နှင့် ... လိုက်ခဲ့ မယ်။ | Forum
လပ်ကီး
သြဂုတ် 6 '12
အနော် ငဇူး ပြန်လာပီဗျို့  :D ။
ဒီတစ်ခေါက်လည်း ရွှေကျင်က အပြန် ထုံးစံအတိုင်း ကျွန်တော်မှာ ရေးစရာတွေ အပုံကြီးပါခဲ့ ပါတယ်။
ကဲ…. ခင်ဂျားတို့  သရဲ အကြောင်းပဲ နားထောင်ချင်တာလား?
အနော် ရာဘာခြံ အကြောင်း နားထောင်ချင်တာလား?
ဘာလို့ ဒီလိုမေးရလဲ ဆိုတော့ … ဒီတစ်ခေါက် ရွှေကျင်မှာ သွားပြီး လုပ်တဲ့ အလုပ်မှာ အနော် စိတ်ညစ်စရာတွေ အများကြီး ကြုံခဲ့ ရတယ်ဗျ။ ဒုက္ခတွေလည်း အရမ်းရောက်တယ်။ အဲဒီတော့  ကိုယ်ရဲ့ စိတ်ညစ်စရာတွေကို ကိုယ့် စာဖတ်ပရိသတ်ကို မမျှဝေချင်ဘူးဗျာ။ သက်သက်မဲ့ စိတ်ကို ဒုက္ခပေးသလို ဖြစ်မယ် ထင်တာပဲ။ အစ အဆုံး ပြောပြရရင်လည်း ဇာတ်လမ်းက တော်တော်ရှည်မဲ့ အမျိုးရယ် :D ။ ဒါကြောင့် လိုရင်းနဲ့ တိုရှင်းပဲ ရေးတော့ မယ်ဗျာနော်။
ဒီလိုဗျ… ရွှေကျင်ဘက်မှာက အနော်ခြံ နှစ်ခြံ ရှိတယ်။ ခြေတော်ရွာဘက်မှာ တစ်ခြံရှိတယ်။ ပြီးတော့ .. ခြေတော်ရွာကနေ နာရီဝက်လောက် ဆိုင်ကယ်မောင်းရင် ကျောက်တန်းဆိုတဲ့ ရွာတစ်ရွာ ရှိတယ်။ အဲဒီရွာမှာလည်း ခြံတစ်ခြံရှိတယ်။
အဲဒီကျောက်တန်းခြံက မနှစ်ကမှ ၀ယ်တာ။ အဲဒီကောင်က ဧက (၃၀) ကျယ်တယ်။ သို့ ပေ့ မယ် အဲဒီခြံကို စ၀ယ်တုန်းက အပင်ပါတယ်ဆိုပီး ၀ယ်ဖစ်လိုက်တာ။ ရောင်းတဲ့ ကောင်ကလည်း လည်တယ်။ သူ့ ခြံထဲမှာ တောက လူတစ်ရပ်ကျော်နေတာ။ အဲဒါကို မခုတ်ပဲနဲ့ အထဲမှာ အပင်တွေရှိတယ်ဆိုပီး ရောင်းသွားတာ။ အနော် ဆိုတဲ့ ငတုံးကလည်း ၀ယ်လိုက်မိတယ်ဆိုပါတော့ ဗျာ။ အဲဒီမှာ ၀ယ်ပီး တောခုတ်ပြီးရှင်းလင်းတော့ … အပင်က ၇၀၀ လောက်ပဲ ပါတယ်ဗျာ။
ရှိတဲ့ အပင်ကလည်း ၄ နှစ်၊ ၅ နှစ်သားတွေ ဆိုပေ့ မယ် အပင် ၇၀၀ မှာ ၄၀၀ လောက်ပဲ လုံးပတ်ကြီးတာ။ ကျန်တဲ့ အပင်တွေက လုံးပတ်သေးတယ်။ မသန်မစွမ်းတွေ ဖစ်နေတာ။ အနော်ဆို တော်တော် စိတ်ညစ်သွားတာ။ ပြီးတော့ … အဲဒီခြံကို ၀ယ်တုန်းကလည်း အပင် အဲဒီထက် ပိုပါမယ်လို ယူဆပီး ၀ယ်ခဲ့ တာ။ ရလာတော့ … မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဗျာ။ အဖေဆို အနော့် ကို ဆဲတာ မြင်မကောင်းဘူးရယ်။ အဟုတ်။
