ဒီလိုနဲ့  မနက်ကျတော့ အမေတို့ လည်း ရန်ကုန်ပြန်သွားကြတယ်။
အနော်ကတော့ … ထုံးစံအတိုင်းပေါ့ဗျာ။ တစ်ယောက်တည်း ကျန်ခဲ့ တာပါပဲ။
ခြံအလုပ်တွေနဲ့ ရှုပ်ရင်းနဲ့ လေ။ အစားအသောက်လည်း တော်တော် ဒုက္ခရောက်တယ်ဗျာ။
တော်သေးတာတစ်ခုက အနော် အိမ်ဘေးမှာ အဒေါ်တစ်ယောက်ရှီတယ်။ သူက
ထမင်းချိုင်တွေဘာတွေ စီစဉ်ပေးနေလို့ ရယ်။ ပြီးတော့ … လူကလည်း နေလို
့သိပ်မကောင်းချင်ဝူးယော။
ခဏခဏ ချီးပန်းလိုက်၊ ဗိုက်အောင့်လိုက်ဖစ်တယ်။ ဒီကြားထဲ အမေတို့ က ကျောက်တန်းအကျော် မဲဇောင်းဆိုတဲ့ ရွာအစပ်နားမှာ ခြံတစ်ခြံထပ်ဝယ်လိုက်တယ်ဗျ။ အဲဒီခြံဘက်လည်း ကျွန်တော်ကလှည့် နေရသေးတယ်။
လူက အမေတို့ ပြန်သွားပြီးကတည်းက တောထဲချည်းပဲဗျာ။ သိပ်အားတယ်လို့ ကိုမရှိတာ။ အနော့် တနေ့ တာ အစီအစဉ်လေးက ဒီလိုလေး လည်ပတ်နေတယ်ဗျ။ မနက်ဆိုရင် အိပ်ယာထတာနဲ့ .. ရွာထဲသွား ထမင်းချိုင့်ယူ။ ပြီးတော့ … ခြံထဲသွား။ ခြံနှစ်ခြံလောက် ပတ်ကြည့်  လိုတာ စီစဉ်၊ ခြံအတွတ်လိုအပ်တဲ့ ပစ္စည်းတွေ ၀ယ်ဖို့ မှတ်။ လုပ်ရမဲ့ ကိစ္စတွေ မှတ်၊ ပီးရင် ညနေ (ငါး) နာရီကျော်လောက်မှ ပြန်။ အယ်! အနော် အဲဒီဘက်မှာ ခြံလုပ်တော့ … ကျန်တဲ့ ခြံပိုင်ရှင်တွေ တော်တော်များများနဲ့ လည်း ခင်သွားတယ်ဗျ။ ပြီးတော့ .. ရွာလူကြီးတွေ၊ ဥက္ကငှတွေနဲ့ လည်း တော်တော်များများ ခင်ထားတော့ … အပြင်သူတို့ အိမ်တွေ ရှေ့ က ကိုယ်က ဖြတ်သွား၇တာကိုး။ ဒီတော့ တွေ့ ရင် ရပ်ရေး၊ ရွာရေး ၀င်ပွား၊ ဒီနှစ် မိုးတွင်း မြေပဲ ဖြစ်မယ်။ နှမ်းခင်း ဖြစ်မယ်။ ဘာညာပေါ့ဗျာ။ ပြီးတော့ အနော်က ပန်းသမားဆိုတော့ … သူတို့ မေးတဲ့ ပန်းမျိုး အကြောင်းတွေ လျှောက်ရွှီးတာပေါ့ဗျာ ဟိဟိ :D ။ အဲဒါနဲ့ လူက မိုးတော်တော် ချုပ်မှ ခြေတော်ရွာကို ရောက်တယ်။ ရောက်ရင် ရေမိုးချိုးထမင်းစား။ ပြီးတာနဲ့ … မြို့ ထဲသွားတာပဲဗျို့ ။ မြို့ ထဲရောက်ရင်ပဲ ရှစ်နာရီ လောက်ဖြစ်နေပီ။ အဲဒါ အင်တာနက်ဆိုင်လေး ပြေးလိုက်သေးတယ်။ ဆယ်နာရီကျော်လောက်ကျရင် အိမ်ပြန်ရတယ်။ တစ်ခါတစ်လေဆိုရင်တော့ … ညီအကိုတွေ စုပြီးတော့ ဘုရားကြီး တတ်ဖြစ်သေးတယ်။ :D ။
အယ်! ဘုရားကြီးဆိုလို့ ဗျာ။ ရွှေကျင်ဘုရားကြီးကလည်း နာမည်ကြီးနော်။ ကိုကိုကြီး၊ မမကြီး စောင့်ရှောက်တယ်ပြောတယ်။ ပြီးတော့ … ညဆို မမကြီးက ဘုရားစင်္ကြန်လမ်းအတိုင်း ဆံပင်အရှည်ကြီးကို ဖားလားချပြီး သွားတာတဲ့ ။ အဲဒီနားက လူတွေ ပြောတာပဲ။ မြင်တဲ့ လူလည်း မြင်ဖူးတယ်ဆိုပဲ။ သို့ ပေ့ မယ်… ကန်တော့ ဂျာ။ မမကြီးက မချောဝူးတဲ့ ဗျ :D ။ သူတို့ နတ်ရုပ်တွေ ရှိတယ်လေ။ ဘီလူးရုပ်တွေ။ သူတို့ က ဘီလူးမျိုးဆိုတော့ … အင်း :D ဟုတ်မယ် ထင်တာပဲ။ အနော်ကတော့ မမြင်ဖူးတော့ မသိဖူးဗျ။ ပီးတော့ ... ရွှေကျင်ဘုရားကြီး အရိပ်ကျတဲ့ နေရာက နာမည်ကျော်ပေါ့ဗျာ။ အဲဒါက ဘုရားရင်ပြင် မြစ်ကမ်းဘက်ခြမ်းမှာ ကျောင်းဆောင်လေး ဆောက်ထားတယ်ခင်ဗျ။
အဲဒီကျောင်းဆောင်လေးထဲ ၀င်ကြည့် ရတယ်။ ဘုရားရဲ့ အရိပ်ကို။ ကျောင်းဆောက်ထဲမှာ ဘုရားဘက်ကို အပေါက်သေးသေးလေး တစ်ခုဖေါက်ထားတယ်။ ဘုရားရဲ့ အရိပ်က အဲဒီကနေ ၀င်တာဗျ။
ခင်ဗျားဗျာ… လန့် သွားမယ်။ အဟုတ်။ Color နဲ့ ပေါ်တာနော်။ အရိပ်က :D ။ ပြီးတော့ … ဘုရားကို ဦးတိုက်ပြီးတော့ ပေါ်တာ။ တော်တော် မိုက်ပါတယ်ဗျာ။ အရိပ်ဘက်ခြမ်းမှာ ရှိတဲ့  ရင်ပြင်ပေါ်ကို လူတစ်ယောက် လျှောက်သွား အဲဒီလူကို ရုပ်ရှင်ထဲက အတိုင်းမြင်ရတယ် :D ။ အဟုတ်။ သာသနာအလံတော်လေး တစ်လူလူ လွှင့်နေတာတောင် ပါသေးတယ်။
