အဖြစ်အပျက်က ကြာတော့ကြာခဲ့ပါပြီ .. ၂၀၀၅ ခုနှစ်မှာ sport car လေးတစ်စီးကို တီတီ့ ညီမလေးမောင်းဖို့ ဆိုပြီး ဝယ်ပေးလိုက်ရာကစပါတယ် ။
ကားလေးက Toyota Mr2 တံခါး၂ပေါက်နဲ့  ၂ယောက်ထဲစီးလို့ ရတဲ့ ကားဖြူလေးပါ။စဝယ်လာစဉ်ကတည်းက လှည်းကူးဆေးရုံက ဆရာဝန်မလေးတစ်ယောက်မောင်းတယ်လို့ သိရပါတယ်။ရန်ကုန်ကနေ လှည်းကူးထိမောင်းမောင်းသွားနေကျဆိုတော့ ကားမကောင်းမှာကို စိတ်မပူရဘူးပေါ့..။ ဒီလိုနဲ့  ညီမလေးတစ်ယောက်ထဲ သူ့ ကားလေးကိုသုံးနေခဲ့တာပါ.. ။ အမှတ်မထင်နဲ့ သတိထားမိစရာ ဖြစ်လာတာက ကုက္ကိုင်းမီးပွိုင့်မှာ မီးနီမိနေတဲ့တစ်နေ့ မှာစပါတယ် ။နေ့ ခင်းကြီးပါ တက္ကသိုလ်ရိပ်သာလမ်းသစ်ကနေ လမ်းဟောင်းစီကိုဦးတည်ထားတဲ့ ညီမလေးကားနဲ့  လမ်းဟောင်းကနေ လမ်းသစ်ဘက်ကိုဥိးတည်ထားတဲ့  ညီမဝမ်းကွဲ နိုးနိုးတို့ ကားက မျက်နှာချင်းဆိုင်ဆုံမိကြပါတယ် ။ မီးနဲ့ ပဲအချက်ပြနှုတ်ဆက်ပြီး ဆက်မောင်းလာရင်းနဲ့  ဖုံးမြည်လာတော့ နိုးနိုးစီကဖြစ်နေတာမို့ လက်တဖက်ကဖုံးကိုဖွင့်ပြီးကိုင်လိုက်တော့ "ဘယ်သွားမှာလဲ"တဲ့" လှည်းတန်းကိုခနလေးသွားမလို့ ပါ"ဆိုတော့ နင့်ဘေးကဘယ်သူလဲတဲ့" ဟမ် ဘယ်သူမှမပါပါဘူး"ဆိုတော့" မြင်ရတယ်ဟဲ့ နင်ကလည်းနောက်နေသေးတယ် အင်္ကျီအဖြူနဲ့ တစ်ယောက်ကို ငါကမမြင်စရာလား ဒီလောက်ရှေ့ တည့်တည့်ကြီးမှာ နင့်ကားကရပ်ထားတာကို " တဲ့ ..သူတို့ နောက်တာဖြစ်ရင်ဖြစ် မဖြစ်ရင်တော့ စတစ်ကာမှောင်မှောင်တွေကြောင့် မျက်လုံးမှားတာလို့ ပဲတီတီ့ညီမလေးကသတ်မှတ်ခဲ့ပါတယ်တဲ့ .. နောက်တစ်ကြိမ် ညီမလေးကို သူ့ သူငယ်ချင်းနဲ့ တွေ့ လိုက်တယ်လို့ လူတွေ ခဏ ခဏ ပြောကြတော့လည်းသူက ဘယ်သူမှမပါဘူး ညီမလေး တစ်ယောက်ထဲပါလို့ မကြာ မကြာငြင်းရခုန်ရလေ့ရှိလာပါတယ် ... ကားထဲမှာတစ်စုံတစ်ခု
ပါလာတယ်လို့ ယောင်လို့ တောင်မတွေးမိကြဘူးလေ ..။
သူမလေးကိုတွေ့ တွေ့ နေတာကလည်း ကားပေါ်မှာပဲဖြစ်နေခဲ့တာကိုး .. သတိတရဘယ်သူမှဖြစ်မနေခဲ့ပေမယ့် တစ်ရက်မှာတီတီ့ မေမေ့ အခန်းထဲကို ကောင်မလေးတစ်ယောက် ဝင်ဝင်လာတာတွေ့ တယ်လို့ မေမေက ထူးထူးဆန်းဆန်း ပြောလာပါတယ် ။
