ကျန်းမာရေး
နှင့် ညီညွတ်သော စားသောက်မှု ပုံစံသည် အမျိုး သမီးတစ် ယောက် ဖြစ်သော
သင့်ကို အလုပ်များ လှသော နေ့ရက်တစ်ရက် ဖြတ်ကျော် ရာတွင် အောင်မြင်စေရန်
ကူညီပေး နိုင်ပါသည်။ အစားအသောက်မှ စွမ်း အင်၊အာဟာရများရရှိကာ သင့်၏နေ့
စဉ်ဘဝတွင် လှုပ်ရှားသွားလာဆောင် ရွက်နိုင်ပါလိမ့်မည်။ ကျန်းမာရေးနှင့်
ညီညွတ်စွာ စားသောက်ခြင်းဖြင့် စိတ် ပျော်ရွှင်ချမ်းမြေ့မှုကို
ရရှိစေနိုင်ရုံသာ မက ကိုယ်အလေးချိန်ကို ထိန်းသိမ်း ထားနိုင်ကာ လှပစေမှာ
ဖြစ်သည်။ အမျိုးသမီးများ ကြုံတွေ့ခံစားရ လေ့ရှိသော ရာသီမလာခင်ခံစားရ သည့်
ဝေဒနာများ၊ သန္ဓေအောင်နိုင် စွမ်း၊ စိတ်ဖိစီးမှု၊ ကိုယ်ဝန်ဆောင်ခြင်း၊
မီးယပ်သွေးဆုံးခြင်း စသည့် ကျန်းမာ ရေးအခြေအနေများတွင် အာဟာရလုံ
လောက်မျှတစွာ စားသောက်ခြင်းဖြင့် အထောက်အကူပြုနိုင်ပါသည်။
ကျန်းမာရေးနှင့် ညီညွတ်သော စားသောက်မူပုံစံ
သင်၏ထမင်းဝိုင်းတွင်
- အရောင်စုံသော ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများကိုသာ နေရာပေး ထားပါ။ ပဲအမျိုးမျိုး စားသုံးခြင်းဖြင့် လည်း ခန္ဓာကိုယ်အတွက် လိုအပ် သော အမျှင်ဓာတ်နှင့်စွမ်းအင်များကို ရရှိစေနိုင်မှာ ဖြစ်သည်။ ဖြစ်နိုင်လျှင် ဒေသထွက် အသီးအနှံများကိုသာ စား သုံးပေးသင့်ပါသည်။
- အရိုးပွရောဂါသည် အမျိုးသမီးများ ကို တိုက်ခိုက်လေ့ရှိသော ရောဂါတစ် မျိုးဖြစ်သည်။ ထို့ကြောင့် အရိုးကျန်း မာရေးကောင်းမွန်နေစေရန် ကယ်လ် စီယမ်ြွကယ်ဝသော နို့နှင့်နို့ထွက် အစားအစာများ၊ ပဲအမျိုးမျိုး၊ ဘရိုကို လီ ပန်းဂေါ်ဖီစိမ်း၊ ကိုက်လန်၊ Brussel Spout ၊ Collard Green စသည့်တို့ကို စားသုံးပေးရပါမည်။
- အသားဓာတ်ကို အလွန်အကျူး မစားသုံးသင့်ပါ။ အသားဓာတ်သည် ကျန်းမာရေးကောင်းမွန်ရန် အဓိကလို အပ်သော အာဟာရဓာတ်တစ်မျိုး ဖြစ်ပါသည်။ သို့သော်လည်း တိရစ္ဆာန် မှရရှိသော အသားဓာတ်ကို လွန်ကဲ စွာစားသုံးခြင်းသည် ကယ်လ်စီယမ် ဆုံးရှုံးမှုကို ဖြစ်စေသည့်အတွက် အမျိုး သမီးများ အထူးသတိထားသင့်ပေ သည်။