အဲဒီအရိပ်ပေါ်လာတာကလည်း အနော်တို့ ဆယ်တန်းလောက်တုန်းကလား မသိဘူးရယ်။ ဟုတ်ချင်မှလည်း ဟုတ်မယ်နော်။ ငဇူးလည်း တစ်ခါတစ်လေ ကြားဖူးနားဝဆို အချဲ့ အကားလေးနဲ့ ဖေါတတ်တယ်။ ရွှေကျင်ဘုရားကြီး ထီးတော်တင်မယ်ပေါ့ဗျာ။ အဲဒါ ဘုရားဂေါပကတွေမှာ မန်းနီးမရှိဖူးတဲ့ ဗျ။ အဲဒီအချိန်မှာ မုတ်ဆိတ်မွှေးအဖြူနဲ့ ဘိုးတော် တစ်ပါး တရားလာထိုင်ရင်းနဲ့ … ဒီအရိပ်ကို ပေါ်လာစေတယ်လို့ တော့ … ကြားဖူးတာပဲ။ ဟုတ်၊ မဟုတ်တော့ မတိဝူး။ သို့ ပေ့ မယ် အနော်တို့ ငယ်ငယ်တုန်းကတော့  မရှိဖူးရယ် :D ။ ပြီးတော့ ဘုရားကြီးက ဥစ္စာစောင့်တွေ အရမ်းပေါတယ်။ တရားထိုင်တဲ့ လူတွေ ဘာတွေ ဆီက ခဏခဏ ကြားရတယ်ပေါ့ဗျာ။
ဒီလိုနဲ့ တစ်နေ့ ဗျာ… အနော်တို့ ဘုရားကြီးကို ရောက်သွားတယ်။ ရောက်တာကလည်း မခံချင်စိတ်နဲ့ … ညီအကိုတွေ ရန်ဖစ်ပြီး ရောက်သွားတာ။ ဖြစ်ပုံက ဒီလိုဗျာ။ အနော်အခုတစ်လော ခဏခဏ သရဲ တစ္ဆေနဲ့ တိုးတယ် ဆိုတာကို ညီအကိုတွေက မယုံချင်ကြဖူးရယ်။ အဓိကမယုံတာက ဖိုးထောင်ဆိုတဲ့ ကောင်။ ဒီကောင်က ညီအကိုတွေထဲမှာ နည်းနည်းလေး လူပါးဝတယ်။
အဲဒီညနေကဗျာ။ ကျွန်တော်လည်း တော်တော် အံ့ သြသွားပါတယ်။ အနော် အဲဒီနေ့ က ခြံထဲမသွားဖူး။ ကျောက်တံခါးမြို့ ဘက်ကို သွားတယ်။ အနော်ဆိုင်ကယ် သွားပြင်တာပါ။ ၀ယ်လာတာကလည်း အဲဒီက၀ယ်လာတာဆိုတော့ ။ ဒီရောက်တော့ ဆိုင်ကယ်က ရှေ့ ရှော့ ဘား ပေါက်နေတယ်။ ပြီးတော့ အင်ဂျင်က အရမ်းအနိုးထိုင်းတယ်ဗျာ။ အနိုးထိုင်းတယ်ဆိုတာ ဒီလိုရယ်။ ကလပ်ဘီးတွေက 2 စလုပ်တွေ။ ရိုရိုးဘီးတွေက 4 စလုပ်၊ အနော်လည်း သိပ်နားမလည်ဖူး။ ပြီးတော့  2စလုပ်က အင်ဂျင်တိုက် လာတာများတယ်။ စတတ် မပါဝူးရယ်။ ဒီတော့ ..နိုးရင် ကစ်နဲ့ နိုးရတယ်။ အနော် ကစ်ကဗျာ…. စိတ်ကို ညစ်ရော။ တစ်ခါဆိုရင် ညဘက် အင်တာနက်ဆိုင်က ထွက်တော့ ဆယ်နာရီပေါ့။ အဲဒီကတည်းက နိုးလိုက်တာ…. ည ၁၁ နာရီ ၄၅ မိနစ်လောက်မှ နိုးတော်မူတယ်ဗျာ။ ဒါတောင် တွန်းနိုးရတဲ့ အကန့် တွေ ဘာတွေ မပါသေးဝူးနော်။ လူက ၀ယ်လာပီးမှ တော်တော်ထိတာ။ လူတိုင်းကလည်း ပြောတယ်။ အဲဒီလိုဆိုင်ကယ်မျိုး မ၀ယ်ပါနဲ့ ဆိုပြီးလေ။ အမေ၊ အဖေ၊ ဦးလေး၊ အမတွေ အားလုံး တားကြတယ်ဗျာ။ အဲဒါကို အနော်က ဇွတ်ဝယ်လာပြီးမှ သူတို့ ပြောတဲ့ အတိုင်းဖစ်နေတာ့ … ကိုယ်ပစ္စည်းနဲ့ ကိုယ် တိုင်ပတ်နေပါယောလား :D ဟီး။ အဲဒါ ကျောက်တံခါးက ပိုင်ရှင်ဆီပြန်သွား၇တယ်။ ပြီးတော့ ဆိုင်ကယ် အထာကို မေးတော်မူတော့ မှပဲ အဆင်ပြေတော်မူတော့ တယ်ဗျာ :D ။ အဟုတ်။ ဟိဟိ။
ဒီလိုနဲ့ ကျောက်တံခါးက အပြန် ခြေတော်ရွာကို ညနေ လေးနာရီလောက်ရောက်တယ်။ မိုးရွာထဲက ပြန်လာတာဆိုတော့ ဗျာ။ တစ်ကိုယ်လုံးလည်း စိုရွှဲနေတာပဲ။ သေးကလည်း အသေပေါက်ချင်လာတာ။ အဲဒါ အိမ်ရောက်ရောက်ခြင်း နောက်ဖေးကို ပြေးဝင်သွားတယ်ဆိုပါတော့ ဗျာ။ အိမ်ကလည်း ဒီလိုဗျ၊ အိမ်သာနဲ့ က ပေ၂၀ လောက်ဝေးတယ်။
အဲဒီအိမ်သာဘေးမှာလည်း အဖိုးရဲ့ အိမ်သာ တစ်လုံးရှိသေးတယ်။ ကပ်နေကြတာ အိမ်သာတွေကလေ။ အပေါ့တွားတာဗြဲဗျာ။ မိုးတွင်းချည်း အမြဲတမ်း စိုရွှဲနေတဲ့ ကိစ္စပဲဟာ … အပေါ့အပါးလောက်လော့ အိမ်သာထဲ ခဏခဏ ၀င်နေရင် သောက်လုပ်ရှုပ်တာပေါ့။ အဲဒါနဲ့ အိမ်သာထဲမ၀င်ပဲ … အိမ်နဲ့ အိမ်သာ ကြားမှာ သွားလိုက်တယ် :D ။ အဖွားက အနော်ကို အိမ်ရဲ့ မီးဖိုချောင်ထဲကနေ လှမ်းကြည့် နေတယ်။ အိမ်ထဲဝင်ပြီး အကျီမလဲသေးလို့ လေ။
