အချိန်က၂၀၀၂ခုနှစ်၊ မေလ။ ကျမတို့ ရန်ကုန်အိမ်ကို မန္တလေးကနေ
အမေ့ညီမ၀မ်းကွဲ အလည်ရောက်လာသည်။ ရန်ကုန်မြို.ရဲ.အပူဒဏ်ကိုစကားဖွဲ.ရင်း
စကားက ပြင်ဦးလွင်မြို.အကြောင်းရောက်သွားရင်း ၊အမေ့ညီမ၀မ်းကွဲက
စပြောလာသည်။ ဒီလိုချိန်ဆို ပြင်ဦးလွင်ကနေလို.ကောင်းသည်ဟု။ ဒီနေရာမှာ
တစ်ခုလောက် စကားရှည်လိုက်ဦးမယ်နော် ။ အမေ့ညီမ၀မ်းကွဲက
အိမ်ထောင်မပြုသေးတဲ့ အပျိုကြီးလေ။ အသက်က လေးဆယ်ကျော်ကျော်၊ ဒါပေမယ့် အဒေါ်က
ခေတ်ဆန်သည်။ ဆံပင်ကလည်း ခေတ်ပေါ်ကောက်သည်၊ တိုသည်။ ခရီးသွား
အလွန်ဝါသနာပါသည်။ ပျော်တတ်သည်။ လူငယ်တွေနှင့် ပိုရင်းနှီးတတ်သည်။ အဲဒီတော့
အမေ့ညီမ၀မ်းကွဲလို့ ရေး..ရေးနေရင် စာရှည်မည်ဖြစ်သဖြင့်
သူကိုအဒေါ်လို.ပဲသုံးနှုန်းလိုက်မယ်နော်............။
ကျမကလည်း ခရီးသွားအလွန်ဝါသနာပါသူဖြစ်တော့ အဒေါ်နဲ့ အတိုင်အဖေါက် ညီသွားသည်။ အမေကလည်း သွားချင်လည်းသွာလေဆိုတော့ ဒိုးပြီပေါ့ နှစ်ယောက်သား။ ရန်ကုန်ကနေ မန္တလေး။ ၊အဒေါ်တို့အိမ်မှာ တစ်ညအိပ်ပြီး နောက်ရက်ကိုတော့ ပြင်ဦးလွင်ကိုတက်ခဲ့တော့တယ်။မနက်စောစောထွက်ခဲ့တော့ ဆယ်နာရီကျော်ကျော်လောက် ပြင်ဦးလွင်ကို ရောက်သွားတယ်။
တူဝရီးနှစ်ယောက်တိုင်ပင်ထားတာ သုံးညအိပ်မယ်ပေါ့။ စိတ်တိုင်းကျ လည်မယ်၊ ပတ်မယ်၊ စားမယ်သောက်မယ် ဆိုတော့ အဒေါ်က ဟိုတယ်မှာတည်းမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ပြင်ဦးလွင်မှာ အမျိုးတော့ မရှိပါဘူး။ ဒါပေမယ့် အဒေါ်ရဲ့ သူငယ်ချင်းတွေရှိတယ်။ ထားပါ...။ ဒါနဲ့ ဟိုတယ်ရှေ့ ရောက်လာကြတယ်။ ဟိုတယ်ရှေ.မှာ ကားပေါ်ကဆင်းရင်း အဒေါ်က ဟိုတယ်နဲ့ ကပ်လျက်နှစ်ထပ်အိမ်လေးတစ်လုံးကို ပြတယ်။ "အဲ့ဒါ ငါ့သူငယ်ချင်းအိမ်" တဲ့။ ကြည့်လိုက်တော့ အိမ်က အောက်က အုတ်နံရံဖြစ်ပြီး အပေါ်ထပ်က ပျဉ်ကာသွပ်မိုးအိမ်လေးပါ။ ဟိုတယ်နာမည်တော့ ထည့်မပြောတော့ဘူးနော်။ ဟိုတယ်က သိပ်မကြီးဘူး။ သန့်လည်း သန့်တယ်။ သုံးထပ်လို့တော့ ထင်တာပဲ။ အောက်ထပ်မှာတော့ အခန်းမရှိဘူးထင်တယ်။ ဧည့်ခန်းနဲ့ ရုံးခန်းကောင်တာ အကြီးကြီး တစ်လုံးပဲရှိတယ်။ ဟိုတယ်ရဲ့ အလယ်မှာ လှေကားပေါ့။ လှေကားရဲ. ညာဘက်မှာလည်း အခန်းတွေရှိတယ်။ ဘယ်ဘက်မှာလည်း အခန်းတွေရှိတယ်။ ကျမတို့ရတဲ့ အခန်းက လှေကားကနေတက်သွားရင် ဘယ်ဘက်ခြမ်းလှေကားနဲ့ ကပ်လျက်အခန်းရဲ့ ဘေးခန်း။ အခန်းတံခါးပေါက်က ကုတင်နှစ်လုံးရဲ့ ခြေရင်းမှာ။ ကုတင်ကလည်း ဟိုဘက်နံရံနဲ့ ကပ်လျက်တစ်လုံး၊ ဒီဘက်နံရံနဲ့ ကပ်လျက်တစ်လုံး။ ကုတင်နှစ်လုံးရဲ. ခေါင်းရင်းအလယ်မှာ စားပွဲအသေးစားတစ်လုံး၊ ပြူတင်းပေါက်တခုလည်းရှိတယ်။ အခန်းထဲဝင်လိုက်ရင် ညာဘက်က ကုတင်ကို အဒေါ်ယူလိုက်တယ်၊ ဘယ်ဘက်က ကုတင်ကတော့ ကျမယူလိုက်တယ်၊ အဒေါ်၇ဲ့ ကုတင်ခြေရင်းမှာ အ၀တ်ထည့်တဲ့ ဗီဒိုတစ်လုံးရှိတယ်၊ ကျမကုတင်ခြေရင်းမှာတော့ ရေချိုးခန်း၊အိမ်သာဝင်တဲ့ တံခါးပေါ့။
ဖြစ်ချင်တော့ ကျမကုတင်က ရေချိုးခန်းနဲ့ကပ်လျက်၊ နံရံတစ်ခုပဲခြားတယ်။ ကဲ ဒါနဲ့ ကျမလည်း အခန်းထဲရောက်ရောက်ချင်းပဲ ဆီးသွားချင်လွန်းလို့ ရေချိုးခန်းထဲ ၀င်ခဲ့တယ် ။ အဒေါ်ကတော့ တံခါးပိတ်ရင်း အထုပ်အပိုးတွေ နေရာချနေခဲ.တယ်။ ကျမ ရေချိုးခန်းထဲဝင်လိုက်ရင်း သတိထားမိတာက ရေချိုးခန်းက မီးထွန်းထားရဲ့သားနဲ့ကို မှောင်နေသလိုလိုပဲ၊ ပြူတင်းပေါက်လည်း မရှိဘူး။ ဆီးသွားနေတုန်း ဗြုန်းဆို မီးပျက်သွားပါလေရော။ ၊နဲနဲလန့်သွားတယ် ဘာလို့လည်း ဆိုတော့ ဘာဆို ဘာမှကို မမြင်ရတော့လို့လေ။ အဒေါ့်ကို လှမ်းအော်ရတယ်။ တံခါးလေး နည်းနည်း ဟ ထားပေးဖို.လေ။ ဒါနဲ့ ကိစ္စမြန်မြန်ပြီးပြီး ထွက်လာရတယ်။ဒါကတော့ သူက ကျမကို စတင်ပြီး မိတ်ဆက်လိုက်တာပဲဆိုတာ ကျမ နောက်တော့မှ သိမှာပါ။ နောက်တော့ ကျမတို့လည်း ဟိုတယ်ကနေ အပြင်ထွက်ခဲ့ကြတယ်။
နေ့လည်စာ စားပြီး ကန်တော်ကြီးထဲသွား၊ ညနေ တော်တော် နေစောင်းမှ ကန်တော်ကြီးထဲကထွက်ခဲ.တယ်ညနေစာစားကြတယ် ကြုံတုန်းပြောရဦးမယ်။ ပြင်ဦးလွင်က မလိုင်နဲ့ နံပြားကလည်း သိပ်စားကောင်းတာပဲ.....။ စားပြီး ဈေးဘက်သွား၊ ဟိုကြည့် ဒီကြည့်နဲ့ သွားနေ၇င်း ရုပ်ရှင်ရုံရှေ.