အဲဒီတော့ … အပင်တွေ ပြန်ဖာ ( လိုအပ်တဲ့ အပင် ပြန်စိုက်သည်) ရတာပေါ့ဗျာ။ အပင်စိုက်တာကလည်း ဒီလိုတွတ်တယ်ဗျ။ တစ်ဧကကို အပင် 216 ပင်လောက်ဝင်တယ်။ အဲဒီတော့ … ဆယ် ဧက ကို 2160 ပေါ့ဗျာ။ ဒီလိုမျိုးတွတ်တာပေါ့။ အခုဟာက ဧက သုံးဆယ်မှာ အပင် ၇၀၀ ဆိုတော့  သိပ်တော့ မြင်မကောင်းဘူးရယ် ဟီး :D ။
ပြီးတော့ … အဲဒီအပင်တွေ ရှိတဲ့ နေရာက ဟိုးအနောက်မှာ အရှေ့ ပိုင်းမှာက ကျောက်ဖျာတွေ ချည်းပဲဗျ။ ၁၈ ဧက လောက်က ကျောက်ဖျာခံနေလို့ အပင်စိုက်လို့ မရဘူးရယ်။ အနော်လည်း အဲဒီကတည်းက တော်တော် စိတ်ဓါတ်ကျနေတာ။ သို့ ပေ့ မယ်… ကိုယ်လက်ထဲ ရောက်လာပြီးမှ တော့ … ဘယ်လိုလုပ် စိတ်ဓါတ်ကျလို့ ပီးမလဲဗျာ။
ဟုတ်တယ်မလား? ။ ဒီတော့ အဆင်ပြေအောင် ပြန်လုပ်ရတာပေါ့။ ဖာ သင့်တဲ့ အပင်တွေ ပြန်ဖာတယ်။ ပြီးတော့ ကျောက်မရှိတဲ့ မြေကြီး ဘယ်လောက်ရသလဲ လိုက်ကြည့် တယ်။ အသစ်ထပ်စိုက်တယ်။ ဒါတွေ သွားလုပ်ရတယ်။
အဲဒီလို သွားလုပ်ရင်းနဲ့ တစ္ဆေတရဲကလည်း တွေ့ လိုက်တဲ့ အမျိုးဗျာ။ အဟုတ်။ အနော်တစ်ယောက်တည်း ဖြစ်ဖြစ်နေတာ။
ကွက်ကွက်ပြီး အခြောက်ခံနေရတယ်။ ခက်တာက ကိုယ်လည်း ကိုယ့် အပူနဲ့ ကိုယ်ဆိုတော့ … သူတို့ ကို သတိမထားမိဖူးရယ်။ မှတ်မှတ်ရရ အနော် သုံးခါ တိတိ အခြောက်ခံခဲ့ ရတယ်။ ပေါ်တင်ကြီးနော်…။ လုံးဝ ပေါ်တင်ကြီးတွေ။
ပထမဖြစ်ပုံအခြောက်ခံရတာက ဒီလိုဗျ။
အနော်က ရွှေကျင်မြို့ မှာ တည်းတယ်။ အနော့် အိမ်က ခြေတော်ရွာထဲမှာ ရှိတာ။ သို့ ပေ့ မယ် အိမ်မှာ တစ်ယောက်တည်း ဆိုတော့ မနေချင်တာနဲ့ … မောင်နှမတွေ ရှိတဲ့ မြို့ ထဲ အိမ်မှာတည်းတာ။ မနက်ကျရင် မြို့ ထဲက ထွက်လာပြီးတော့ … ခြေတော်ရွာအိမ်မှာ ထမင်းထုပ်တယ်။ ပြီးရင်.. ခြံထဲ ဆက်သွားပေါ့ဗျာ။ ခြံထဲက ပြန်လာရင်လည်း ရွာထဲက အိမ်မှာပဲ ရေမိုးချိုး၊ ထမင်းစား…. ပြီးမှ မြို့ ထဲ ပြန်တယ်။ ဒီလိုမျိုးပေါ့ဗျာ။ တစ်ခါတစ်လေလည်း မြို့ ထဲအိမ်ကို ည အချိန်မတော် 12 နာရီ၊ 1 နာရီမှ ပြန်တာမျိုးလည်း ရှိတယ်။ အဆင်ပြေသလိုပဲဗျာ လစ်တယ်။ :D