အဲဒီအချိန်မှာဗျာ… အနော်တို့ အိမ်ရဲ့ အိမ်သာထဲကနေပြီးတော့ အသံတစ်ခုထွက်လာတယ်။ အိမ်သာတံခါးကလည်း အမြဲပိတ်ထားတာလေ။ ဘယ်လိုထွက်လာသလဲဆိုတော့…. “ကိုကြီးဇူးဇူး၊ အခုမှ ပြန်လာတာလား” တဲ့ ဗျ။ အသံကလည်းဗျာ။ အနော်ညီမလေး အငယ်ဆုံးအသံ။ အိမ်ဘေးမှာ အဒေါ်ချိတယ်လေ။ အဒေါ်ခလေးတွေထဲက အငယ်ဆုံးသမီးလေး အသံဗျ။ အခုမှ သူက ၁ တန်းပဲ ရှိသေးတာ။ ဒီခလေးကလည်း အနော်ကို သိပ်ချစ်တယ်။ လာတာနဲ့ ကပ်တာပဲ။ အဲဒါသူ့ အသံကြားတော့ အနော်က…. “အေး၊ ညီမလေး ကိုကြီး အခုပဲ ပြန်ရောက်တယ်” ဆိုပြီး ပြောလိုက်တယ်။ အပေါ့လည်း သွားပြီးရော။ အိမ်သာထဲက ညီမလေးကို အနော်က လှမ်းမေးလိုက်တယ်။ “ဟဲ့ … နင်တို့ အိမ်မှာ ဘာဟင်းချက်” ဆိုပြီးလေ။ ကိုယ်ကလည်း ဗိုက်အသေဆာနေပြီဗျာ။ အမြဲတမ်းလည်း မေးနေကြ အဲဒီစကားက။ သူတို့ အိမ်မှာ ဟင်းကောင်းရင် ဟင်းယူစားတယ်။ အဲဒါမေးလည်း မေးရော။ ဘာမှ ပြန်မဖြေဖူးဗျ။ ညီမလေးကလေ။ အနော်က သူ့ ကို စချင်လာတာနဲ့ ။
“ဘာလဲ… နီတို့ အိမ်မှာ ဟင်းကောင်းချက်တော့ … နာ့ ကို မကျွေးချင်ဝူးပေါ့ ဟုတ်လား” ဆိုပြီး အိမ်သာကို သွားပြီး ခေါက်နေလိုက်တယ်။ စနေတာပါ အမှန်က။ အဖွားကလည်း အထဲက ညီမလေး ပြောသံရော၊ အနော် ပြောနေတဲ့ အသံရော၊ သူက ကြည့် နေတာပဲ အကုန်လည်း ကြားတယ်။ တွေ့ လည်း တွေ့ နေတာပေါ့။ အဲဒါဗျာ အထဲက ညီမလေးက တော်တော်နဲ့ ဘာမှကို ပြန်မပြောဝူး။ အနော်လည်း ထပ်စချင်လာတာနဲ့ … တံခါးကို… နောက်ပီး ဆွဲဖွင့်တဲ့ အထာ လုပ်လိုက်တယ်။ လူကဗျာ…. ကြက်သီးတွေ ထတာ ပြောမနေပါနဲ့ တော့  L ။ တံခါးကြီးသာ ပွင့်လာတယ်။ အထဲမှာ ဘယ်သူမှလည်း မရှိဝူးဗျာ။ အသံကလည်း အိမ်သာထဲက လာတာ အသေအချာပဲ။ ဘေးမှာ လူမှ မရှိတာ။ အားလုံးက ကိုယ့် အိမ်ထဲ ကိုယ်နေနေကြတာ။ မိုးကလည်း အသေရွာနေတာကိုး။ အဲဒါကိုဗျာ။ အလွတ်ကြီး။ ညနေခင်းကြီးကို။
အဲဒီမှာ အနော်လည်း… အိမ်သာကို တစ်ပတ်ပတ်လိုက်တယ်။ အဖိုးရဲ့ အိမ်သာကိုပါ သွားကြည့် တာ။ လူက တော်တော်တင်းနေတယ်။ အကောင်မတွေ့ ရပဲ … အသံချည်း လာသွားလို့  L ။ အဖွားကလည်း “ဟဲ့ … သောက်ပလုပ်တတ်၊ ငဇူး အိမ်ထဲ ၀င်စမ်း” တွေ ဘာတွေ ဖစ်ကုန်တယ်။ တော်တော်လေး မွှေပြီးတဲ့ အထိ လူဆိုလို့ ဘာမှ မတွေ့ ဖူးဗျို့ ။
အနော်လည်း အိမ်ထဲ အသာပြန်ဝင်ပြီး၊ “အဖွား၊ အဲဒီအသံကြားတယ်မလား” ဆိုတော့ အဖွားက “အင်း” ဆိုပြီး တုန်နေတယ်။ အဘွားက ဘိုစံအမေလေဗျာ။ နဂိုကတည်းက ကြောက်တတ်ပါတယ်ဆိုမှ အခု ဒီလိုချည်း ဖြစ်တာ မြင်သွားတော့ … သူ့ မျက်နှာ သွေးမရှိတော့ ဘူး။ အဲဒါကို အနော်က သိလိုက်တော့ … ဘာမှ မဖြစ်သလိုပဲနေလိုက်ရတယ်။ အဖွားက လိုက်မေးနေသေးတယ်။ ဟိုဘက်ခြံမှာ မုန့် ကြိတ်နေတဲ့ ခလေးမှန် သမျှ၊
နင်တို့ မေးသလား ဆိုပြီး လျှောက်မေးနေတာ။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ အရှင်းကြီးကို အိမ်သာထဲက လာတဲ့ အသံဆိုတာ။ ဟိုဘက်ခြံက ပေ ငါးဆယ်လောက် ဝေးနေတဲ့ ဟာကို။ အနော်လည်း ဘာမှ မပြောတော့ ဝူး။ ဒီအတိုင်းပဲ ထားလိုက်တယ်။ ခြောက်တယ်ဆိုတာတော့ သိတာပေါ့။ သို့ ပေ့ မယ် ကိုယ်ကြောက်ပြနေရင်… အဖွားက ပိုဆိုးမှာ။
အဲဒါတောင်ပြောနေသေးတယ်။
“အဲဒါကြောင့် နင့်ကို ငါပြောတာပေါ့၊ ငါနဲ့ လာအိပ်ပါ ဆိုတဲ့ ဟာကို မြို့ ထဲချည်း ပြန်နေတယ်” ဘာညာနဲ့ ။ ဟုတ်တော့ ဟုတ်တယ်။ သူက တစ်ယောက်တည်း အဲဒီအိမ်ထဲမှာ အိပ်ရတာကိုး :D ကြောက်မှာပေါ့။ အနော်လည်း စိတ်တိုတိုနဲ့ ထမင်းချည်းလှိမ့် စားနေလိုက်တယ်။ စိတ်ထဲမှာတော့ … ဇဝေဇ၀ါနဲ့ ဗျာ။ ငါချည်းပဲ ဘာဖစ်လို့ … ဒီလိုတွေ ဖြစ်နေရသလဲ ဆိုပြီးတော့ ပေါ့။
အဲဒီလိုဖစ်ပြီးနောက် မြို့ ထဲရောက်တော့ … အနော် ညီအကိုတွေ အိမ်မှာ စုတဲ့ အချိန် ပြောပြမိတယ်ဆိုပါတော့ ဗျာ။
အဲဒီမှာ ရန်ထဖြစ်တာပဲ။ ဖိုးထောင် ဆိုတဲ့ မသာကောင်နဲ့ လေ :D ။ ဒီကောင်က လုံးဝ ဘုရားတရားလိုင်းဗျာ။ ဘုရားကြီးတွေ ဘာတွေမှာလည်း တရားထိုင်တယ်။ အနော် ကိစ္စကို သူက ဒီလိုပြောလာတယ်။
