ပြောရမယ်ဆိုရင်တော့ ကျွှန်တော့အပြစ်ပေါ့နော်။ ကျွှန်တော် အကျင့်က
အင်မတန်မှ စိတ်ကောက် ၊အရွှဲ့ တိုက် တတ်တယ်။ အဲဒီအကျင့်မကောင်းဘူးဆိုတာလည်း
သိတယ်။ ဒါပေမဲ့ ဘယ်လိုမှပြင်လို့မရဘူး။ ထစ်ကနဲ့ဆို စိတ်ကကောက် အရွဲ
့တိုက်ပြီ..။ သရဲကား ဆိုလဲ အင်မတန့် အင်မတန်ကြိုက်ဗျာ...။ မယုံမရှိနဲ့နော်
။ ကျွှန်တော့အိမ်မှာ ရှိတဲ့
ဇာတ်ကားပေါင်6း0...70..လောက်ကလေသူရဲကားတွေချည်းပဲ..။ တရက်..ကျွှန်တော်
တရုတ်သရဲကားကြည့်နေတာ..ဇာတ်ကားထဲမှာ လူငယ်တစုက ညပိုင်း လမ်းဘေးမှာ
ပန်းကန်တွေချပြီး ဇွန်းတွေနဲ့တီးနေကြတာ..။ သရဲခေါ်ပြီးထမင်းကျွေးတာတဲ့လေ..။
တကယ်လည်း ခဏနေကြတော့ သရဲတွေ ထမင်းလာစားကြတယ်....။ ဟဲဟဲ....အဲဒီမှာ
ကျွန်တော့်စိတ်ကူးထဲမှာ အတွေးတခုပေါ်လာ တယ်။ လက်တွေ့စမ်းကြည့်ချင်တာလေ...။
အဲဒါကို ကျွှန်တော်ကလည်း အငြိမ်မနေပဲ အမေ့ကိုသွားပြောလိုက်မိတယ်လေ။ အမား
ရေ ညကျရင် ဇာတ်ကားထဲက အတိုင်းစမ်းကြည့်လိုက်ရမလား....လို့ လည်း
ပြောလိုက်ရော အမေက ဆူပါလေရော.. တော်တော်လေးဆူတာ။
ကျွှန်တော်ကလဲ အဲလိုဆို စိတ်ကကောက်ပြီလေ..ရွဲ့ ချင်လာတာ။ စိတ်ထဲမှာ ညကျရင်တော့ အဲလိုလုပ်ကိုလုပ်ကြည့်အုံးမယ်ဆိုပြီး တေး..ထားလိုက်တာ။ ညနေ 53း0...6း00 နာရီလောက်ကျ အိမ်ကခွေးလေးကို ထမင်းကျွေးရတော့မှာလေ။ ကျွှန်တော့ ခွင်ထဲရောက်လာပြီလေ အချိန်က.... :P။ အိမ်နောက်ဖေးမှာ ခွေးထမင်းကျွေးမယ်လုပ်တော့ ခါတိုင်းဆို ခွေးနံမည်လေး ကိုခေါ်ပြီးမှ ကျွှန်တော်ကျွေးတာ။ ဒီနေ့တော့ ခွေးနံမည်မခေါ်ပဲ ဒီတိုင်းကျွေးကြည့်အုံးမယ် ဘယ်လိုဖြစ်မလဲ ဆိုတာသိချင်တာလေ။ ဒါနဲ့ ကျွှန်တော်က ပါးစပ်ကနေ " စားကြမယ်..ဟေ့...လာကြလာကြ..." ဆိုပြီး ခွေးစားတဲ့ပန်းကန်ကို ဇွန်းနဲ့ခေါက်ပြီးခေါ်လိုက်တယ် ။ပြီးတော့ ပန်းကန်ထဲကို ထမင်းထည့်ကျွေးပြီး ထားခဲ့တယ်။ ည 8း00 နာရီကျော်တော့ ဇာတ်လမ်းစတာပဲ။
ဧည့်ခန်းမှာ တီဗွီကြည့်နေတုံး.. ဘေးက တံခါးမှန်တွေကို ခဲသေးသေးလေးတွေလာမှန်တယ်။ အစကတော့ ဒီတိုင်း တခုခုလာမှန်တယ်ထင်တာပေါ့။ ခဏခဏ မှန်ကိုလာလာထိနေတော့ အဖေက ဘယ်ကောင် ငါ့အိမ်ကို လက်ကမြင်းပြီးထုနေလဲမသိဘူးဆိုပြီး အိမ်ပြင်ကိုထွက်ကြည့်တယ်။ ဘာမှမရှိဘူး..။အိမ်ထဲပြန်ဝင်လာတယ်..။ နောက်ထပ်ခဲလေးတွေလာ မှန်ပြန်တယ်။ ဒီတခါ ပြတင်းပေါက်တွေတင်မကဘူး ခေါင်မိုးပေါ်ကို လာမှန်တာ ခဲလေးတွေက။ အဖေကထွက်ကြည့်ပြန်တယ်။
