ဖြူဖွေး သန့်စင် အောင် ပြုပြင် ထားသော အစား အစာနှင့် သကြား တို့ကို ရှောင်ပါ။
ဖြူဖွေးသန့်စင် အောင် ပြုပြင်ထားသော ကာဗိုဟိုက် ဒြိတ်များကို ခန္ဓာကိုယ်မှ
ချေဖျက် သည့်အခါ ထွက်လာသော သကြား မော်လီကျူးများဟာ အရေပြားရှိ
ကိုလေဂျင်အမျှင်များတွင် သွားရောက် ချိတ်တွယ်ပါတယ်။ အသားအရေတင်း
ရင်းနုပျိုအောင် ပြုလုပ်ပေးတဲ့ ကိုလေ ဂျင်နဲ့ သကြားဓာတ်အများကြီး
ချိတ်တွယ်မိတဲ့အခါ အသားအရေ အရောင်မွဲခြောက်ခြင်း၊ အိုမင်းရင့်
ရော်လွယ်ခြင်းတို့ ဖြစ်ပေါ်စေပါတယ်။ ပရိုတင်း ပိုမိုစားသုံးပါ။ အဆီထူ ငါး၊
ကြက်သား၊ ဥအမျိုးမျိုး အခြား Lean အသားများက ပျက်စီးသွားတဲ့ ကလာပ်စည်းများ
ပြန်လည် ကောင်း မွန်စေရန်နှင့် အရေပြား ကျန်းမာရေး တို့ကို
မြှင့်တင်ပေးပါတယ်။ အငန်လျှော့စားပါ။ အစား အသောက်များထဲမှာ ဆားဓာတ်လွန်
ကဲစွာ ပါဝင်နေခြင်းသည် ကျန်းမာရေး ကို ထိခိုက်စေတဲ့အပြင် Water Retension
ဖြစ်စေကာ မျက်နှာမို့ အစ် ဖောင်းကားလာတတ်ပါတယ်။ ရေများများသောက်ပါ။ ရေဓာတ်
ပြည့်ဝနေခြင်းက အရေပြားကို စိုပြည် ဝင်းလက်စေပြီး အရေးအကြောင်း လည်း ကင်း
စေပါတယ။်
By Health Digest
By Health Digest










0 comments:
Post a Comment