“ငါလည်းကွာ အရမ်းခြောက်ပါတယ်ဆိုတဲ့ ဘုရားကြီးမှာ သွားထိုင်နေတာပါပဲ။ မင်းလိုမျိုးထက်ဆိုးတာတွေတောင် တွေ့ ဖူးပါတယ်။ မင်းက ဒီလောက်လေးကို များ ဖင်တုန်အောင် ကြောက်ပြီး လာပြောနေရသေးတယ်” ဘာညာပေါ့ဗျာ။ အနော်ကလည်း အဲဒီလိုချည်း ဒဲ့ ကစ်လာတော့ …. မခံတော့ ဝူး။ တစ်စိမ်းပြောတယ်ဆို … “အော်” ဟုတ်လား ဆိုပြီး ရှော်သွားမှာ :D ၊ သက်သေပြလို့ ရတဲ့ ကိစ္စမှ မဟုတ်တာ။ ပြီးတော့ သရဲခြောက်ခံရပါတယ်ဆိုတာကို လူယုံအောင် လိုက်ရှင်းပြနေရအောင်လည်း အနော် သောက်ပေါမှ မဟုတ်တာ :D ။ သို့ ပေ့ မယ်… ညီအကိုတွေဆိုတော့ … ဒီလိုကိစ္စတွေက လာကျောလို့ မရ၀ူးလေ ;D ။ တိတယ်မလား။ နိုင်လိုက်ရမှ :P ။ အဲဒါနဲ့ … အနော်က ဖိုးထောင်ကို
“ဟေ့ ရောင်.. မင်းနဲ့ ငါနဲ့ … ဒီနေ့ ည (၁) (၂) နာရီလောက် ဘုရားကြီးသွားမလား၊ မင်းက သိပ်တော် သိပ်တတ်နေတဲ့ အကောင်ဆိုတော့ …. မင်းသတ္တိရှိရင် ဒိုးမလား” ဆိုပြီး ပြောချလိုက်တယ်။ အဲဒီလို ပြောတဲ့ အချိန်မှာ နောက်ညီအကို နှစ်ယောက်ကလည်း ရှိနေတယ်ဗျာ။ ကျော်ကျော်အောင်ဆိုတဲ့ ညီရယ်။ စတီးဆိုတဲ့ ညီရယ်။ ဟိုကောင်တွေကလည်း မင်းမသွားရဲပါဝူးဆိုတဲ့ မျက်လုံးနဲ့ ဖိုးထောင်ကို ကြည့် တယ်။ ဖိုးထောင်ဆိုတဲ့ ကောင်ကလည်းဗျာ။ ဒီလိုလာကြည့် လို့ ကတော့ … “ဟင်းဟင်း… တိမ်ပေါ်ထိလိုက်တယ်” ဆိုတဲ့ မျိုး :D ။ ဒီတော့ … လိုရင်းပြောရရင် ဘုရားကြီး သွားဖို့ အစီအစဉ် အစပေါ်သွားတယ်ဆိုပါတော့ ဗျာ။
ဒီလိုနဲ့ … အနော်တို့ ဘုရားကြီးသွားဖို့ ထွက်လာကြတယ်ဆိုပါတော့ ဗျာ။ ထွက်လာတော့ … ည (၁၁) နာရီလောက် ရှိနေပြီ။ အဲဒါ ၁ နာရီထိုးအောင် လက်ဖက်ရည်ဆိုင်မှာ သွားထိုင်နေရတယ်။ ထမင်းကျော်တွေ ဘာတွေ စားရင်းနဲ့ ပေါ့။
ပြီးတော့ … ၁ နာရီခွဲလောက်မှာ ကျွန်တော်တို့ စထွက်လာကြတယ်။ ဘုရားကြီးကို ရောက်တော့ …. စောင်းတန်းအတိုင်း ရင်ပြင်ထိ လစ်ကြတာ။ စောင်းတန်းကလည်း ကုန်းအတိုင်း ရင်ပြင်ကို ဆင်းခြေလျှောလေး ဆင်းသွားတာ။ အဲဒီစောင်းတန်းအတိုင်း ညီအကို လေးယောက် အပြိုင်တန်းစီပြီး လျှောက်လာကြတယ်။ ဘုရားကြီးမှာက လူတစ်ယောက်မှ မရှိဝူးဗျာ။ မှောင်တာကလည်း နက်နေတယ်။ မီးချောင်းတွေတော့ … ဘုရားတစ်ခုလုံး ထွန်းထားပါတယ်။ သို့ ပေ့ မယ်… စောင်းတန်းဘေးက အဆောင်တွေက မှောင်မဲတူးနေတာပဲ :D ၊ ကိုယ်တောင် အုပ်တောင့်လို့ ပါ။ မဟုတ်ရင် မသွားဖူးရယ်။ သွားရင်း၊ သွားရင်းနဲ့ ရင်ပြင်ကို ရောက်လာတယ်ဗျာ။ အဲဒီမှာ ဘုရားကို ဦးချတာတွေ ဘာတွေ လုပ်တယ်။ ဖိုးထောင် ပြောနေသေးတယ်။ “ငါ စိတ်ပါလာလို့ ဆီရင် တရားထိုင်ပြီး နေခဲ့ တော့ မယ်။ မင်းတို့ ပြန်နှင့်” ဆိုဗြဲ။
ရင်ပြင်ကနေ တည့် တည့် ဆက်သွားရင် ရွှေကျင်ချောင်းဘက်ကို ဆင်းတဲ့ စောင်းတန်း တစ်ခုရှိသေးတယ်ဗျ။ အနော်တို့ က ရင်ပြင်အတိုင်း ဘုရားကို ပတ်ပြီးလာနေတော့ … အဲဒီစောင်းတန်းလည်းရောက်ရော… စတီးဆိုတဲ့  ကောင်က စောင်းတန်းကို သွားကြည့် တယ်။ အဲဒီအချိန်မှာ လူ အစီအစဉ်က ဒီအတိုင်းဖစ်သွားတယ်။ စတီးက သုတ်သုတ် သုတ်သုတ်နဲ့ ရှေ့ က သွားနေတာဆိုတော့  ဒီကောင် ထိပ်ဆုံး… ပြီးတော့ ကျော်ကျော်အောင်… ပြီးတော့ ဖိုးထောင်၊ အဲဒီနောက်မှာ အနော် :D ဟီး။ အနော်က အေးအေးလူလူသွားနေတာပါဗျာ။ ဘုရားပေါ်က အဆောင်တွေလည်းလိုက်ကြည့် ရင်းနဲ့ လေ။ မိုးကလည်း ဖွဲတဲတဲ ရွာနေတာကိုး။ အရမ်းအမြန်လျှောက်ရင် ချော်လဲမှာဆိုးရတယ်။ အောက်မှာက စကျင်ကျောက်ပြားတွေ ခင်းထားတယ်။ အဲဒီမှာ စတီးက အဲဒီစောင်းတန်း ထိပ်လည်း ရောက်ရော… အနောက်ကို “ဆတ်” ခနဲ ခုန်ဆုတ်လိုက်တယ်။ ပြီးတော့ အနော်တို့ ဘက်ကို လှည့် ပြီး “ရှူး…တိုးတိုး” ဆိုတဲ့  ပုံစံမျိုးလုပ်ပြတယ်။ သူ အဲဒီလို လုပ်ပြတော့ … အနော်တို့ လည်း စိတ်ဝင်စားပြီး သူ့ ဆီကို လျှောက်သွားကြတယ်။ သူဘာမြင်တာလဲ သိချင်လို့ လေ။ သူက အနော်ကို ဆုတ်ပြီးတဲ့ အပြင် ဘုရားရင်ပြင်ပေါ်မှာ လှဲ အိပ်ပြီး ခေါင်းလေးပဲ ဖော်ပြီး ကြည့် နေတာ အောက်ကို :D ။