မြို့ ထဲကနေ ခြေတော်ရွာကို လာရင်… လမ်းက နှစ်လမ်းရှိတယ်။ တစ်လမ်းက ကျွဲတဲ သင်္ချိုင်းကုန်းကို ဖြတ်ရတယ်။
တစ်လမ်းက ကုတင်တစ်ရာ ဆေးရုံကနေ ပြီးတော့ ဖြတ်ရတယ်။ ကုတင်တစ်ရာ လမ်းက တိုတယ်ဗျာ။ ဒါပေ့ မယ် အလယ်မှာ ရေအိုင်ကြီးရှိတယ်။ အဲဒီရေအိုင်ကြီးကို တံတားထိုးထားတယ်။ အဲဒီမှာလည်း လူတွေ ခဏခဏ သေကြတယ်ဆိုပါတော့ ဗျာ။ သေတာကလည်းဗျာ… တံတားက အရင်တုန်းက လက်ရမ်းမရှိဘူး။ ဆိုင်ကယ်တွေလည်း ဖြတ်နေကြတာပါပဲ… အဲဒီအပေါ်မှာ။ သို့ ပေ့ မယ် ဆိုင်ကယ်သမားပဲ သောက်သုံးမကျတာလား? တံတားကပဲ လူစားတာလား ဆိုတာ အနော်တော့ မပြောတတ်ဝူး။ လူတော့ ခဏခဏ သေတယ်။ သေတိုင်းလည်း အဲဒီတံတားပေါ်ကို ဆိုင်ကယ်နဲ့ ဖြတ်ရင်း ဆိုင်ကယ်လည်း ရေထဲကျ လူလည်း ရေထဲကျ။ ဆိုင်ကယ်လည်း ပြန်ရတယ်။ လူလည်း ပြန်၇တယ်။
သို့ ပေ့ မယ် လူက အသက်မပါတော့ ဘူး :D ။ အခုနောက်ပိုင်းတော့ လက်ရန်းတတ်လိုက်သဗျ။ ဒီတော့ … အဲဒီနှစ်လမ်းလုံးက ဘယ်လမ်းက သွားသွား အခန့် မသင့်ရင် သူ မသာ၊ ကိုယ် အသုဘကြီးပဲ :D ။ သို့ ပေ့ မယ် ကုတင်တစ်ရာလမ်းက လမ်းကောင်းတယ်။ ဒီတော့ အနော်က အဲဒီလမ်းက သွားဖြစ်တယ်ဆိုပါတော့ ဗျာ။
တစ်နေ့ လည်းကျေ၇ာ… အနော် အဲဒီလမ်းက ည ၁ နာရီလောက်မှာ ပြန်တယ်။ ဖြစ်ချင်တော့ … လူကတော်တော် စိတ်ညစ်နေတာဗျ။ ခြံထဲမှာ မန်နေဂျာ (အနော် အဘိုး) က အလုပ်ချိန်မှာ အရက်မူးပြီး အနော်ကို ရစ်တယ်။ ပြီးတော့ မလုပ်တော့ ဘူးဆိုပြီး အလုပ်ထွက်သွားတယ်။ ရိုးရိုးထွက်သွားတာမဟုတ်ဝူးနော် … ခြံထဲမှာ ရေအိုးတွေ ဘာတွေတောင် ရိုက်ခွဲပြီး ထွက်သွားတာ။ အနော်ဆို ဒီဘိုးတော်ကို အခုထိ စိတ်နာတုန်း။ ဖြစ်ချင်တော့ … ခြံကလည်း တော်တော်လေးကို အရေးကြီးနေတဲ့ အချိန်။ အလုပ်တွေကလည်း အများကြီး သူနဲ့ အနော်နဲ့ နှစ်ယောက်လက်တွဲပြီး တောတိုးနေရတာ။ အလုပ်တွေကို သူတစ်ဖက်တာဝန်ယူ။ အနော်တစ်ဖက်တာဝန်ယူလုပ်နေရတဲ့ အချိန်ပေါ့ဗျာ။ အဲဒီအချိန်မှာ ဒီဘိုးတော်က ဒီလိုလုပ်သွားတယ်။ အနော်လည်း တော်တော် စိတ်ညစ်သွားတယ်။ ကိုယ်တစ်ယောက်တည်း ဘာဆက်လုပ်ရမယ်မှန်းကို မသိဘူးရယ်။ အဲဒါတွေကြောင့် စိတ်ညစ်ပြီး… ၇ွာထဲမှာ နေပြီး နောက်တစ်နေ့ လုပ်ရမဲ့ အလုပ် အစီအစဉ်တွေကို စဉ်းစားတယ်။ ပြီးတော့ မှ မြို့ ထဲ ပြန်ဖစ်ခဲ့ တယ်။
