www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Tuesday, May 21, 2013

သန္ဓေတားဆေး ထုတ်လုပ်နိုင်တဲ့ အပင်တစ်မျိုး

စတီးရွိုက် ဆေးဝါး တွေကို လူတွေ ပြုလုပ်ထားတဲ့ ဒြပ်ပေါင်း များမှ ထုတ်လုပ် ကြသကဲ့သို့ သဘာဝမှ ရရှိသော အပင်ထဲတွင် ပါဝင်သော စတီးရွိုက် ဒြပ်ပေါင်း အမျိုးအစား များ မှတစ်ဆင့် ထုတ်လုပ် ကြပါတယ်။
အချို့ အပင်တွေထဲမှာ Diosgenin လို့ ခေါ်တဲ့ သန္ဓေတားဆေးနှင့် လိင်ပိုင်း ဆိုင်ရာ စတီးရွိုက်ဆေးဝါးများ ထုတ်လုပ်ရရှိနိုင်တဲ့ စတီးရွိုက်အမျိုး အစားတစ်ခု ပါဝင်လေ့ ရှိပါတယ်။ ထို စတီးရွိုက် ဒြပ်ပေါင်းပါရှိနေတဲ့ အပင် မျိုးအုပ်စုတစ်မျိုးကတော့ Dioseorea Species လို့ခေါ်တဲ့ မျောက်ဥ အုပ်စုဝင်အပင်များပဲဖြစ်ပါတယ်။
မျောက်ဥများမှာ ကစီဓာတ် ကြွယ်ဝစွာ ပါဝင်တဲ့ အတွက် အစားအစာ အဖြစ် အသုံးပြုကြပါတယ်။ ဒါ့အပြင် Steroidal Saponin နှင့် အခြားအယ်လ်ကာလွိုက်ဒြပ်ပေါင်းများလည်း ပါဝင်နေပါသေးတယ်။
မျောက်ဥကို အဆင့်ဆင့် ပြောင်းလဲပြင်ဆင်ကာ ရရှိလာတဲ့ စတီးရွိုက်ကိုတော့ သန္ဓေ တားဆေးဝါးအဖြစ် ထုတ်လုပ်နိုင်ပါတယ်။ တရုတ်ပြည်မှ ကျယ်ပြန့်စွာ တင်သွင်းဖြန့်ချိနေတဲ့ Diosgenin ဟာ အရည်အသွေး အလွန်ကောင်းတဲ့ အတွက် နာမည်ကျော်ကြားလှပါတယ်။ 



By Health Digest

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်