- အမျိုးသမီးအများစုသည် သူတို့ စားသောက်နေသော အစားအစာများ မှ ခန္ဓာကိုယ်အတွက် လိုအပ်သော သံဓာတ်ပမာဏကို လုံလောက်စွာ မရ ရှိကြချေ။ ရာသီသွေးဆင်းနေသည့် ကာလများတွင် သံဓာတ်ဆုံးရှုံးမှုမှာ များပြားနေသည်။ ထို့ကြောင့် သံဓာတ်လုံလောက်စွာ ရရှိရန်မှာ အမျိုးသမီးတစ်ဦးအတွက် အလွန် အရေးကြီးပေသည်။ အနီရောင်အ သားများ၊ ကြက်သား၊ ဘဲသား၊ ပဲနီ ကလေး၊ ဟင်းနုနယ်ရွက် သို့မဟုတ် Spinach ဒေါက်ခွ၊ မက်မွန်သီးစသည့် သံဓာတ်ြွကယ်ဝသော အစားအစာများ ကို စားသုံးပေးသင့်သကဲ့သို့ ဆရာဝန် နှင့် တိုင်ပင်ကာ သံဓာတ်ဖြည့်စွက် အားဆေးများ သောက်သုံးပေးသင့်ပါ သည်။
- တစ်နေ့လျှင် အရက် ၂ ပက်ခန့် သောက်သော အမျိုးသမီးများသည် အရက်မသောက်သော အမျိုးသမီးများ နှင့် နှိုင်းယှဉ်လျှင် အရိုးပွရောဂါဖြစ် ပွားနိုင်ခြေ များပြားနေသည်။ ကဖင်းဓာတ်ကလည်း ဟော်မုန်း ပမာဏကို ဝင်ရောက်နှောင့်ယှက်သ ဖြင့် ကယ်လ်စ်ီယမ်ဆုံးရှုံးမှုကို များပြား စေသည်။ ထို့အတွက် အယ်လ်ကို ဟောပမာဏကို တစ်နေ့လျှင် တစ် ပက်ခန့်ထိ သောက်သုံးရန် ကန့်သတ် ထားပါ။ ကော်ဖီကိုလည်း တစ်နေ့ တစ်ခွက်ထက် ပိုမသောက်သုံးပါနှင့်။
ရာသီမလာခင် ခံစားရသော ဝေဒနာ များကို သက်သာစေသည့် အာဟာရများ
ရာသီမလာခင် တစ်ပတ်အတွင်း ဟော်မုန်းပမာဏ အတက်အကျဖြစ် မှုကြောင့် ခံစားရလေ့ရှိသော ဗိုက်ပူ ခြင်း၊ နာကျင်ကိုက်ခဲခြင်း၊ မောပန်းနွမ်း နယ်ခြင်း၊ စိတ်ခံစားလွယ်ခြင်းတို့ကို သက်သာစေရန် အောက်ပါအချက် များကို လိုက်နာပါ။
- အသွင်ပြောင်းဆီ၊ အချို၊ အငန်တို့ ကို စားသုံးခြင်း ရှောင်ကြဉ်ပါ။
- ကော်ဖီ၊ အရက် ဖြတ်ပါ။
- အနီရောင်အသား၊ ကြက်ဥအနှစ် စားသုံးခြင်းကို ကန့်သတ်ပါ။
- ပဲနို့၊ မြေပဲ စသော ဟင်းသီးဟင်း ရွက်များမှ ရရှိသော အသားဓာတ်များ ကို စားသုံးပေးပါ။
- နို့နှင့်နို့ထွက် အစားအစာများကို ရှောင်ကြဉ်ပါ။
- မရှိမဖြစ်ဖက်တီးအက်စစ်များြွကယ်ဝစွာ ပါဝင်သော ငါး၊ ငါးကြီး ဆီ၊ နှမ်းကြတ်ဆီ တို့ကို စားသုံးပါ။
- ဗီတာမင်ဖြည့်စွက်အားဆေးများကို သောက်သုံးပါ။ မက်ဂနီစီယမ်၊ ဗီတာ မင် E ၊ ဗီတာမင် B 6 စသည်တို့ပါ ဝင်သော ဖြည့်စွက်အားဆေးများကို သောက်သုံးနိုင်ပါသည်။