ဆိုင်ကယ်ကိုတော့ ဖြည်းဖြည်းလေး မောင်းလာဖြစ်ခဲ့ တယ်။ ပြီးတော့ လမ်းက မှောင်တယ်လေ။ ဆိုင်ကယ်မီးလေးထိုးပြီး လမ်းကို မနဲ ပြူးပြဲကြည့် ပြီး မောင်းနေရတာ။ ဒီလိုနဲ့ … ရွာထဲက အထွက် ကုတင်တရာလမ်းကို ကွေ့ တဲ့ နေရာကို ရောက်လာတယ်။ အဲဒီနေရာလည်း ရောက်ရော… စစ်စိမ်းရောင်ဝတ်ထားတဲ့ လူတစ်ယောက်ကို တွေ့ တယ်ဗျ။
ဒီလူကလည်းဗျာ ညအမှောင်ကြီးထဲမှာ မြို့ ဘက်ကို ဦးတည်ပြီး အဲဒီလမ်းကနေ လမ်းလျှောက်နေတယ်။ အနော်ကလည်း မြို့ ထဲဘက်ကို ဦးတည်လျက်ဆိုတော့ … သူ့ ကို ကျောပဲ လှမ်းမြင်၇တယ်။
ဒီလိုလူပြတ်တဲ့ လမ်းမှာ လူတွေ့ လိုက်တယ်ဆိုတော့ … အနော်လည်း တော်တော်ပျော်သွားတယ်။ ဟုတ်တယ်လေဗျာ။ ဒီလမ်းအကြောင်း ကိုယ်က အစကတည်းက သိတယ်။ ကိုယ်က ကံမြင့်နေတဲ့ အချိန်ဆို ပြသနာမရှိဘူးရယ်။ ကံနိမ့် နေတဲ့ အချိန်ဆို မတွေးရဲဝူး။ သို့ ပေ့ မယ် ကံက မြင့်နေသလား? နိမ့် နေသလား ကိုယ်ကလည်း မတိဝူး :D ဟီး။ ဒီတော့ .. ဒီလို အဖော်တစ်ယောက်တွေ့ တော့ … ပျော်တာပေါ့။ အနော်က အဲဒါနဲ့ … သူ့ နားကို ဆိုင်ကယ်ကို မောင်းသွားလိုက်ပီး…
“အကို ဘယ်လဲ” …. ဆိုတော့ … သူက အနော်ကို မကြည့် ဝူးနော်။ ရှေ့ ကိုပဲ ခေါင်းငုံ့ ပြီး လျှောက်နေတာ။ အဲဒီလို လျှောက်ရင်းနဲ့ ပဲ… တိုတို တုတ်တုတ် ဖြေတယ်ဗျ။ “ရှေ့ နား” တဲ့ ။
အနော်လည်း တော်တော် ညစ်သွားတယ်။ အမှန်က သူ့ မြို့ ထဲသွားမယ်ဆို အဖော်ရတယ်ဆိုပြီး တင်သွားမလို့ ပါ။
အခုတော့ … ဘဲကြီးက ရှေ့ နားတဲ့ ။ တေယော :D ။ အဲဒါနဲ့ .. ထပ်မေးမိတယ်ဗျာ။
“ရှေ့ နားဆိုတော့ … တံတားအကျော်လား အကို? အကျော်ဆိုရင် လမ်းမလျှောက်နေနဲ့ အနော်နဲ့ လိုက်ခဲ့ လို့ ရတယ်” ဆိုပြီးလေ။ အမှန်က အမျိုးတွေလည်း အနော်ကို ခဏခဏ သတိပေးတယ်။ ခြံထဲသွားတဲ့ လမ်းတစ်လျှောက် ကိုယ်နဲ့ မသိရင် ဆိုင်ကယ်နောက်မှာ မတင်နဲ့ တဲ့ ။ တစ်စိမ်းဆိုတာ အန္တရာယ်ပေးတတ်တယ်ဆိုပြီးလေ။ သို့ ပေ့ မယ်ဗျာ။ အနော်က အဲဒီတံတားကို တစ်ယောက်တည်း သိပ်မဖြတ်ချင်ဘူးဗျ။ ဖြတ်ရင်လည်း ဆိုင်ကယ်ကို မိုင်ကုန်လွှတ်တာ။
