အူမကြီး
(Colitis) ရောင်ရမ်းမှု ဝေဒနာ ဖြစ်တဲ့ အခါ ခန္ဓာ ကိုယ်မှ အာဟာရ စုပ်ယူ
နိုင်စွမ်း လျော့ကျ တာကြောင့် အာဟာရချို့တဲ့ နေတတ်ပါတယ်။ ဒီလို မဖြစ်
စေဖို့ ဗီတာမင်၊ သတ္တုဓာတ်များစွာ ပါဝင် တဲ့ အစား အသောက်တွေကို စားပေးဖို့
လိုအပ်သလို စားသောက်တဲ့ အစားအ သောက်တွေကို အလေးထား စောင့်ကြည့် ဖို့လည်း
လိုအပ်ပါတယ်။
(၁) အစားအသောက် အစုံစားပါ
အူမကြီးရောင်ရမ်းတဲ့သူတွေနဲ့ တခြားအူရောဂါ ရှိသူတွေ အနေနဲ့ အာဟာရ တန်ဖိုး လျော့နည်းတဲ့ အစားအစာတွေကို စားမယ့်အစား ဗီတာမင်နဲ့ သတ္တုဓာတ်များစွာ ပါဝင်တဲ့ အစားအသောက်တွေကို စားသင့်ပါတယ်။
(၂) စားသောက်မှုအကြောင်း မှတ်ထားပါ
အူမကြီးရောင်ရမ်းတဲ့ သူတွေမှာ ရောဂါထအောင် လှုံ့ဆော်ပေးနိုင်တဲ့ အ စာတွေက တစ်ဦးနဲ့ တစ်ဦးမှာ မတူညီ ကြပါဘူး။ ဘယ်အစားအသောက်တွေက ကိုယ့်ကို ပြဿနာ ပေးနိုင်တယ်ဆိုတာကို အလွယ်ကူဆုံး သိနိုင်ဖို့ အစားအသောက် ဆိုင်ရာ မှတ်တမ်းတစ်ခုကို ထားရှိပေးပါ။ အဲဒီမှတ်တမ်းထဲမှာ သင်စားသောက်တဲ့ အရာတိုင်းကို ချရေးပြီး အဲဒီနေ့မှာ ဖြစ် လာတဲ့ ဘေးထွက်ဆိုးကျိုးကို မှတ်ထား ပါ။ ဒီမှတ်တမ်းဟာ ဆရာဝန်နဲ့ ပြသတဲ့ အခါမှာ ပြသနိုင်တဲ့ မှတ်တမ်းကောင်း တစ်ခုဖြစ်ပါတယ်။
(၃) ကောင်းကောင်းစားပါ၊
မကြာခဏစားပါ အူမကြီးရောင်ရမ်း တာကြောင့် ခန္ဓာကိုယ်မှ အာဟာရနဲ့ ကယ်လိုရီစုပ်ယူနိုင် စွမ်းလျော့ကျပြီး ကိုယ်အလေးချိန်လျော့ ကျတာနဲ့ အာဟာရချို့တဲ့တာတွေကို ဖြစ် စေနိုင်ပါတယ်။ လူနာတွေက ကယ်လိုရီ များပြီး ပရိုတင်းဓာတ်များစွာ ပါဝင်တဲ့အ စားအသောက်တွေကို စားပေးသင့်ပါ တယ်။ လူအများစုဟာ တစ်နေ့မှာ အ စာသုံးနပ်စားဖို့လိုပြီး ကျန်းမာရေးနဲ့ညီ ညွတ်တဲ့ သရေစာကို သုံးကြိမ်စားပေးမှ သာ အာဟာရပြည့်ဝမှာ ဖြစ်ပါတယ်။
(၄) ဖြည့်စွက်ဆေး မှီဝဲပါ
အစားအသောက်ကနေ ဗီတာမင် နဲ့သတ္တုဓာတ်တွေကို ရရှိနိုင်ပေမယ့် တချို့ လူတွေက အစားအသောက်တွေမှ တချို့ အာဟာရ ဓာတ်တွေကို စုပ်ယူနိုင်စွမ်း လျော့နည်းတာမျိုး ဖြစ်တတ်ပါတယ်။ ဒါ ကြောင့် အူမကြီးရောင်ရမ်းနေသူတွေအ နေနဲ့ အာဟာရဖြည့်စွက်ဆေးကို မှီဝဲဖို့ လိုအပ်ပါတယ်။ အများအားဖြင့် အူမ ကြီးရောင်ရမ်းနေသူအများစုဟာ ဗီတာ မင် B12 နဲ့ သံဓာတ်ဖြည့်စွက်ဆေးကို မှီ ဝဲဖို့ လိုအပ်ပါတယ်။
(၅) ရှောင်သင့်သော အစာများ
အူမကြီး ရောင်ရမ်း နေချိန်မှာ ရောဂါ ကို လှုံ့ဆော်ပေးနိုင်တဲ့ အစားအသောက် တွေ ရှိပါတယ်။ အဲဒီ အစားအသောက် တွေဖြစ်ကြတဲ့ - - အမျှင်ဓာတ်များတဲ့ အစာ (အခွံချွတ် မထားတဲ့ ကောက်နှံစာ၊ သစ်သီး၊ ဟင်း သီးဟင်းရွက်)
- နို့နဲ့ နို့ထွက်ပစ္စည်း
-အဆီများတဲ့ အစားအသောက်
- ကဖင်းဓာတ်
- ကာဗွန်ပါတဲ့ အချိုရည်
-အရက်တွေကို ရှောင်ဖို့ လိုပါတယ်။
(၆) ရေဓာတ်ပြည့်ဝအောင်နေပါ
အူမကြီးရောင်ရမ်းနေသူတွေနဲ့ အူ ရောင်ရမ်းနေသူတွေက ရေကို များများ သောက်ပေးဖို့ လိုပါတယ်။ ဒါမှသာ ရေ ဓာတ်ခန်းခြောက်မှု မဖြစ်အောင် ရှောင် ရှားနိုင်မှာပါ။ ဒါ့အပြင် ကျောက်ကပ် ဝေ ဒနာ၊ သည်းခြေကျောက်တည်တာစတဲ့ နောက်ဆက်တွဲပြဿနာတွေလည်း ကင်း ဝေးမှာ ဖြစ်ပါတယ်။
(၇) လှုံ့ဆော်မှုဖြစ်စေသော အပြောင်းအလဲများကို အလေးထားပါ
ဘယ်အစားအသောက်ကို စားမိရင် အူမကြီး ရောင်ရမ်းတဲ့ ဝေဒနာတွေကို ဖြစ်စေသလဲ၊ ဘယ်လို အခြေအနေတွေ မှာ အူမကြီးရောင်ရမ်းမှုကို လှုံ့ဆော်ပေး နိုင်သလဲ စတဲ့ အခြေအနေတွေကို သိ နားလည်ပြီး အဲဒီလှုံ့ဆော်မှုပေးတဲ့ အရာ တွေကို ရှောင်ရှားဖို့ လိုပါတယ်။
By Good Health

0 comments:
Post a Comment