မေမေက သူ့ မြေးအကြီးမမှတ်လို့  ဘာဝင်ဝင်ယူသလဲပေါ့ .. တစ်ရက်မှာတော့ မေမေမအိပ်သေးဘူး ည ၁၀နာရီကျော်နေပြီ ရေချိုးခန်းဝင်ပြီးထွက်အလာ မေမေ့ကုတင်ရဲ့  ခေါင်းရင်းဘေးပြတင်းကနေပြီး အောက်ဖက်ကို
ငုံ့ ကြည့်နေတဲ့ ကောင်မလေးကို ရုတ်တရက်တွေ့ ပြီး ရုတ်တရက်ပဲပျောက်သွားတဲ့အခါ ပုံမှန်မဟုတ်တာကိုတီတီ့ မေမေရိပ်မိပြီ ။
တစ်ခုခုဆို အိမ်မှာ သိပ်တောင်ကျယ်ကျယ်မပြောရဲကြအောင် အောက်ထပ်မှာနေတဲ့ တီတီသိမှာစိုးရိမ်ပုံရပါတယ် ။ ကောင်းမှန်းမသိ မကောင်းမှန်းမသိ တမျိုးလုံး တဆွေလုံးသိအောင်ဖွတော့တာကိုး ...။ ကောင်မလေးရဲ့ ပုံပန်းသဏ္ဍာန်ကလည်း သရဲလို့ ပြောရအောင်ကို ကြောက်စရာထက် သနားစရာကောင်းနေပါသေးတယ် ။ ဂါဝန်ဖြူလေးက ခြေသလုံးတဝက်လောက်ရှည်တယ်။လူလေးက ပိန်ပိန်ပါးပါးလေးပါဘဲ ..။
မေ့မေ့ပျောက်ပျောက် ရှိတဲ့အချိန်မှာ အောက်ထပ်မှာ အိပ်တဲ့ တီတီ့အိပ်ခန်းမှာထုံးစံအတိုင်း ပြသနာစ ပါတော့တယ် ။ အိမ်ရဲ့ ဖွဲ့ စည်းပုံကို ပြောပြပါရစေ .. ။ ရေချိုးခန်းအိမ်သာတွဲလျက် အိပ်ခန်း ၅ခန်းပါပါတယ် အပေါ်ထပ်က ၃ခန်းနဲ့  အောက်ထပ်က ၂ခန်းပါ။ အပေါ်၃ခန်းမှာ မေမေ.. ညီမလေး နဲ့  တီတီ့သမီးလေး ကတစ်ယောက်တစ်ခန်းစီပါ ။အောက်ထပ်မှာတော့ သားသားနဲ့  သူ့ အဖေကတစ်ခန်း ၊ တီတီက၁ခန်းပါ ။ တစ်ညမှာ ည၁နာရီလောက်နိုးလာပါတယ်။ ခြေရင်းရေချိုးခန်းထဲက ရေသံကြောင့်ပါ။ရေချိုးခန်း မီးကိုလည်းဖွင့်ထားပါတယ် .. အိပ်ချင်မူးတူးနဲ့ မို့  သမီးလေးဘာလာလုပ်တာလဲလို့  မေးပြီးမှ ပြန်အိပ်ပျော်သွားတာပါ..။ မနက်မှ စဉ်းစားမိတာ သူ့ ရေချိုးခန်းမှာဘာလို့ မသုံးရတာလဲလို့ ။
နောက်တစ်ရက်လည်း ဒီလိုပါဘဲ .. ဝေလီဝေလင်း ဖြစ်ပါလိမ့်မယ် ။အခန်းတံခါးကို ကလောက်ကနဲ မြည်အောင်ဖွင့်ပြီး ခြေသံတရှပ်ရှပ်နဲ့  ဝင်လာတာမို့ ခြေရင်းဘက်ကို ကြည့်တဲ့အခါ ညဝတ်ဂါဝန်ဖြူလေးနဲ့  သမီးကြီးပဲ မှတ်ပါတယ် ။ရေချိုးခန်းထဲ ဝင်သွားပြီး ဘေဆင်ရှေ့ မှာ ရပ်နေပါတယ် .. စိတ်ထဲမှာ သူ့ အခန်းမှာသူ ဘာလို့ မသုံးတာလဲတော့စဉ်းစားမိပါတယ် ဒါပေမယ့် အမျိုးအမည်စုံလင်လှတဲ့ မျက်နှာသစ်ဆပ်ပြာဗူးတွေကို ဒီအခန်းမှာ လာလာသုံးနေတယ်လို့ ပဲထင်မိတာပါ..။ နောက်တော့ သူထွက်မလာဘူးဆိုပြီး ထကြည့်တော့ ရေချိုးခန်းထဲမှာ ဘယ်သူမှမရှိပါ...ဒါနဲ့ ..မီးဖိုချောင်နဲ့  ကပ်ရက်မှာရှိတဲ့ ကောင်မလေးတွေအခန်းကို တံခါးသွားခေါက်ရတယ် ..။ အိမ်က ဘုန်းကြီးကျောင်းနဲ့ နီးနေတာမို့ ကျောင်းကနာနာဘာဝတွေ အိမ်ဘက်ရောက်လာသလားပေါ့လေ .. နင်တို့  ညအချိန်မတော်တွေ အပြင်ဘယ်သူထွက်လဲပေါ့ ..။