ကျွှန်တော်တို့အိမ်က လမ်းဘေးထောင့် နားမှာဆိုတော့ ထွက်ကြည့်လိုက်တာနဲ့ လမ်းတလျှောက် ဘယ်သူသွားသွား အဝေးကြီးကိုတန်းနေအောင်မြင်ရတာ။ ဒါပေမဲ့ ခဲမှန်ပြီးပြီးချင်း အဖေက လမ်းပေါ်ကိုထွက်ကြည့်တာ တော်တော်ဝေးဝေးထိ ဘယ်သူ့ကိုမှမတွေ့ရဘူး။ လူက ပစ်လိုက်တယ်ဆိုလည်း မြင်ရမှာလေ။ မီးတွေကလည်း လင်းထိန်နေတာ ။ခုဟာက လူမပြောနဲ့ ခွေးတကောင်တလေ ကိုမရှိတာ။အဖေက အိမ်ထဲဝင်လာပြီး အမေ့ကိုပြောတယ်။ ဘာလဲမသိဘူး ဘယ်ကောင်လက်ကမြင်းနေလဲမသိဘူး အိမ်ကိုခဲလေးတွေနဲ့ လှမ်းလှမ်းပေါက်နေတယ် ထွက်ကြည့်တော့လဲ လူမရှိဘူး။ ခဲပစ်တဲ့အရှိန်နဲ့ အသံကလဲ အဝေးကြီးကပစ်တာမဟုတ်ဘူး အနီးကပ်လေး လှန်းလှန်းပစ်နေတာတဲ့။ မဟုတ်သေးဘူးထင်တယ်ဆိုပြီး ဒေါပွနေတယ်။
အဲဒီအချိန်…ကျွှန်တော်သိလိုက်ပြီ….. :P ။ ကျွန်တော်လုပ်ထားတဲ့ကိစ္စတော့ တကယ်ဖြစ်လာပြီဟ ဆိုပြီး ငြိမ်နေလိုက်တယ်။ပြောလိုက်ရင် ဆူခံရမှာလေဗျာ။ ဒါပေမဲ့ ခဲတွေက အဆက်မပြတ်ထုနေကြတယ်။ တော်တော်လေးဆိုးလာတယ်။ ကြာတော့ ကျွှန်တော်လဲကြောက်လာတာပေါ့။ ဒီတိုင်းငြိမ်နေလို့တော့မရတော့ဘူးထင်တယ် တခုခုတော့လုပ်မှပဲဆိုပြီး…အိမ်ထဲကိုဝင် ညနေက ကျန်တဲ့ ထမင်းနဲ့ ဟင်းလေးတွေကို နှစ်ယောက်သုံးယောက်စာလောက်ရအောင် နယ်ဖက်ပြီး အိမ်ရှေ့ထွက်လာတယ်။ အဲဒီမှာအမေက နင်ဘာလုပ်တာလဲ…လို့မေးတော့…ကျွှန်တော်လည်းပြန်ဖြေရတာပေါ့…ကိုယ့်အကြောင်းကိုယ်ပဲသိတယ် အမားရေ….ဆိုပြီး လမ်းဘေးကိုအပြေးသွားပြီး ထမင်းတွေကို ဘေးမှာ ပုံလိုက်တယ်။ ပြီးတော့ ညနေက နင်တို့ကိုခေါ်ပြီး မကျွေးမိတာ တောင်းပန်ပါတယ် ခုနင်တို့ကို ငါကျွေးလိုက်ပြီနော် နင်တို့စားကြတော့ စားပြီးရင် ကိုယ့်နေရာကိုယ်ပြန်သွားကြတော့ ငါ့တာဝန်ကျေပြီ နင်တို့လဲ မနှောက်ယှက်ကြနဲ့တော့ လို့ပြောပြီး သူတို့ကို အမျှဝေ မေတ္တာပို့ပြီး ပြန်ခိုင်းလိုက်ရတယ်။အဲလိုလုပ်နေတဲ့အချိန်ဘေးမှာ အမားကကြည့်နေတယ်လေ ဒေါသမျက်နှာကြီးနဲ့…တော်တော်လေးကိုဒေါပွနေတာလေ…အိမ်ထဲလဲ ပြန်ရောက်လာရော ဘာပြောကောင်းမလဲ ကျွှန်တော်ဆူခံရတာမှ ရေရေလည်လည်ကိုဆူခံရတာ….ဗိုက်ခေါက်တွေလဲ ရဲနေတာပဲ အမေ့ လက်ရာလေ….. :P။
အဲလိုကျွေးပြီးတဲ့နောက်ပိုင်းတော့ ဘာအသံမှကိုမကြားတော့တာ ခဲအသံရော လုံးဝလုံးဝကိုပျောက်သွားတာ။ ကျွှန်တော်ပြောချင်တာက လောကကြီးမှာ ပရလောကသားတွေဆိုတာ တကယ်ရှိပါတယ်။ကျွန်တော်တို့ကသာမမြင်ရတာ..ကျွန်တော်တို့သွားလာနေတဲ့ဘေးပတ်ဝန်းကျင်မှာအများကြီး ရှိကြပါတယ်..။လူ့စည်း ဘီးလူးစည်း နဲ့နေကြလို့သာ ဘာမှမဖြစ်တာပါ…။ကျွှန်တော့လို ပါးစပ်ကနေပေါ့ပေါ့လေး မယုံသလိုပြောလိုက်တာတို့…သတိမထားမိပဲ ပြောမိလိုက်တာတို့ မဖြစ်ရအောင်သူငယ်ချင်းတို့လဲ သတိလေးနဲ့ ဆင်ခြင်ကြပါနော်….။ အမှားပါရင် ခွင့်လွတ်ပေးကြပါ…..။
by facebook page

0 comments:
Post a Comment