ရောက်တော့ အဒေါ်ကရုပ်ရှင် ကြည့်ရအောင်တဲ့။ ဒါနဲ့ ကြည့်ဖြစ်သွားရော။ ညရှစ်ခွဲကားပေါ့။ ရုပ်ရှင်ရုံကနေပြန်ထွက်လာတော့ ညဆယ့်တစ်နာရီလောက်တော့ ရှိနေပြီ၊ ဒါနဲ့ လက်ဖက်ရည်ဆိုင်မှာပဲ ညစာအနေနဲ့ ပလာတာ၊ နံပြားနဲ့ နှစ်ပါးသွားလိုက်ရတော့တယ်။ လူကလည်း အရမ်းကိုပင်ပန်းနေပြီလေ။ ပြောရရင်တော့ ခြေထောက်တွေက မသယ်ချင်တော့လောက်အောင် ညောင်းနေပြီး။ ဟိုတယ်က နီးနီးလေးဆိုပြီး ထပ်လမ်းလျှောက်ရပြန်ရော။ အဒေါ်က သူ့ သူငယ်ချင်းအိမ်ရှေ.က ဖြတ်လာရင်း အခုတော့ နောက်ကျနေပြီ၊ မနက်ဖြန်မှသွားတွေ့မယ်ဆိုပြီး ပြောရင်း ဟိုတယ်ပေါ်တက်ခဲ.ကြတယ်....။
အခန်းထဲရောက်တော့ .နှစ်ယောက်သား အ၀တ်လဲ၊ ခြေလက်ဆေးရင်း အိပ်ယာထဲ ကိုယ်ဆီဝင်ခဲ့ကြလေရဲ.။ မီးချောင်းကြီးတော့ ဒီတိုင်းပဲ ထွန်းထားလိုက်တယ်။ စောင်ထဲကွေးရင်း အဲယားကွန်းလေးနဲ့ ဇီမ်ပဲလို့ တွေးနေရင်း မှေးခနဲလိုလိုဖြစ်သွားတုန်းမှာ နံရံကို လက်နဲ့ ပုတ်နေတဲ့ အသံကြောင့် နိုးသွားရင်း အသံကို နားစွင့်နေတော့ မကြားရတော့ဘူး..။ ဒါနဲ.ပြန်ပြီး မှေးခနဲ အိပ်ပျော်သလိုလိုရှိတုန်း ကျမအိပ်နေတဲ့ ကုတင်ကြီးက တဖြည်းဖြည်း စောင်းသွားပြီး ကျမပြုတ်ကျတော့မလို ကုတင်ပေါ်ကနေ လျှောကျတော့မလိုဖြစ်ရင်း ကျမရုပ်တရက်လန့်နိုးသွားတော့ ကြည့်လိုက်တော့ ပုံမပျက် ကျမ ခုနက အိပ်နေတဲ့ အတိုင်းပဲ၊ အိမ်မက်ပဲနေမှာပါလို့ တွေးရင်း ဆက်အိပ်ဖို့ ကြိုးစားရင်း တခါ မှေးကနဲ အိပ်ပျာ်မလိုလိုရှိတုန်း ကျမကိုယ်ပေါ်က စောင်ကို ခြေရင်းကနေ တဖြည်းဖြည်း ဆွဲယူနေပြန်ရော။ အ၇မ်း အိပ်ခြင်နေလို့ဆိုပေမယ့် အသိလည်း နည်းနည်း ရှိနေသလိုပါပဲ။ စောင်ကိုဆွဲနေတုန်းပဲ ထကြည့်လိုက်တော့ စောင်က နဂိုခြုံထားရက်အတိုင်းပဲ။ ဒါနဲ့ ပြန်အိပ်ရင်း စောင့်ကြည်နေတာ ဘာမှထပ်မဖြစ်တော့တာနဲ့ ဆက်အိပ်ပြန်ပါရော။ အိပ်ပျော်လုဆဲဆဲ ကျမခေါင်းရင်းကနေ ကုတင်ကို မပြန်ရော..။ ကျမတဖြည်း ဖြည်း ခြေရင်းပိုင်းကို လျှောသွားသလိုလိုနဲ့ လူကနိုးသွားပြီး ထကြည်လိုက်တော့ ဒီအတိုင်းပဲ ဘာမှလည်း မဟုတ်ပြန်ဘူး...။ ကဲ ..... အခုမှပဲ သဘောပေါက်တော့တယ်။ ဒါ ငါ့ကို တစ္ဆေခြောက်နေတာ နေမှာပဲဆိုပြီး၊ အဒေါ်ကိုလှမ်းကြည့်တော့ တခေါခေါနဲ့ အိပ်ပျော်နေလိုက်တာ။ အော်... ဒင်းက ငါ့ကိုပဲရွေးခြောက်နေတယ်ဆိုတာ သိရတော့ ....အမလေး ....စောင်ကိုခေါင်းမြီးခြုံပြီး ငြိမ်နေလိုက်တော့တယ်..။