အမှန်တော့ အဲဒီစောင်းတန်းက အတွဲတွေ ဘာတွေ လာတတ်တယ်။ ဒီတော့ … ဒီကောင် အတွဲများ မြင်သလားပေါ့နော်။ အတွဲဆိုရင်တော့ … ဟိဟိ ချောင်းပီပေါ့ အနော်က ကြိတ်တွေးနေတာ :D ၊ ဟီး။ အဲဒီအချိန်မှာ ဖိုးထောင် တရားသမားကြီး အပါအ၀င် ကျန်တဲ့ ညီအကိုတွေ အားလုံး စောင်းတန်းထိပ်ကို ရောက်ပြီး အဲဒီအောက်မှာ ရှိနေတဲ့ အရာကို ကြည့် နေကြပီ။
အနော်က အေးအေးဆေးဆေး သွားနေတာ။ သူတို့ က ပြေးသွားတာပဲဗျ။ အနော်ကတော့ ဒီလိုတွေးတယ်။ ပြေးသွားလည်း မြင်ရမှာပဲ။ ဖြေးဖြေးသွားလည်း မြင်ရမှာဗြဲဗျာ။ ဒီတော့ … အပင်ပန်းမခံနိုင်ဝူး ဆိုပြီး အေးအေးဆေးဆေး လစ်နေတာ ဟိဟိ :D ။ သူတို ဒီလောက် စိတ်ဝင်စားပုံ ထောက်ရင်တော့ … အဟဲ :D အနော်လည်း သူတို့ စိတ်ဝင်စားသလောက် ကြည့် ရမှာပေါ့ဗျာ။ ဟုတ်တယ်မလား … ဒီတော့ … ဖြေးဖြေးပဲ။
အဲဒါ သွားရင်းနဲ့ သူတို့ နားကို ရောက်ပြီး အနော် နှစ်လှမ်း၊ သုံးလှမ်း လှမ်းရင် အောက်မှာ ဘာလဲဆိုတာ ကြည့် လို့ ရတဲ့ အချိန်လောက်ကျမှ စတီးက “၀ုန်း” ခနဲ ဆိုပြီး ထပြေးတာဗျို့ ။ ဒီကောင်လည်း ပြေးယော... ကျန်တဲ့ ညီအကို နှစ်ယောက်ပါ။ အဲဒီနားက ထပြေးတာ။ အနော်ရှိတယ်လို့ တောင် မထင်တော့ ဝူးဗျို့ ။ အဟုတ်။ အနော်လည်း ကြောင်သွားတယ်။ ဘာလို့ ထပြေးသလဲပေါ့။ သူတို့ ပြေးတာကလည်း ကြောက်လန့် တကြား ပြေးတာနော်။ ပုဆိုး ဂွင်းသိုင်းပြီးတော့ ကို ပြေးနေတာ။ အဲဒီမှာ အနော်ပဲ ကြောင်ပြီးတော့  ငုတ်တုတ်ကျန်ခဲ့ တယ်။
ခက်တာက အနော်လည်း သူတို့ ဘာကြည့် လဲဆိုတာ သိချင်တယ်ဗျာ :D ။ အဲဒီနေရာမှာ အနော်လည်း တော်တော် ဝေခွဲရခက်သွားတယ်။ သူတို့ ကြည့် နေတဲ့ အရာကို ကြည့် ပီးမှ သူတို့ နောက် လိုက်ပြေးရင် ကောင်းမလား? ။ ဒါမှ မဟုတ် မကြည့် တော့ ပဲ သူတို့ ပြေးတဲ့ အနောက် ပြေးလိုက်ရင် ကောင်းမလားဆိုတာလေ… သို့ ပေ့ မယ် အချိန်မရလိုက်ပါဝူးဗျာ။ သူတို့ ပြေးတာနဲ့ ကိုယ်လည်း လိုက်ပြေးတော့ တာပါပဲ :D ။ ဟိဟိ ။ အသေပြေးရတာဗျို့ ။ သူတို့ က ဘာလို့ ပြေးနေမှန်းမတိဝူးရယ်။ သောက်ရမ်းမြန်တယ်။ ကျော်ကျော်အောင်ဆိုတဲ့ ကောင် အသေးဆုံး အားလုံးထဲမှာ။ ဒီကောင် ထိပ်ဆုံးက :D ။ သူ့ နောက်မှာ စတီး၊ သူ့ နောက်မှာ ဖိုးထောင်၊ အားလုံးနောက်မှာ ဘာမှန်းမတိပဲ ပြေးနေတဲ့ အနော် :D ။ ပြေးတာတော့ .. အသေနော်။ အနော်လည်း ပုဆိုးကြီး ၀တ်ထားတာဆိုတော့ … မတိဝူးဗျာ၊ ဂွင်းသိုင်းပြီး သုတ်တာပဲ :D ။ အဖြစ်အပျက်ကလည်း မြန်တယ်နော်။ စာနဲ့ ရေးနေလို့ သာ ကြာသလို ထင်နေရတာ။ အဲဒီညကတော့ တကယ်ပါပဲဗျာ။ လေပါတယ်။
အဲဒါ ပြေးရင်းနဲ့ အနော် ဖိုးထောင်ကို မှီအောင် မနည်းလိုက်ရတယ်။ စောင်းတန်းအတိုင်းသူတို့ က မုဒ်ဦးကို ပြေးကြတာ။ အဲဒီတော့ … အဆင်းက တော့ … ကုန်းဆင်း သက်သာပေ့ မယ်။ အတတ်က မသက်သာဖူးဗျို့ ။ ပိုဆိုးတာက အနောက်က ဘာမှန်းမသိတဲ့ အရာကို ပိုကြောက်တာ။ စတီးနဲ့ ကျော်ကျော်အောင်က အနောက်ကို လှည့် ကြည့် ၊ လှည့် ကြည့် နဲ့ သုတ်တာ။ ဒီတော့ … “ဟ! ငါ့တို့ နောက်မှာ ဘာများ ပါလာသလဲ” ပေါ့နော်။ အနော်လည်း တွေးတာပေါ့ဗျာ။ ဘယ်လောက်တောင် တွေးပလိုက်လဲဆို… “ဥစ္စာစောင့်၊ ဘုရားစောင့်၊ အကုန်ပေါ့ဗျာ။ အနော်တို့ နောက်ကို Transformer ထဲက စက်ရုပ်တွေလို အကောင် အကြီးကြီးဖစ်ပြီးများ လိုက်လာသလား? ဒါမှ မဟုတ်… ကုန်းကုန်းကွကွနဲ့ … ခွေးဘီးလူးတွေများ လိုက်လာသလား?” အားဗျာ။ ပြေးရင်းနဲ့ တွေးပလိုက်တာ… တစ်ဆုံးပဲ။ :D ဟီး။ လူက တော်တော်လည်း ကြောက်သွားတာကိုး။ ပြေးရင်းနဲ့ ပိုကြောက်တာဗျ။ အဲဒါပိုဆိုးတယ်။ L တွေးလိုက် ပြေးလိုက်နဲ့  မဆုံးတော့ဝူး ;( ။ “ပြေးရင်းတွေး၊ တွေးရင်းပြေး” ပေါ့ဗျာ ဟိဟိ :D ။