ကိုယ်ဝန်ဆောင် အမျိုးသမီး များအတွက် အာဟာရ
ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးသည် နေ့စဉ်လိုအပ်သော ကယ်လိုရီစုစုပေါင်း ပမာဏအပြင် နောက်ထပ် ၃၀ဝ ကယ်လိုရီပိုမိုလို အပ်ပါသည်။
- အဆီဓာတ်နှင့်အသားဓာတ်တို့ သည် သန္ဓေသား၏ဦးနှောက်နှင့် အာ ရုံကြောဖွံ့ဖြိုးမှုအတွက် အရေးကြီးပါ သည်။ ကျန်းမာရေးနှင့်ညီညွတ်သော ဆီများ၊ အသားဓာတ်များကို လုံ လောက်မျှတစွာ စားသုံးပေးရမည်။
- အရက်၊ ဆေးလိပ်လုံးဝမသောက်ရ။
- ကဖင်းဓာတ် စားသုံးမှုကို လျှော့ ချပါ။
- အစားအစာများကို ပမာဏနည်း နည်းဖြင့် အကြိမ်အရေအတွက် များ များစားသုံးပေးပါ။ သို့မှသာ ကိုယ်ဝန် ရှိစတွင် နံနက်ပိုင်းအန်တတ်သော ရောဂါနှင့် ရင်ပူခြင်းတို့ကို သက်သာ စေနိုင်မည်ဟု ကျွမ်းကျင်သူများက လမ်းညွှန်ထားပါသည်။
- ကိုယ်ဝန်ဆောင်မိခင်များသည် ချိစ် အပျော့စား၊ ဆူရှီ၊ သစ်ဥသစ်ဖုအစိမ်း၊ မာကျူရီဓာတ်ပါဝင်နေနိုင်သော တူနာ ငါးတို့ကို သတိပြုစားသုံးရမည် ဖြစ် သည်။
နို့တိုက် မိခင်များအတွက် အာဟာရ
- ကယ်လိုရီများများရရှိအောင် စား သုံးပါ။
- အသားဓာတ်နှင့် ကယ်လ်စီယမ် ဓာတ်များများ ရရှိအောင် စားသုံးပါ။
- ကိုယ်ဝန်ဆောင်ဖြည့်စွက်အားဆေး များ သောက်သုံးပေးပါ။
- ဆေးလိပ်၊ အရက်၊ ကော်ဖီ ရှောင် ကြဉ်ပါ။
မီးယပ်သွေးဆုံးချိန် ဝေဒနာများ သက်သာစေသည့် အာဟာရ
- ကယ်လ်စီယမ်ြွကယ်ဝသော အစား အစာများကို စားသုံးပါ။
- ဝိုင်၊ သကြား၊ ဖြူဖွေးနူးညံ့သော ဂျုံ၊ ကော်ဖီတို့ စားသုံးခြင်းကို လျှော့ ချပါ။
- အိုမီဂါ ၃၊ အိုမီဂါ ၆ အဆီအက် စစ် စသော ကျန်းမာရေးနှင့် ညီညွတ် သော အဆီများကို စားသုံးပေးပါက စိုပြည်သော အသားအရေကို ပိုင်ဆိုင် လာကာ ကျန်းမာပျော်ရွှင်စေနိုင်မှာ ဖြစ်ပါသည်။
- အသားအရေပူခြင်းအတွက် နှမ်း ကြတ်ဆီကို စားသုံးပေးပါ။
- ပဲနို့များများစားသုံးပေးခြင်းဖြင့် အပင်မှရရှိသော အီစထရိုဂျင်ဟော် မုန်းရရှိစေနိုင်မှာ ဖြစ်ပါသည်။

0 comments:
Post a Comment