www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Tuesday, May 21, 2013

ကြွက်သားတွေသန်မာဖို့ ဒါတွေ စားပါ

ခန္ဓာကိုယ် အတွက် အရေးပါတဲ့ အစိတ်အပိုင်း တွေထဲမှာ ကြွက်သား တွေကလည်း အဓိကကျလှပါတယ်။ လူအ များစု လေ့ကျင့်ခန်း ပြုလုပ်ရာမှာ ကိုယ်အ လေးချိန်ကျစေဖို့ အတွက် ပြုလုပ်ကြပေမယ့် ကြွက်သား သန်မာစေဖို့ ကိုတော့ မေ့နေတတ်ပါတယ်။ ကြွက်သားတွေ သန်မာစေဖို့ အစားအစာတွေ ကလည်း ကူညီ ပေးနိုင်ပါတယ်။ ဥအမျိုးမျိုးကို စားပေးပါ။ ပရိုတင်း ဓာတ်ကြွယ်ဝပြီး ဗီတာမင် အေ၊ အီးနဲ့ ဒီတွေ ပါဝင်ပါတယ်။ ဟင်းနုနယ်ရွက်ဟာ ကြွက်သားတွေကို အကောင်းဆုံးထောက် ပံ့ပေးနိုင်တဲ့ အစိမ်းရောင်အရွက်ပဲဖြစ်ပါ တယ်။
ငါးကြီးဆီနဲ့ အိုမီဂါသရီး၊ အုတ်ဂျုံနဲ့ ဂျုံနဲ့ ပြုလုပ်ထားတဲ့ အစားအစာတွေကို စားပေးပါ။ အစေ့အဆန်တွေမှာ အမျှင်ဓါတ်၊ ပရိုတင်းဓါတ်နဲ့ အိုမီဂါသရီးတွေ ပါဝင်တာကြောင့် သရေစာအဖြစ် စား ပေးလို့ရပါတယ်။ မြေပဲစေ့မှာ အသား ဓာတ်၊ အမျှင်ဓာတ်၊ ဗီတာမင် အီး၊ သွပ်ဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်နဲ့ Polyunsaturated Fats တွေပါဝင်ပြီး သင့်ကြွက်သားဖွံ့ဖြိုးမှုကို အထောက်အ ကူပြုပါတယ်။ အနီရောင်အသား၊ ပန်း ဂေါ်ဖီစိမ်း၊ ခရမ်းချဉ်သီး၊ လိမ္မော်သီး၊ ပန်းသီး၊ မုန်လာဥနီ၊ လက်ဖက်စိမ်းလက် ဖက်ရည်စတာတွေကို မှီဝဲပေးပါ။


By Good Health

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်