အဲဒါ ဖိုးထောင်ကို မှီခါနီးမှာ အနော်လုံးဝ မရတော့ ဖူးဗျာ။ လာခါနီးက ထမင်းကြော်အ၀တုတ်ထားတော့ … အခုလိုလည်း ပြေးလိုက်ရော ဗိုက်တွေ အောင့်တတ်လိုက်တယ်။ လူက ဒီအတိုင်း ဆက်ပြေးရင် တစ်ခုခုတော့ ဖြစ်တော့ မယ်ဆိုတာ သိတယ်။ ဗိုက်က အောင့်တတ်လာတာကိုးဗျ။ အဲဒါနဲ့ … အနော့ ရှေ့ က ပြေးနေတဲ့ … ဖိုးထောင်ဆိုတဲ့ ကောင်ကို ဒိုင်ဗင်လှမ်းထိုးပြီး ခုန်အုပ်လိုက်ရတယ်။ ဖိုးထောင်ရော…. အနော်ေ၇ာ…. ဟပ်ထိုးလဲ တာဗျာ။ မြင်မကောင်းဝူး။ ပြီးတော့ အနော်က လက်မြဲတယ်။ ဖိုးထောင်ဂုတ်ကို အတင်းဆွဲထားတာ။ ဒီကောင် ထပြီး ဆက်ပြေးမှာဆိုးလို့ …. ပြီးတော့ အနော်လည်း ပြောလိုက်တယ်။
“မပြေးနိုင်တော့ ဘူးကွာ၊ ငါဗိုက်သောက်ရမ်းအောင့်နေတယ်။ ဘာကောင် ဖြစ်ဖြစ် ဆော်မယ်။ ယီးဗြဲ” ဆိုပြီးလေ။
(မှတ်ချက်။ ။ အဆဲပါလို့ ရိုင်းတယ် မထင်ပါနဲ့ ခင်ဗျာ။ အနော် အဲဒီအချိန်တုန်းက သုံးခဲ့ သမျှ အမှန်အတိုင်းရေးတာပါ)
ပြီးတော့ … အဲဒီစောင်းတန်းမှာ ပက်လက်ကြီးလှန်ပြီး အမောဖြေနေလိုက်တယ်။
ဖိုးထောင်က ရုန်းသေးတယ်။ အနော်အတင်းဆွဲထားလို့ ။ ပြီးတော့ … ဆက်ရုန်းနေရင် မင်းကို အရင်ထိုးပလိုက်မယ်နော် ဆိုပြီး ကြိမ်းပလိုက်တယ် :D အဟုတ်။ ဘယ်နှယ့် ! အနော်လည်းဗျာ။ အဖော်တော့ လိုချင်တာပေါ့။ ဘယ်နှယ့် ! ညီအကို အချင်းချင်းတောင်ဗျာ။ ဒီကောင်တွေ လုပ်ပုံနဲ့ … အနော် သေပြီး ကျန်ခဲ့ လည်း ပြန်လာရှာမယ် မထင်ဖူး။ လူမညီတာပေါ့ အဲဒါ။ အဲဒီလိုကောင်မျိုးတွေ ဆိုရင် အနော် မပေါင်းချင်ဖူးဗျာ။ အဟုတ်။ အစိုင်းနဲ့ ဖြစ်ခဲ့ တုန်းက တောင်မှာ နှစ်ယောက်သား အိနြေ္ဒရရ ပြန်လာခဲ့ သေးတာပဲ။ အခုဟာက ဇွတ်ပြေးနေကြတော့ တာပါပဲ။ အနော်လည်း တစ်ယောက်တည်းဆို မနေရဲပါဝူး။ “အဖော်ကောင်းရင်တော့ .. အဟဲ :D ငရဲထိလည်း လိုက်ရဲပ” ဆိုတဲ့ စကားပုံအတိုင်းပေါ့ဗျာ :D ။ အဲဒီကတည်းကလည်း ဒီကောင်တွေ အကြောင်းလည်း သိသွားပါတယ်။ နောက် ဘယ်တော့ မှ သူတို့ နဲ့ မသွားတော့ ဖူးလို့ ဆုံးဖြတ်လိုက်ရတယ်။ လောလောဆယ်တော့ … ဘုရားရဲ့ စင်္ကြန်လမ်းအပေါ်မှာ နှစ်ယောက်သား ပက်လက်ကြီး :D ဟီး။
တော်တော်လေး အမောဖြေပြီးတော့ .. သက်သာတော့ မှ အနော်တို့ မုဒ်ဝကို သွားကြတယ်။ အဲဒီမှာ… ဟိုမသာ နှစ်ကောင်က ထိုင်ပြီး စောင့်နေကြတယ်။ အနော်က မေးလာတာ ဖိုးထောင်ကို
“မင်းတို့ ဘာမြင်ခဲ့ တာလဲ” ဆိုတော့ … ဖိုးထောင်က
“မင်း စတီးကို မေးတဲ့ ၊ ဒီကောင် မြင်တာ ပိုရှင်းတယ်။ ငါတို့ ဘက်က အကွက် အကွင်းမသာတော့ သိပ်မမြင်ရဖူး” တဲ့ လေ။ အနော်လည်း “ဟမ်” ဆိုပြီး ကြောင်သွားတယ်။
“ဒါဆို.. မင်း ဘာမှန်းမသိပဲနဲ့  ပြေးတာပေါ့ ဟုတ်လား?” ဆိုတော့ … ဒီကောင်က ဘာမှ မပြောပဲ မုဒ်ဦးကိုပဲ သုတ်နေတယ်ဗျ။ ကျွန်တော်လည်း စိတ်တော်တော် တိုသွားတယ်။ သေသေချာချာ ကြည့် ခဲ့ ပြီးတော့ မှ.. ပြေးရင် အနော်ကျေနပ်ပါတယ်ဗျာ။ အခုဟာက L ။ သောက်ကျိုးနည်း ပြေးလည်းပြေး၇သေးတယ်။ ဘာမှလည်း မသိခဲ့ရ၀ူး။
သူတို့ ပိုဆိုးတယ်။ တင်းတာလေ အနော် မပြောပါနဲ့ တော့ ။
အဲဒါ မုဒ်ဦးဝရောက်မှ ဟိုနှစ်ကောင်ကို မေးရတယ်။ စတီးက ဘာပြောလဲဆိုတော့ …
“အတွဲလား မသိဖူးတဲ့ ။ နှစ်ယောက်ထပ်နေကြတာတဲ့ ၊ အောက်မှ ကောင်မလေးက ထမိန်အဖြူနဲ့ ” တဲ့ ။ အနော်က…
“အေး.. အတွဲဆို .. မင်းက ဘာဖြစ်လို့ ပြေးတာလဲ” ဆိုတော့ …. စတီးရော ဟိုကောင်ကပါ ပြောလာတယ်။
“အာ… အဲဒီလူ ကျွန်တော်တို့ ကို လှမ်းကြည့် တဲ့ မျက်လုံးတွေက မူမမှန်ဝူး၊ မျက်ထောင့်နီကြီးနဲ့ အပေါ်ကို လှမ်းကြည့် တာ။ မတော်လို့ … လူမဟုတ်ရင် ဘယ်လိုလုပ်တုန်း” တဲ့ ။ အဲဒါကြောင့် ပြေးလာတာပေါ့တဲ့ ။ အကုန်လုံးကလည်း ထောက်ခံတယ်။