ခဏကြာတော့ ကုတင်ကို ပုခက်လွှဲသလိုပဲ လွှဲနေပြန်ရော.....။ ပြီးတော့ ငြိမ်သွားပြန်ရော၊ နောက်တခါ စောင်းချပြန်ရော..။ ပြုတ်ကျမယ်ထင်ပြီး စောင်ထဲကနေ ခေါင်းထုတ်ကြည့်တော့ ဟုတ်လည်းဟုတ်ဘူး....။ ကဲ.. ဒေါသတွေက ထွက်လာပြီ။
"အိပ်ယာပေါ်ထထိုင်ရင်း လာခဲ့စမ်း။ ဒီလောက်ခြောက်ချင်နေတာ ဘယ်မလဲ ကိုယ်ရောင်ပြစမ်း "
လို့ ပြောရင်း ဆဲတော့တာပဲ၊ လူကပင်ပန်းတာကတမျိုး၊ အရမ်းကို အိပ်ချင်နေတာက တမျိုးဆိုတော့လည်း ဆဲမိတော့တာပေါ့။ အဒေါ်လည်းနိုးလာတယ်။ အော်သံကြောင့်လေ၊
"ဟဲ့!!!!သူခိုလား???"တဲ.။
အဒေါ်ကိုရှင်းပြလိုက်တော့ အဒေါ်လည်း မျက်လုံးပြူးသွားတယ်။ သူခိုးလိုသာ မြင်ရရင်တော့ မလွယ်ဘူးသာမှတ်လို့ ထပ်ပြီးဆဲရင်း ပိုအော်လိုက်တာပေါ့။ အဒေါ်နိုးလာပြီလေ...။ အားရှိလာပြီ။ ဖြစ်ချင်ရာဖြစ် အော်တော့၊ ဆဲတော့တာပဲ၊ အဒေါ်က အဲဒီတော့မှ ဘုရားစာ ဖတ်တော့တယ်၊ ကျမလည်း ရသမျှ ဘုရားစာတွေရွတ်ရင်း ခေါင်းရင်းစားပွဲပေါ်က ပိုက်ဆံအိပ်ထဲက စိတ်ပုတီးကို လည်ပင်းမှာဆွဲထားလိုက်တယ်။ နှစ်ယောက်သား ဘုရားစာတွေရွတ်ဖတ်နေရင်း ကြက်သီးတွေကလည်း ထလိုက်တာမပြောပါနဲ့တော့၊ ကျောရိုးတလျှောက်ကလည်း စိမ့်စိမ့်ပြီး ချမ်းလာလွန်းလို့ ကိုယ်တွေတောင် တွန်.တွန်.တက်သွားတယ်။ အဒေါ်ကလှမ်းကြည့်တယ်။ တခုခုတော့ မှားနေပြီပေါ့။ ကျမလည်း ဘုရားစာတွေ အကျယ်ကြီး အော်အော်ရွတ်ဖတ်နေတာပဲ။ ခေါင်းထဲကပါ ကြက်သီးတွေ ထလာတယ်။ နောက်တော့ အဒေါ့်နားကိုပြေးရတော့တာပဲ။ အဲဒီတော့မှ အဒေါ်ကလည်း နေဦးဆို ထပြီး ပြတင်း တံခါးကိုဖွင့်လိုက်တယ်။ ပြတင်းတံခါးဖွင့်လိုက်မှပဲ ကြက်သီးထနေတာတွေ ချက်ချင်းပျောက်သွားတော့တယ်။ နာရီကြည့်တော့ လေးနာရီခွဲလောက်ရှိနေပြီ။ အဒေါ်က ...........