အဲဒီတစ်ချက် သတိထားရတယ်။ ကိုယ်က ကြောက်လို့ မိုင်ကုန်တင်ခါမှ သေမှာ :D ။ တံတားလမ်းက အကွေ့ အကောက်များတယ်။ ချိုင့်တွေ ပလုံးတွေနဲ့ ရယ် :D လွယ်ဝူး။ သို့ ပေ့ မယ် တင်တာပါပဲဗျာ။ ထားပါတော့ အဲဒါ။
အဲဒါနဲ့ အနော်က ဒီလိုမေးတော့ … အဲဒီစစ်စိမ်းရောင် ၀တ်စုံနဲ့ လူက ရယ်တယ်ဗျ။ သူ ရယ်သံကလည်း တစ်မျိုးပဲ။
ပြီးတော့  “ဟဲ ဟဲ… သွားနှင့် လိုက်ခဲ့ မယ်” ဆိုပြီး ပြောလာတယ်ဗျ။
အနော်လည်း အဲဒီတော့ မှ သဘောပေါက်တော့ တယ်။ ဒီဘဲ သောက်ရူးပဲဗျ။ အရူးကြီး။ ဘယ်နှယ့် … အနော်က ဆိုင်ကယ်နဲ့ … သွားတာ။ သူက လမ်းလျှောက်။ အဲဒါကိုများ လိုက်ခဲ့ မယ် ဖစ်၇သေးတယ်။ လူကလည်း ခပ်ချဉ်ချဉ် ရှိလာတာနဲ့ …. “အေးပေါ့ဗျာ။ မှီရင်တော့ လိုက်ခဲ့ ပေါ့” ဆိုပြီး မောင်းထွက်လာခဲ့ တယ်။ စိတ်ထဲကလည်း တွေးနေသေးတယ်။ “အော်! ငါ့နှယ့် ငဇူး သောက်ရူး အကြောက်လွန်ပြီး အရူးကို အဖော်ခေါ်နေတယ်” ဆိုပြီးလေ။
လမ်းကလည်း သောက်တစ်လွဲလမ်းဗျာ။ တံတားကို ရောက်ဖို့ ကို မြန်မာအက္ခရာ “လ” ပုံစံတွေ ကွေ့ ဝှိုက်နေရတယ်။
ပြီးတော့ …တံတားပေါ်ကိုလည်း အကွေ့ အတိုင်းကြီး တတ်သွားတာ။ အဟုတ်၊ မိုးရွာရင် တော်တော် တိုင်ပတ်တဲ့ လမ်း။
အနော်ကလည်း အရင်ကသာ… အဲဒီနေရာကို မိုင်ကုန်သုတ်တာ။ အခုတော့ … အနောက်မှာလည်း လူတစ်ယောက် ရှိသေးတာပဲ။ လမ်းလူမပြတ်သေးပါဘူး ဆိုပြီး အေးဆေးပဲ မောင်းလာလိုက်တယ်။ အဲဒီလို လာရင်းနဲ့ .. တံတားနားကို မရောက်ရင် ကွေ့ တစ်ခုမှာ ဆိုင်ကယ်မီးရောင်နဲ့ လူတစ်ယောက်ထပ်တွေ့ တယ်ဗျ။ သို့ ပေ့ မယ်… အဲဒီလူက စစ်စိမ်းရောင်နဲ့ ပဲ။ ခုန လူပဲ။ အနော် တော်တော် လန့် သွားတယ်။ အဲဒီအချိန်မှာ အနော် ကြက်သီးတွေ ထတာများဗျာ။
