www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Tuesday, May 21, 2013

ခေါင်းကိုက် တတ်သူများ အပူဒဏ်ကို သတိထား

ပူအိုက်တဲ့ ရာသီဥတုက ပြင်းထန်စွာ ခေါင်းကိုက်ခြင်း (Headaches) ပိုမို ဖြစ်ပွား စေကြောင်း အမေရိကန်မှ ပြုလုပ်ခဲ့တဲ့ လေ့လာမှုကြီး တစ်ရပ်မှ သိရှိရတယ်။ Neurology ဆေးဂျာနယ် ပါ ယင်းလေ့လာမှုက အမေရိကန် ဆေးရုံတစ်ရုံရှိ ခေါင်းကိုက် ဝေဒနာ ခံစားနေရသူပေါင်း ၇၀ဝ၀ကျော်ကို ၇ နှစ်ကြာ စောင့်ကြည့် လေ့လာခဲ့တာ ဖြစ်တယ်။
သုတေသီတို့က အပူချိန်နှင့် လေထုဖိအားကြောင့်ဖြစ်စေတဲ့ ခေါင်းကိုက်ခြင်းများကို နှိုင်းယှဉ် လေ့လာရာမှာ ပိုမိုပူနွေးတဲ့ ရာသီဥတုနှင့် လေထုဖိအားနိမ့်ကျမှုက ခေါင်းကိုက်ခြင်းကို ဖြစ်စေနိုင်တယ်လို့ တွေ့ရှိခဲ့တယ်။
အပူချိန် ၅ ဒီဂရီဆဲလ်စီးယပ်စ်တက်တိုင်း ထုံထိုင်းခေါင်းကိုက်ဖြစ်ခြင်း အရေအတွက် ၇.၅ ရာခိုင်နှုန်း တိုးလာတယ်လို့ တွေ့ရှိခဲ့ကြ ပါတယ်။

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်