ဒီလိုနဲ့ အဲဒိနေ့ က ပြန်မအိပ်ကြဘူး တီတီ့မေမေလည်း အပေါ်ထပ်ကဆင်းလာပြီး မေမေ့အခန်းမှာလည်း တွေ့ တယ်ဒီလို ဒီလိုဆိုတော့မှ တွေ့ ရတဲ့သူက တစ်ယောက်ထဲဖြစ်နေတာသိကြရတယ် ၊ မနက်မိုးလင်းတော့ ပြည်ဝေပုလ္လဘုန်းဘုန်းကို ဖုံးနဲ့ လှမ်းလျောက်ရတယ် .. အရှင်ဘုရား တပည့်တော်တို့ အိမ်မှာ မိန်းမငယ်လေး ၁ယောက်တွေ့ တွေ့ နေရလို့ ကြည့်ပေးပါဦးဘုရားပေါ့ ဘုန်းဘုန်းက အိမ်မှာတော့ဘာမှမတွေ့ တဲ့အကြောင်း တနေရာရာက ဝင်လာတာပိုဖြစ်နိုင်လို့  အမျှလေးဘာလေးဝေပေးလိုက်ပါလို့ မိန့် လာပါတယ် ..။တီတီတို့ လည်း ပေါက်စေတီဆရာတော်ဘုရားကို ပင့်ပြီး ပရိတ်တရားနာကြပါတယ် ဆွမ်းအစရှိတဲ့ လှုဖွယ်ဝတ္တုတွေဆက်ကပ်ပြီး အမျှဝေကြပါတယ်။ ဒါပေမယ့် အဖြစ်အပျက်က ရံဖန်ရံခါဆိုသလို ဟိုနားမြင် ဒီနားတွေ့ ရှိနေတုံးပဲ ..အိမ်ကလူတွေက အကြောက်ကြီးမဟုတ်ကြတော့ ဂါဝန်အဖြူလေးနဲ့ ၁၃ ၁၄နှစ်အရွယ် ကလေးမလေးကို ရုပ်လေးတောင်မှတ်မိနေကြပြီ။ တီတီ့ညီမလေးမောင်းသွားတဲ့ ကားပေါ်မှာ အင်္ကျီအဖြူလေးဝတ်ထားတဲ့ ကောင်မလေးကို ၂ယောက်၃ယောက်ထက်မနည်း ထပ်မြင်ကြတော့ သူနဲ့ ဆိုင်တဲ့ သိုက်တွေဘာတွေကများ လာလာပြနေတာလားလို့ တောင် သို့ လော သို့ လောထင်မြင်မိပါသေးတယ် ။ ဘာအန္တရာယ်မှ မပေးဘဲ ဒီလိုပဲတွေ့ တဲ့အခါတွေ့ လိုက် မပေါ်လာတဲ့အခါ မပေါ်လာလိုက် ကြာတဲ့အခါ တအိမ်သားလုံးလည်း မေ့မေ့ပျောက်ပျောက်ရှိလာကြပါတယ် ..။
မိုးတွေရွာတဲ့ တညနေခင်းမှာတော့ ထမင်းစားခန်းမှာ လူစုံတုံး ညီမလေးကားလေး ခြံဝမှာတတီတီနဲ့ ဟွန်းဟံပေးလို့ ထမင်းစားခန်းလိုက်ကာတွေဖယ်ပြိး အားလုံးအာရုံစူးစိုက် ကြည့်မိချိန်မှာ ကားရှေ့ ခန်းမှာဧည့်သည် တယောက်ပါလာတာ တီတီတို့ တအိမ်လုံးနီးပါးလှမ်းတွေ့ လိုက်ပါတယ် ..