်သည်။
ဗိုက်တင်းနေအောင် စား ပြီးသည့်အခါတွင်လည်း ထိုကဲ့သို့သော ဝေဒနာမျိုး
တစ်ခါတစ်ရံ ကြုံတွေ့ရ တတ်သည်။ ပင်ပင်ပန်းပန်းပြေးလွှား ပြီးသည့်နောက်
သို့မဟုတ် အိပ်ရာပေါ် လှဲပြီး အိပ်ပျော်သွားသည့်အခါတွင် လည်း
ကြုံတွေ့ရတတ်ပါသည်။ သို့ သော်ဤရင်တုန်ခြင်းများသည် လုံးဝ လျင်မြန်စွာ
ပြန်လည်တည်ငြိမ်ကောင်း မွန်သွားလေ့ရှိပါသည်။ သိုင်းရွိုက် အကျိတ်
လွန်ကဲစွာအလုပ်လုပ်သည့် အခါတွင်လည်း ဤကဲ့သို့ကြုံတွေ့ရ တတ်သည်။
ထိုအခါမျိုးတွင် အရေး ကြီးပါသည်။ ကိုကင်းနှင့် အရက်တို့သည် လည်း
ရင်တုန်ခြင်းများ ဖြစ်စေသည့် အများဆုံးသော အကြောင်းရင်းများ ဖြစ်သည်။ အသက်
၆၀နှစ်နှင့်အထက် ပုဂ္ဂိုလ် များတွင် ရင်တုန်ခြင်းများ ခံစားရလျှင်
နှလုံးကျန်းမာရေးပြဿနာကြောင့် ဖြစ် နိုင်သည်။ ထို့ကြောင့်ဆရာဝန်နှင့်
တိုင်ပင်ပြီး စမ်းသပ်စစ်ဆေးခြင်းများ နှင့်ကုသမှုများရယူရန်လိုအပ်ပါသည်။
နှလုံးအထက်ခန်းဖြစ်သော Atria မှ ဖြစ်ပေါ်လာသော ရင်တုန် ခြင်းများသည်
ပုံမှန်ဖြစ်လေ့ရှိပြီ လူကိုသက်သောင့်သက်သာမဖြစ်စေ သော်လည်း
အ္တရာယ်ဖြစ်ဖို့တော့ ခဲယဉ်းပါသည်။ သို့သော် ခေါင်းမူး ခြင်းဝေဒနာတော့
ပေးနိုင်ပါသည်။ စည်းချက်လည်း မမှန်၊ မြန် လည်းမြန်သော နှလုံးခုန်ခြင်းကို
Fibrillation ဟုခေါ်ပါသည်။ Atria မှ ဖြစ်ပေါ်လာလျှင် ချက်ချင်း အ္တရာယ်မရှိပါ။
ဖြစ်ရခြင်းအကြောင်း ရင်းကို ဖော်ထုတ်ပြီး ကုသမှုခံယူရန် လိုအပ်ပါသည်။
Atrial Fibrillation သည် ပုံမှန် မဟုတ်သောရင်တုန်ခြင်းများ အများ
ဆုံးဖြစ်စေသည့် အကြောင်းရင်းဖြစ် သည်။
By Health Digest
By Health Digest










0 comments:
Post a Comment