ပြောမနေပါနဲ့ တော့ ။ ခေါင်းတောင် ကြီးလာသလား အောက်မေ့ ရတယ်။ အနော် သိလိုက်တယ်။ ဒါဘယ်နည်းနဲ့ မှ လူမဖြစ်နိုင်ဘူးဆိုတာလေ။ သို့ ပေ့ မယ် အဲဒီအချိန်မှာ အနော်ဆိုင်ကယ်က သူ့ ဘေးရောက်နေပီဗျ။ အနော်ကလည်း လုံးဝ သောက်မှတ် မရှိဘူး။ အဲဒီလူမှ ဟုတ်ရဲ့ လားလို့ သေသေချာချာ ကို ခေါင်းစောင်းကြည့် မိတယ်။ လမ်းဝမှာတွေ့ ခဲ့ တဲ့ လူလုံးဝ သေချာပါတယ်ဗျာ။ အစစ်မှ တကယ့် အစစ်။ အဲဒီလို စောင်းကြည့် တဲ့ အချိန်မှာ အဲဒီလူက ခေါင်းငုံ့ ရင်း တန်းလန်းနဲ့ ပဲနော်… ရီပလိုက်တယ်ဗျ။ “ဟဲ…ဟဲ..ဟဲ” ဆိုပြီးလေ။
အနော်ဗျာ။ “အ….ယိုး….မ ….. ” လို့ အော်ဆဲပြီး ဆိုင်ကယ်ကို မှိုင်ကုန်သုတ်တာ။ ပြောမနေပါနဲ့ တော့ ဗျာ။ အဟုတ်…လူကလေ ခေါင်းပဲ ကွက်ပြီး ကြီးနေသလား မှတ်ရတယ်။ ပြီးတော့ … တစ်ကိုယ်လုံးလည်း ချွေးတွေ စို့ လာတယ်။ အဲဒီလိုအော်ဆဲပြီး အနော် အသားကုန်ဆိုင်ကယ်မောင်းသွားလဲ… အဲဒီလူက အေးဆေးလမ်းလျှောက်လာတာပဲဗျ။
အဲဒီလို မောင်းလာရင်းနဲ့ … တံတားပေါ်ကို ရောက်ခါနီးမှ ဒီလူကို ထပ်တွေ့ ရတယ်။ ဒီလူက တံတားလက်ရန်းပေါ်မှာဗျာ။
မသာကြီးက မတ်တပ်ကြီးရယ်။ ရေထဲကို ဒိုင်ဗစ် ပစ်တော့ မဲ့ ပုံစံနဲ့ ။ အဲဒီအချိန်မှာ အနော်လည်း တံတားကို ဖြတ်သင့်၊ မဖြတ်သင့် စဉ်းစားလိုက်ရတယ်။ ဆိုင်ကယ်ကလည်း အကြောက်လွန်ပြီး ဇွတ် မောင်းချလာတော့ … အရှိန်ထိမ်းလိုက်တာနဲ့ … မှောက်မှာ။ အနော်ဆိုင်ကယ်က ခါးဘွတ်ချောင်နေတယ်။ ဒီတော့ ဂီယာချိန်းပြီး နောက်ဘရိတ်နင်းရင်တောင် နောက်ဘီးက ခါပီး လိုက်တယ်။ ရှေ့ မှာကလည်း တံတားဘောင်။ အဲဒီသောက် တံတားက ပျဉ်ပြားတွေကလည်း မြေကြီးကနေ ဆိုင်ကယ်ဘီးတစ်ခါတတ်တိုင်း “ဒုတ်” ခနဲ တစ်ခါ မြည်တယ်။ ရုပ်ပေါက်ချက်ဗျာ။
မြေနဲ့ တံတား နဲ့ က ခြောက်လက်မလောက် ကွာနေသလား မှတ်ရ။ အဲဒီလို အခြေအနေမျိုးမှာ ဘရိတ်အုပ်ရင်လည်း သေမဲ့ အတူတူ မထူးပါဝူး ဆိုပြီး တံတားပေါ်ကိုပဲ ဂရုစိုက်ပြီး ပြေးတတ်လိုက်ရတယ်။ အနော် တံတားပေါ်လည်းရောက်ရော…. ဒီလူက “၀ုန်း” ခနဲ ဆိုပြီး ရေထဲ ထိုးဆင်းသွားတာနော်။ သို့ ပေ့ မယ်ဗျာ… သိလား။ သောက်ရမ်း အံ့ သြဖို့ ကောင်းတယ်။ ရေပြင်က လုံးဝ မလှုပ်သွားဘူး။ သို့ ပေ့ သော်ငြား… “ဗွမ်း” ခနဲ ဆိုတဲ့ … ရေသံတော့ နားနဲ့ ဆတ်ဆတ်ကြားလိုက်ရတယ်ဗျာ။ အနော်လေ ကြောက်လန့် ပြီး အော်ဆဲ ပစ်တာ မြင်မကောင်းဘူးရယ်… အဟုတ်။
