www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Tuesday, May 21, 2013

အဆုတ်ပွတဲ့ ပြဿနာ

လေးစားရပါသော ဒေါက်တာ အယ်ဒီတာရှင့်
သမီးကတော့ Health Digest ကျန်းမာရေးနှင့် ဆေးပညာ ဂျာနယ်ကို ထာဝရ အားပေး နေတဲ့သူ တစ်ဦးပါရှင့်။ ဒီစာမျိုး မရေးဖူးလို့ အမှားပါရင် ခွင့်လွှတ်ပါလို့ ဦးစွာ တောင်းပန်ပါတယ် ရှင့်။ Health Digest မှာက အမေး အဖြေ မေးလို့ရတဲ့ ကဏ္ဍ မပါတာကို သမီးတွေ့မိ ပါတယ်ရှင့်။ အတွဲ(၉)၊ အမှတ်(၁၅) ဂျာနယ်တွင်ပါဝင်သော ဒေါက်တာ မြင့်ဦး (ဂျီပီ) ရေးထားတဲ့ အဆုတ်ပွလေသောအခါ ဆောင်းပါး ကို ဖတ်ရလို့ သမီး သိချင်နေတဲ့ မေးခွန်းအချို့ကို မေးလိုက် ပါရစေရှင့်။
သမီး ငယ်ငယ်တုန်းက ခဏခဏ အဆုတ်အအေးပတ်ဖူးတော့ သမီးအခု အသက်ကြီးလာတဲ့အခါ သမီးရဲ့အဆုတ် က ပွနေပြီတဲ့။ အခု သမီး အသက် ၂၇ နှစ်ရှိပါပြီ။ ချောင်းဆိုးပြီး သွေးပါလို့ ကျန်းမာရေးဌာနမှာသွားပြီး သလိပ်ကို စစ်ဆေးတော့ ဘာမှမတွေ့ဘူးလို့ ပြောပါတယ်။
မသေချာဘူး ထင်လို့ သုံးခါ လောက် လခြားပြီး သွားစစ်တော့ လည်း ဘာမှမတွေ့ရဘူး၊ ဘာမှမထူး ဘူး။ ဒါပေမယ့် ချောင်းဆိုးရင်သွေးပါ တာက အမြဲတမ်းမဟုတ်သော်လည်း ရှိနေဆဲပါပဲ။ ရာသီသွေးဆင်းတဲ့အချိန် မှာ ပါးစပ်ကနေ သွေးတွေက ချွဲလိုပဲ အများကြီးထွက်တတ်ပါတယ်။ ချွဲတွေ က ပျစ်ပျစ်ကြီးနဲ့ ဝါစိမ်းစိမ်းကြီးတွေထွက်ပါတယ်။ ညနေဘက် ရေချိုး မိတဲ့နေ့ ဆိုရင် ညဘက်မှာ ချောင်းပိုဆိုးပြီး ချွဲ လည်း ပိုထပါတယ်။
နောက်ဆုံးတော့ သမီးတို့ရဲ့ နယ် မြို့မှာရှိတဲ့ သမားတော်ကြီးနဲ့ ပြကြည့်တော့ သမီးကို အဆုတ်တီဘီ ဖြစ်ချင်နေတယ် ဆိုပြီးTB ပျောက်တဲ့ဆေး တွေ ခြောက်လ သောက်ခိုင်း ပါတယ်။
ယခု ဆေးလည်းခြောက်လ သောက် ပြီးသွားတာ ၂၀၁၁ ခုနှစ်၊ ဧပြီလကုန် ကတည်းကပါပဲ။ အဲဒီနောက်ပိုင်း အခု လည်း သမီးနေလို့မကောင်းပါဘူးရှင့်။ ချောင်းဆိုးပြီး ချွဲစိမ်း ဝါဝါတွေလည်း ထွက်တုန်းပါပဲ။ သမားတော်ကြီးနဲ့ သွားမပြပေမယ့် အသိဆရာဝန်တစ် ယောက်နဲ့ပြလို့သူကသမီးရဲ့အဆုတ်ပွ နေတာလို့ပြောပါတယ်။
နောက် ပြဿ နာတစ်ခုက ခြေမကြီးနှစ်ခုစလုံးရဲ့ခြေသည်းတွေကအသားနဲ့ကပ်မနေဘဲ သူ့ဘာသာသူကွာလာခြင်းဖြစ်ပါတယ်။ နှုတ်ခမ်းတွေကလည်း မည်းနေပါ တယ်။ အဲဒါ အဆုတ်ကြောင့်လား ရှင်းပြပေးပါနော်။
အဆုတ်ပွရင် လုံးဝ ပျောက်မသွားနိုင်တဲ့ ရောဂါလို့ ရေး ထားပါတယ်။ ဆေးတွေလည်းအမြဲမှီဝဲ ရမယ်လို့ရေးထားပါတယ်။ ချွဲထလွန်း လို့ ချွဲကြေဆေးတွေ ဝယ်သောက် ပါတယ်။ သောက်ရင်တော့ သက်သာ တယ်။ မသောက်ရင် ပြန်ဖြစ်တယ်။ ချွဲထတိုင်း ချွဲကြေဆေးခဏခဏ သောက်နေရင် ဘယ်လိုဆိုးကျိုးတွေ ဖြစ်လာနိုင်ပါသလဲ။ ပင်ပန်းတဲ့အခါ ညဘက်မှာ ရင် ဘတ်လည်း အောင့်တတ်ပါတယ်။ ဘယ်လိုဆေးတွေ ဝယ်စားရမလဲဆို တာ ညွှန်ကြားပေးစေလိုပါတယ်ရှင့်။