အဲဒီမှာ အနော်တင်းတာဗျာ။ တစ်ယောက်တစ်ချက်ဆီ လိုက်ကန်ပလိုက်တယ်။ အားရပါးရကို ကျုံးကန်တာနော်။ ပါးစပ်ကလည်း တော်တော်ဆဲပလိုက်ချင်တာ။ ဘုရားပေါ်မှာ မို့ ။ ဘယ်နှယ့် ! ဗျာ။ သူ ဘာသာ သူ ဘာကောင်ဖြစ်ဖြစ်ပေါ့။ အနော်တို့ က လေးယောက်။ ဟိုက အတွဲဆိုပါတော့ … နှစ်ယောက်ဗျာ။ အတွဲဆို ပိုဆိုးတယ်။ ဆော်ပါနေတဲ့ လူက ဘယ်တော့ မှ ပြသနာရှာတတ်တာမဟုတ်ဖူးရယ်။ စဉ်းစားကြည့် လေဗျာ။ ဘုရားကို ဒီအချိန်မှာ အတွဲလာတယ်ဆိုတော့ …
မကောင်းတာလုပ်တာပဲ ဖြစ်မှာပေါ့။ အဲဒီလိုလူက ကောင်းတဲ့ လူကို ပြသနာရှာရဲ မလား။ အဲဒါကို မစဉ်းစား မဆင်ခြင်ဘဲ ဇွတ်ပြေးကြလေရဲ့ ။ သူတို့ ပြေးတာ ပြသနာမရှိဖူးဗျာ။ သူတို့ ခြေထောက်နဲ့ …သူတို့ ပြေးတာ။ ပြုတ်ပဲ ထွက်ထွက်၊ ကျိုးပဲ ကျိုးကျိုး။ အနော်နဲ့ ဆိုင်ဝူး။ အနော်က ဘလိုင်းကြီးကို ပြေးလိုက်ရတယ်။ လူကလည်း သောက်ရမ်းတင်းသွားတယ်။
အဲဒါနဲ့ … ပြန်မလို့ လုပ်နေတဲ့ … သူတို့ ကို ကြည့် ပြီး… “ပြန်သွားမယ်” ဆိုပြီး ပြောချလိုက်တယ်။ အဲဒီမှာ… ဒီကောင်တွေ အကုန် “အာ…မလုပ်ပါနဲ့ ၊ မသွားတော့ ဘူး” တွေ၊ ဘာတွေ ဖြစ်ကုန်တယ်။ ဖိုးထောင်ဆို… “ဟာ… ဟေ့ ရောင် အဲဒီလူ မူမမှန်ပါဝူးဆို.. မင်းကလည်း မသွားနဲ့ တော့ … ပြန်မယ်” ဘာညာဆိုပြီး မုဒ်ဦးထိပ်မှာ ရပ်ထားတဲ့ ဆိုင်ကယ်ကို ခွထားပြီးပြီ။ ရှင်းရှင်း ပြောရင် အနော်သူတို့ ကို သောက်ရမ်းတင်းသွားတယ်ဗျာ။ ဒီကောင်တွေ ဒီသောက်ကျင့်အမြဲရှိတယ်။
လုပ်လည်း လုပ်တယ်။ သူတို့ သွားချင်ရင် … မရရ အောင်ခေါ်တယ်။ အယ်! ကိုယ့် အလှည့် ကျရင် ရူးချင်ယောင်ဆောင်တယ်။ အနော်လည်းခံခဲ့ ရပေါင်းများတော့ … ဘုရားပေါ်မှာ တော်တော်လေး ပေါက်ကွဲသွားတယ်။
“အေး…. ပြန်ကြ၊ အကုန် ပြန်… ငါနေခဲ့ မယ်။ ငါသွားမယ်။ ဘာလဲ! ဆိုတာ ကြည့် ခဲ့ ပြီးမှ ငါပြန်လာမယ်။ မလာရင် သေပီမှတ်လိုက်။ ဟုတ်ပြီလား?” ဆိုပြီး ဘုရားရင်ပြင်ဘက်ကို ထွက်သွားတော့ မှ… ဒီကောင်တွေ အကုန် ပြန်လိုက်လာတယ်။
အနော်ကတော့ … သူတို့ ကို စကားကို မပြောတာ။ ကိုယ် မှင်နဲ့ ကိုယ်ဆက်လျှောက်နေလိုက်တယ်။ သူတို့ ကအနော် နောက်ကနေ လိုက်လာကြတယ်။ ဒီလိုဆိုတော့ လည်း ညီအကို သိသားဟ :D ဟီးဟီး။ အဲဒီလို လျှောက်လာရင်းနဲ့ စောင်းတန်းတစ်ဝက်အရောက်ဗျာ… ခွေးတွေ အူလိုက်တာလေ.. မြင်မကောင်းဝူး။ ဟိုးဝမ်းခေါင်းထဲကပါ စိမ့် ပြီးတတ်လာတယ်။ ကြက်သီးက။ အဟုတ်။ အနော်လျှောက်နေတဲ့ .. ခြေထောက်တွေပါ တန့် သွားတယ်။ ပြီးတော့ အနောက်ကို လှည့် ပြီး ဟိုကောင်တွေကို ကြည့် လိုက်တော့ … သူတို့ လည်း တန့် သွားတယ်ဗျာ။ ဖြစ်ချင်တော့ …
သူတို့ သုံးယောက်နဲ့ … အနော်နဲ့ က မျက်နှာခြင်းဆိုင်ဖြစ်နေတယ်။ အဲဒီအချိန်မှာ ခွေးတွေ အူတာကလည်း မပြီးသေးဖူးရယ်။
မျက်နှာခြင်းဆိုင်ပြီး တစ်ယောက်နဲ့ တစ်ယောက် ကြည့် နေတာ ငါးမိနစ်လောက် ကြာတယ်။ အမှန်က “ဘယ်သူ စပြေးမလဲ” ဆိုပြီး ကြည့် နေကြတာ။ အနော်တောင် ပြေးချင်တယ်။ ကျန်တဲ့ လူမပြောနဲ့ ။ ခုနကတည်းက ပြေးလာရတော့ …. ပြေးတဲ့ အရသာလေး သိနေလို့ သာ ငြိမ်နေလိုက်တာ ဟီး :D ။ အဲဒါ အနော်က အရင်ဆုံး… ဖိုးထောင်ရဲ့ ပုခုံးကို ကိုင်ပြီး “လာ ဆက်သွားမယ်” ဆိုပြီး… ဘုရားဘက်ကို လျှောက်လာခဲ့ လိုက်တယ်။ အဲဒိတော့ မှ အားလုံးလိုက်လာကြတယ်။ ဟုတ်တယ် ဒီကောင်ကို အပီချုပ်ထားမှ မပြေးမှာ။ နောက်တစ်ခါ ပြေးကြရင် အနော် သေရချည်ရဲ့ ။ မပြေးနိုင်တော့ ဝူး။ တစ်ယောက်ယောက်တော့ … မပါပါအောင် ခေါ်ထားမှာ :D ။ ညီအကိုတွေကိုလည်း ပြောလိုက်တယ်။ အခုသွားကြည့် တာ မတော်လို့ သရဲ ဖြစ်နေရင်လည်း မပြေးကြနဲ့ နော်။ ငါရှိတယ် သိလား။ ဆိုပြီးလေ။
