www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Tuesday, May 21, 2013

တွဲဖက် မသောက်သုံး သင့်သော ဗီတာမင်နှင့် ဆေးဝါးများ

(၁) ဗီတာမင် B12 နှင့် ကလိုရမ် ဖန် နီကောလ် (Chloramphenicol) ကလိုရမ်ဖန်နီကောလ်ဆေး က သွေးနီဥများရဲ့ရင့်ကျက်မှုကို အနှောင့် အယှက်ဖြစ်စေတဲ့အတွက် သွေးအား နည်းရောဂါကြောင့် သောက်သုံးရ သော ဗီတာမင် B12 ရဲ့အာနိသင်ကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ကလိုရမ်ဖန်နီကောလ်အစား အခြားပိုးသတ်ဆေးများကို သုံးပါ။
(၂) ဗီတာမင် A နှင့် Mineral oil Mineral oil က ခန္ဓာကိုယ်မှ ဗီတာမင် A စုပ်ယူမှုကို အနှောင့် အယှက်ပေးပါတယ်။ ဆေးဝါးများကို အချိန်ခြားပြီး သောက်သုံးပါ။
(၃)ဗီတာမင် B6 နှင့် လီဗိုဒိုပါ (Levodopa) ဗီတာမင် B6 က Levodopa ၏ဇီဝရုပ်ဖြစ် ပျက်မှုကို တိုးမြင့်စေတဲ့ အတွက်ဦးနှောက်အတွင်းမှာ ထိုဆေးဝါးပမာဏရောက် ရှိမှုနည်းပါးသွားပါတယ်။ ထိုဆေးဝါးများကို တွဲဖက် မသောက်သုံးရပါ။
(၄) ဗီတာမင် D နှင့် အတက်ကျ ဆေးဝါးများဖြစ်သော ဖီနန်တွိုင်း (Phenytoin)၊ ဖီနိုဘာဘီတယ်လ် (Phenobarbital) အတက်ကျဆေးများက ဗီတာ မင် D ရဲ့ဇီဝရုပ်ဖြစ်ပျက်မှုကို လှုံဆော် ပါတယ်။ ရလဒ်အဖြစ် ကယ်လ်စီယမ် ပမာဏလျော့နည်းသွားပြီး အရိုးပျော့ ရောဂါကို ဖြစ်စေနိုင်ပါတယ်။ အတက်ကျဆေးဝါးများ သောက် သုံးနေတဲ့လူနာများဟာ နေရောင်ခြည် နှင့်ထိတွေ့ဖို့ လိုအပ်ပါတယ်။ ကယ်လ်စီယမ်ြွကယ်ဝတဲ့ အစားအစာ တွေကိုလည်း စားသောက်ပေးဖို့ လို အပ်ပါတယ်။
Ref: Hospital and Clinical Pharmacy by K SAMPATH



By Health Digest

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်