ဧည့်သည်ပါတယ် မြန်မြန်ဖွင့်ပေးလိုက်ဦးလေလို့  အိမ်က ကလေးမလေးတွေကို လှမ်းအော်ပေးလိုက်ကြသေးတယ် ။ ညီမလေး ဘေးမှာ ပါလာတဲ့ အင်္ကျီဖြူတူတူနဲ့  ကောင်မလေး၁ယောက်ကို ထမင်းစားခန်းဘေးကနေကားဖြတ်သွားပြီး ပေါ်တီကိုအောက်ကို ကားဝင်သွားတဲ့အထိလည်း အားလုံးမြင်လိုက်ရတာပါဘဲ ... ဒါပေမယ့် ဧည့်ခန်းတံခါးကြီးပွင့်ပြီး အိမ်ထဲဝင်လာတဲ့အခါ ဘယ်သူမှပါမလာဘူး ..။ တခုခုကျန်ခဲ့တာ ပြန်လာယူတာမို့ ဧည့်သည်ကို အောက်မဆင်းခိုင်းဘူးထင်တာနဲ့  တီတီက "ဘာကျန်ခဲ့လို့ လဲ"လို့ လှမ်းမေးလိုက်သလို တီတီ့မေမေက" သမီးတို့ တခါတည်းထမင်းလေးဝင်စားသွားပါလား"တဲ့ ( အောင်မလေး ကြောက်ဖို့ ကောင်းလိုက်တာနော် ) .". ကျောင်းကပြန်လာတာလေ ဘာမှမကျန်ပါဘူး"လို့ တီတီ့ညီမလေးက ပြန်ဖြေတော့ တီတီတို့ အားလုံးက" ဧည့်သည်ကိုခေါ်လေ "လို့ ပြောမိပါတယ် .. ဒီတခါကြောင်သွားရတာတော့ အားလုံးပဲပေါ့ " ဘယ်ကဧည့်သည်လဲ သမီး၁ယောက်ထဲ ပြန်လာတာပါ" တဲ့ ... အားလုံး ကားစီကိုပြေးကြည့် တံခါးတွေသွားဖွင့်ကြည့် ခြံထဲခေါင်းရင်းဘက်ကို ပြန်ကြည့်နဲ့  တော်တော်လေး သွေးပျက်သွားတဲ့ မိုးရာသီညနေခင်းတစ်ခုပါ။
မရှေးမနှောင်းဆိုသလို ညဖက်ခပ်မှောင်မှောင် အချိန်မှာ အိမ်က ကလေးတွေရယ် အဖေါ်ကောင်မလေးတသိုက်ရယ် ခြံထဲမှာ စိန်ပြေးတန်းကစားကြပါတယ် ။ သူ့ ကားအဖြူလေးက ဂိုဒေါင်ရှေ့ လေးမှာ ရပ်ထားတော့ ခြံထဲပတ်ပြေးကြရင်းက ကားကိုပတ်ချာလှည့်ပြီး ပြေးကြတယ်ထင်ပါရဲ့  .. ဝုန်းဝုန်း ဒိုင်းဒိုင်းအသံမြည်အောင်ကို နောက်ကျတဲ့ ခြေထောက်သစ္စာဖေါက်နည်းနဲ့ လူကုန်ပြန်ပြေးဝင်လာကြလို့ တီတီ့ညီမက ဘာဖြစ်တာလဲ မေးကြည့်တော့ ကားထဲမှာ ကောင်မလေးတစ်ယောက်ထိုင်နေလို့ တဲ့ .. ခြံထဲမီးတွေထွန်းထားတဲ့ အချိန်ဖြစ်တဲ့အပြင် ကားစတစ်ကာက တော်တော်လေးမှောင်တာမို့  မျက်စိမှားတာပါလို့  ညီမလေးက သူ့ တူတူမတွေကို ချော့မော့ပြောပေမယ့် ထမင်းချက်တဲ့ ကောင်မလေးတွေ အပါအဝင် အကုန်လုံးတွေ့ လိုက်ရတာမို့  ယနေ့ တိုင်ပဟေဋ္ဌိဖြစ်နေရဆဲ ကားအဖြူရောင်ထဲက အင်္ကျီဖြူလေးနဲ့ ကလေးမလေးကို ကားလေးရောင်းပြီးသွားတဲ့အထိ တခါတရံသတိရနေတုံးပါလေ.....။
( ၂၀၁၀နှစ်ကုန်ပိုင်းမှာတော့ ကားလေးကိုရောင်းပြီးတဲ့နောက် အဖြူရောင်အင်္ကျီနဲ့ ကလေးကို တစ်ကြိမ်မှထပ်မံ မမြင်ကြတော့ပါ)
by facebook page

0 comments:
Post a Comment