အမှန်က သူတို့ မပြေးမှ အနော်လည်း သတ္တိရှိတာ။ သူတို့ ပြေးလိုက်တာနဲ့ …အနော်သတ္တိလည်း သူတို့ နောက်ပါသွားတာ ဟီးဟီး :D ။
ဒီလိုနဲ့ ဗျာ။ စောင်းတန်း ပြန်ရောက်လာတယ်ဆိုပါတော့ ဗျာ။ အဲဒီမှာ အနော်ကိုယ်တိုင်သွားချောင်းတာ ထိပ်ဆုံးကနေပြီးတော့ လေ။ ဖိုးထောင်ရဲ့ ပုဆိုးကိုလည်း ကိုင်ထားသေးတယ်။ ပြေးမှာဆိုးလို့  :D ။ ဟုတ်တယ်ဗျ။ အဲဒီစောင်းတန်းမှာ အတွဲလား! မသိဖူးရယ်။ လှေကားထစ်လေးတွေပေါ်မှာ …. နှပ်နေတာ။ အဲဒါနဲ့ … အနော်လည်း သေချာအောင် ဆင်းကြည့် ချင်တယ်ဆိုပြီး ဖိုးထောင်ကို ပြောတယ်။ ကျော်ကျော်အောင်က ဒီေ၇ာက်မှတော့ မထူးတော့ ပါဝူးလေ။ ဖြစ်ရင်လည်း ခံကြတာပေါ့ဆိုပြီး :D ပြောလာတယ်။ ကိုယ်လည်း ကြောက်ကြောက်နဲ့ ဆင်းတာပါ။ ဘုရားပေါ်က မီးရောင်ရှိနေလို့ … စောင်းတန်းက နည်းနည်းမှောင်တယ်။
အဲဒါနဲ့ ဆင်းကြည့် တော့ ….. မှ “လားလား…. နည်းတာကြီးမဟုတ်ဖူးဗျို့ ” ။ လူ ပြောပါတယ် ဟီး :D ။ လူတစ်ယောက် အိပ်နေတာပါ။ သူတောင်းစားထင်ပါတယ်။ ပြီးတော့ … သူ အိပ်နေတဲ့ အောက်က စတီးပြောတဲ့ … ထမိန်ဖြူဖြူဆိုတာ ပလစ်စတစ် ၀ါတာဘလူး အဖြူရောင်ကြီးပါဗျာ။ အဲဒီတော့ မှာ… အနော်က ခုနပြေးတဲ့ မသာသုံးကောင်ကို မော့ ကြည့် ပြီး “တွေ့ ပီးလား… မင်းတို့ အတွဲ” ဆိုတဲ့ အထာနဲ့ မေးဆတ်ပြလိုက်တယ်။ ဒီတော့ မှ ဒီကောင်တွေလည်း အင်း အဲ ဖစ်ကုန်တယ်။ :D ။
အဲဒီလူကလည်း အိပ်နေတာများ သိုးလို့ ။ ဟောက်တော့ ဟောက်မနေဖူးနော်။ အအိပ်တော့ ဆတ်တယ်။ အနော်တို့ သူနဲ့ နီးလာတော့ … ငုတ် ခနဲ ထထိုင်တာ။ ကိုယ်တောင် တွန့် သွားတယ်။ အရပ်ကလည်း ခြောက်ပေလောက် မြင့်တယ်ထင်တယ်။ မှုတ်ဆိတ်၊ ပါးသိုင်းမွှေးတွေနဲ့ …။ အနော်လည်း သူ လူဆိုတာ သေချာသွားတော့ … အနားသွားပြီး ခပ်တည်တည်နဲ့ … “အကို ဘယ်ကလဲ” ဆိုတော့ … ဒီလူက ကရင်လို ပြန်ပြောတယ်။ အနော် မြန်မာလို မေး၊ သူက ကရင်လို ပြောနဲ့ ။ တော်တော်ကို တိုင်ပတ်သွားတယ်။ ဖိုးထောင်က အဲဒီအချိန်မှာအနော်ကို လက်ကုပ်တယ်။ ပြီးတော့ ဒိုးမယ် ဆိုတဲ့ အထာနဲ့ … လုပ်ပြတယ်။ အနော်လည်း… ဒီလောက် သိရမှတော့ တော်ပါပီ ဆိုပြီး ပြန်လာခဲ့ ကြတယ်။
ဒီလိုနဲ့ … ဘုရားကြီးကနေ အိမ်ကို ပြန်လာရင်း… ဆိုင်ကယ်ပေါ်မှာ ဖိုးထောင်က ဘာပြောသလဲ ဆိုတော့  “မင်းက ဒီမြို့ အကြောင်း မသိပဲနဲ့ ဇွတ်ကြီးတွေ လုပ်မနေနဲ့ ။ ခုနလူက ကရင် ရုပ်၊ ပြီးတော့ … ဗမာစကားလည်း တတ်တာ မဟုတ်ဝူး၊ ငပွေး (KNU) ထဲက ဖြစ်နေရင် မင်းကို သတ်သွားလိမ့် မယ်၊ သိလား” ဘာညာနဲ့ ။ အနော်ကလည်း ပြန်ပက်လိုက်တယ်။
“သေလိုက်၊ မင်းမေ့ လင့်… အခုတော့ … သိသွားပြီမလား၊ ဘာလဲဆိုတာ။ မသိပဲ ဇွတ်ပြေးနေတာထက် စာရင် သိသွားတော့ ပိုမကောင်းဖူးလား၊ သူက တစ်ယောက်တည်းကို ငါတို့ က လေးယောက်တောင် မင်းက ဇွတ်ကြောက်နေ။ သောက်ချီးထဲမှာ… ငါယီး၊ ပြေးလိုက်ရတာ လူကို ဖတ်ဖတ်မောယောပဲ” ဘာညာနဲ့ ဒီကောင်ကို ပြန်ပြောထည့် ပေးလိုက်တယ်။ ဒီတော့ မှ ပါးစပ်ပိတ်တော်မူတယ်။ :D
ဒီလိုနဲ့ အိမ်ရောက်တော့ … မနက်လေးနာရီတောင် ထိုးပြီခင်ဗျ။ အနော်တို့ လည်း… အိပ်ယာထဲ ၀င်တာနဲ့ …တုံးခနဲ အိပ်ပျော်သွားတာပါပဲ။ တစ်နေကုန် ခြံထဲမှာ လမ်းလျှောက်ပြီး ပတ်ပတ်နေလို့ … ပင်ပန်းတာတစ်မျိုး၊ လူကို သရဲ ထင်ပြီး ပြေးရတာတစ်မျိုးဆိုတော့ … ဒီခန္ဓာကိုယ်ကြီးမှ မပင်ပန်းရင်လည်း “ ၀ူး………… မောပါတယ်ဗျာ” ။ သို့ ပေ့ မယ် အမှတ်တရ ညတွေထဲမှာတော့ … ဒီတစ်ညက တော်တော်လေး လတ်လတ်ဆတ်ဆတ်ဖြစ်ခဲ့ တဲ့ ညပါပဲဗျာ။
ပြီး၏
ငဇူး
by facebook page

0 comments:
Post a Comment