"နင်အိပ်.. .ငါထိုင်စောင့်ပေးမယ် "
ဆိုလို့ နည်းနည်း အိပ်လိုက်ရတယ်၊ ဆယ်နာရီလောက်မှ အဒေါ်နှိုးလို့ နိုးလာတော့တယ်။ အဲဒါနဲ့ ရေချိုးပြီးတော့ တခါထဲ အထုပ်အပိုးတွေဆွဲပြီး ထွက်ခဲ့တော့တယ်။ ဘေးက အဒေါ့်သူငယ်ချင်း အိမ်ကိုပေါ့။
အဖြစ်အပျက်တွေပြောပြတော့ ဘာလို့ အစကတည်းက မလာတာလဲဆိုပြီး ပြောရင်း အဲဒီဟိုတယ်က အရမ်းခြောက်တဲ့ ဟိုတယ်ဖြစ်ကြောင်း။ သူ့အိမ်ခေါင်မိုးပေါ်ကိုလည်း နေ့တိုင်း ရေတွေ သွန်ချသလိုမျိုး " ၀ုန်း"ဆိုပြီး ကြားရသလို ထွက်ကြည့်ရင်လည်း ဘာမှမရှိကြောင်း ရှင်းပြတယ်။ ဒါနဲ့ ကျမလည်း အဲဒီအိမ် မှာဆက်အိပ်လိုက်တယ် ။ နေ.လည်စားစားပြီး အပြင်ထွက်လည်တယ် ။ ညနေစောင်းမှပြန်ရောက်တယ်။ စောစော စားပြီးစောစော အိပ်လိုက်ကြတယ်။ ညအဒေါ်ကိုနှိုးပြီး ဆီးသွာပြီးတော့ ပြန်အိပ်မပျော်တော့ဘူး ။ခွေးတွေကလည်း တပြိုင်တည်း ဆွဲဆွဲငင်ငင် အူနေလိုက်ကြတာ အတော်နဲ့ မပြီးနိုင်ဘူး။ ဒါနဲ့ ငြိမ်ငြိမ်လေးလှဲနေရင်း နားစွင့်နေလိုက်တာ အိမ်ခေါင်မိုးပေါ်ကို လူတစ်ယောက် တက်လမ်းလျှောက်နေသလိုမျိုး "ကျွတ်ကျွတ် " "ကျွတ်ကျွတ်'" နဲ့ ကြားနေရပြီး ကျမလည်း အဒေါ်နဲ့ ထိအောင် တိုးကပ်ပြီး စောင်ကို ခေါင်းမြီးခြုံနေလိုက်သည် ။ နောက်တော.အိပ်ပျော် သွားတော့သည်။ ထို့နောက် အဲ့ဒီအိမ်မှာ နောက်တညထပ် အိပ်ပြီးမှ ပျော်ရွှင်စွာမန္တလေးဆင်းခဲ.ကြတော့သည်။
by facebook page

0 comments:
Post a Comment