“အယိုးမတွေယော… ဘာတွေယော” စုံစိနေအောင်တော့ တုတ်ပလိုက်တယ်။ ဟီး :D ။
ကံကောင်းချင်တာတစ်ခုက အဲဒီလိုတွေသာ မြင်ရ၊ တွေ့ ရပြီး အနော် သေမတတ်လန့် သွားတာတောင် တံတားကိုတော့ အောင်မြင်စွာ ကျော်ဖြတ်နိုင်လိုက်တယ်ဗျာ။ လူတော့ ဘာမှ မဖစ်သွားဘူး။ ဆိုင်ကယ်က “ဂီး” “ဂီး” ဆိုပြီး ဂီယာ ထမ်းတဲ့ ပုံစံတွေလည်း မဖြစ်ဘူး။ အဲဒါနဲ့ အနော် လှိမ့် သုတ်လာတာ။ အဲဒီတံတားကျော်ရင် ကုတင်တစ်ရာ ကုန်းတတ်ကြီးရှိတယ်ဗျာ။ ကုန်းတတ်ဆိုလို့ … ပြေ ပြေ ပြစ်ပြစ်လို့ တော့ မထင်လိုက်လေနဲ့ ။ ခဲ ကြမ်းဗျာ။ ဒီကြားထဲ အတတ်ရဲ့ တစ်ဝက်လောက်မှာ ရေဆင်းမြောင်းတွေ ခံနေသေးတယ်။ အနော်လည်း အဲဒါတွေ ဂရုမစိုက်နိုင်ပါဘူး။
“၀ုန်း” “ဒိုင်း” “ဂလုံး” “ဂလွမ်း” နဲ့ နေအောင် သုတ်တာ။
အဲဒီလိုဖြစ်ခဲ့ ပြီးနောက် မြို့ ထဲ အိမ်ရောက်တော့ … အိမ်ထဲကို ရုတ်တရပ်မ၀င်ရဲသေးဘူး။ ဟုတ်တယ်လေ။ အဲဒီလိုဖြစ်လာပြီး ဇွတ်ဝင်ရင် အဲဒီဝိဥာဉ်က ကိုယ်နဲ့ ကပ်လာရင် အိမ်မှာပါ မွှေမှာ။ အဲဒါနဲ့ အမတွေကို အော်နိုးပြီး…
“ဆားနဲ့ ရေတစ်ခွက်ယူခဲ့ ပါ” လမ်းမက ပြောရတယ်။ သူတို့ ကလည်း အနော် ပြန်မလာသေးလို့ ဘာဖစ်နေလဲ မသိဘူး ဆိုပြီး စောင့်နေကြတာ။ အနော်ကိုတွေ့ တော့ .. သူတို့ တောင် အန်းသွားတယ်။ တစ်ကိုယ်လုံးချွေးတွေ နှစ်နေတာ။
အဲဒါ သူတို့ ပေးတဲ့ … ဆားကို နည်းနည်းစားပြီး ရေခွက်ထဲက ရေနဲ့ ကိုယ်ခန္ဓာအနှံ့  ဟိုနည်းနည်း၊ ဒီနည်းနည်း လျှောက်တောက်လိုက်ရတယ်။ ပြီးတော့ မှ… အိမ်ထဲဝင်လိုက်ရတယ်။
အမတွေက မေးနေတာ… ဘာဖစ်လာတာလဲဆိုပြီးလေ။ အနော်က မနက်မှ ပြောမယ်ဟာ… ဆိုပြီး ဘုရားတွေဘာတွေ ရှီခိုးပြီး အိပ်ပလိုက်ရတယ်။ လူက တော်တော်နဲ့ အိပ်မပျော်ဖူးဗျာ။ အိပ်ယာပေါ်မှာဗျာ ပက်လက်ကြီးလှန်ပြီး ရင်တွေကလည်း တစ်လှပ်လှပ်နဲ့ ဖစ်နေတာ။ ပြီးတော့ သတိက ရတစ်ချက်၊ မရတစ်ချက်ဗျာ။ အဲဒါကိုလည်း ကိုယ့် ကို ကိုယ် သတိထားမိတယ်နော်။ အဲဒါနောက်ဆုံး မဖစ်တော့ ပါဘူးဆိုပြီး အနော် အဒေါ်ကို လှမ်းခေါ်ရတယ်။ Oriya လိုမျိုး “အဒေါ်” ကို “မိုင်း” လို့ ခေါ်တယ်ဗျ။ သူက အဲဒါနည်းနည်းပါးပါးရတယ်။ အဲဒါနဲ့ .. “မိုင်းရေ… ခဏလေး၊ ခဏလေး” ဆိုပြီး ခေါ်လိုက်ရတယ်။ သူတို့ က လူကြီးတွေလေ။ ဆယ်နာရီလောက်ဆို အိပ်ပီ။ အနော်ကသာ အချိန်မတော်ကြီး အိမ်ပြန်လာတာ။ အဲဒါ အနော် ခေါ်သံကြာတော့ အဒေါ်က ရောက်လာပြီး “ငဇူး ဘာဖစ်သလဲမေးတယ်” အနော်လည်း ဒီလို၊ ဒီလိုပဲ ဆိုပြီး ပြောပြလိုက်တယ်။ အဲဒီမှာသူက အနော်ကို “နင်ဟယ်။ သောက်ပြသနာပဲ အဲဒါ လိပ်ပြာလွှင့်ချင်နေတာ” ဆိုပြီး။ ရေမန်းတွေ ဘာတွေ တိုက်တယ်ဗျာ။ ပြီးတော့ … ဘုရားစင်ပေါ်က ပန်းတွေကို အိပ်ယာထဲမှာ ဟို နည်းနည်း၊ ဒီနည်းနည်း ချပေးတယ်။ ပီးတော့ အိပ်ခိုင်းလိုက်တယ်။ လူကဗျာ… အဲဒီတော့ မှ အိပ်ပျော်တော်မူတယ်။
မနက်မိုးလင်းတော့ … လူက လန်းလန်းဆန်းဆန်းပါပဲ နိုးလာတယ်။ ညီအကိုတွေ၊ အမတွေကလည်း မနေ့ ညက အကြောင်း အဒေါ်ပြောပြလို့ သိပြီးသွားပြီဗျာ။ အဲဒါ အနော် မျက်နှစ်သစ်ဖို့ အသွား “ကိုဇူး… ညက ဘယ်လိုဖစ်တာလဲ” ဘာညာနဲ့ လာမေးနေကြတယ်။ အနော်လည်း မျက်နှာမသစ်၇သေးဘူး။ သူတို့ … မေးတာကို သွားတိုက်တံကြီး ကိုင်ပြီး ဖြေရှင်းနေရတာနဲ့ … နေ့ လည်ဖစ်သွားတာပါပဲဗျာ :D ။ အဒေါ်ကတော့ … ပြောပါတယ်။
“အဲဒီကောင် ညက သေမလို့ ။ အသိမြန်ပေလို့ ပေါ့။ မဟုတ်ရင် မနက်ကျရင် အသက်ရှီပါ့မလား မသိဘူး။ အဲဒါကြောင့် ညမိုးချုပ်တဲ့ အထိ အပြင်မှာ မနေနဲ့ လို့ ပြောတာပေါ့။ နင်တို့ ရွှေကျင်မြို့ ကို ဘာထင်နေလဲ” ဘာညာနဲ့ ပွားနေတယ်။
အနော်တို့ ကလည်း အနော်တို့ ပဲဗျာ။ တစ်ခါတစ်လေဆို… ည ၁ ချက် ၂ ချက်လောက်ကျမှ ရွှေကျင်ဘုရားကြီးကို ညီအကိုတွေ စုပြီး သွားချင်သွားတာ :D ။ အဲဒီလိုဆိုတော့ …အဒေါ်တုတ်လည်း တုတ်ချင်စရာပေါ့ဗျာ။
အဲဒီကတည်းကအနော် အဲဒီလမ်းက ဘယ်တော့ မှ မဖြတ်တော့ ဘူးဗျ။ မိုးချုပ်ရင် ပြောပါတယ်။ သင်္ချိုင်းကုန်းလမ်းကလည်း မပြန်ချင်တော့ ။ ညဆို ရှစ်နာရီလောက် မြို့ ထဲ အရောက်ပြန်လိုက်ရတယ်။
ဒါလေးကတော့ … ရွှေကျင်မြို့ ကို ရောက်ရောက်ခြင်း များမကြာမှီ အနော် တွေ့ ကြုံခဲ့ တဲ့ အဖစ်အပျက်လေးပါခင်ဗျ။

0 comments:
Post a Comment