မ---------
---------မြို့။
Health Digest ကျန်းမာရေးနဲ့ ဆေးပညာဂျာနယ်မှာ ကျန်းမာရေး အမေးအဖြေကဏ္ဍကို လွန်ခဲ့သည့် ၉ နှစ်ဂျာနယ် စတင်ထုတ်ဝေကတည်းက ထည့်သွင်းဖော်ပြပြီး ပရိသတ်မေးသမျှ ကို ဖြေကြားခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ ကဏ္ဍအသစ်တွေတိုးချဲ့ခဲ့ တာကြောင့် အဲဒီကဏ္ဍပျောက်သွားပါ တယ်။ သို့သော်လည်း ပရိသတ် သိလိုတဲ့ မေးခွန်းများကို ကောင်းသွား မှာပါ ကဏ္ဍထဲတွင် ဖြေကြားပေးခဲ့ပါ တယ်။ ယခုလည်း သမီးရဲ့မေးခွန်းကို ဒေါက်တာမြင့်ဦး (ဂျီပီ) ထံမှ ဖြေကြား ပေးထားတာရော၊ ဒေါက်တာအယ်ဒီ တာရဲ့ ဖြည့်စွက်ချက်များနှင့်အတူ ကောင်းသွားမှာပါ ကဏ္ဍမှ ဖြေကြားပေးလိုက်ပါတယ်။
သမီးရဲ့ နာမည်ရင်း နဲ့ လိပ်စာကိုလည်း လွှဲပြောင်းပြီး ရေးထားပါတယ်။ မေးခွန်းရှင်များရဲ့ အမည်နှင့် လိပ်စာကို ဂျာနယ် တိုက်မှ လျှို့ဝှက်ထားပေးပါတယ်။ သမီး ချောင်းဆိုးတဲ့အခါ ပါတဲ့ ချွဲနဲ့ သွေးထဲမှာTB ပိုးရှာမတွေ့ဘဲ နဲ့လည်း အဆုတ်TBရောဂါကတော့ ဖြစ်နိုင်ပါတယ်။ အဆုတ်ပွပြီး ရောဂါပိုးဝင်ခံရတဲ့ သူတွေမှာ ချောင်းဆိုးတိုင်း ချွဲပျစ်ပျစ် ဝါစိမ်းစိမ်း သလိပ်များ ပါလာနိုင်ပါ တယ်။
သမီးရဲ့စာထဲမှာ သမားတော် ကြီးက ရင်ဘတ်ဓာတ်မှန်ရိုက်ကြည့် ခြင်းရှိ၊ မရှိ ရေးထားတာ မတွေ့ရပါ ဘူး။ ဓာတ်မှန်မှာလည်း အဆုတ် TB ဖြစ်နေတာကို တွေ့ရတတ်ပါတယ်။ အဆုတ်ပွရောဂါဆိုတာဟာ ဆေးသိပ္ပံဝေါဟာရ အရ Emphysema လို့ ဆိုလိုခြင်းဖြစ်ပါတယ်။ မြန်မာ ဝေါဟာရကတော့ တိတိကျကျ အဓိပ္ပာယ်မဖော်နိုင်ပါဘူး။
သမီးပြော တဲ့ အဆုတ်ပွခြင်းဆိုတာကတော့ Emphysema ဟုတ်၊ မဟုတ် သေ ချာစွာ စမ်းသပ်စစ်ဆေးပြီးမှ ရောဂါ အမည်တပ်နိုင်ပါတယ်။ အဲဒီ ရောဂါ ခံစားနေရတဲ့သူတွေမှာ ခြေသည်း၊ လက်သည်းတွေဟာ ဇွန်းရဲ့ ဖင်ပိုင်း လို ခုံးထနေတတ်ပြီး နှုတ်ခမ်းတွေ ကလည်း မည်းနေတတ်တာရှိပါတယ်။
များသောအားဖြင့် ဆေးလိပ်သောက် လေ့ရှိသူတွေနဲ့ ဖုန်၊ အမှုန်၊ ဓာတ်ငွေ့၊ မီးခိုးငွေ့များနှင့် နှစ်ပေါင်းကြာမြင့်စွာ ထိတွေ့ခံခဲ့ရသူတွေမှာ အဖြစ်များလေ့ ရှိပါတယ်။ ချွဲကြေဆေးတွေ ကြာရှည် သောက်နေတဲ့ အမျိုးသမီးများတွင် မျိုးမပွားနိုင်တဲ့ ပြဿနာရှိတယ်လို့ တော့ မကြားဖူးသေးပါဘူး။
ရင်ဘတ်အောင့် ဝေဒနာကလည်း အဆုတ်မှာ ဖြစ်တဲ့ ရောဂါတစ်ခုတည်းခံစားရရုံ သက်သက်ဖြင့် ကြုံတွေ့ရလေ့မရှိ ပါဘူး။ နှလုံးအပါအဝင်အခြားအကြောင်း ရင်းများ ရှိပါသေးတယ်။ ဒေါက်တာ အယ်ဒီတာ့အနေနဲ့ အကြံပေးချင်တာကတော့ သမီးအနေနဲ့ ပိုမိုပြည့်စုံသော ရောဂါရှာဖွေခြင်း၊ လိုအပ်တဲ့ စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ် သင့်တယ်လို့ အကြံပေးလိုက် ပါတယ်။


By Health Digest

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်