ဇီဝ။
။ သူတို့ နိုင်ငံတွေမှာ ခေါင်း အုံးကို ကြက်ဘဲ ငှက်အမွေး အတောင် များနဲ့ 
ပြုလုပ်လေ့ ရှိကြတယ်ဗျ။ အဲဒီတိရစ္ဆာန်အမွေးတွေဟာ လူကို
ဓာတ်မတည့်မှုဖြစ်စေနိုင်တယ်။ ဓာတ် မတည့်မှု Allergy ဖြစ်ရင် ကိုဒီဃသိ
တဲ့အတိုင်း နှာချေဆတ်တာတွေ ဖြစ် လာပါလေရော။ အဲဒီအခါ အိပ်မပျော်
တော့ဘူးပေါ့။ ဒါ့အပြင် ကြက်ဘဲငှက် မွေးနဲ့ ရေမြှုပ်တွဲပြီး ပြုလုပ်ထားတဲ့
ခေါင်းအုံးတွေဆိုရင်လည်း ရေငွေ့ကို ထိန်းသိမ်းပေးထားသလိုဖြစ်ပြီး ဓာတ်
မတည့်ခြင်းကို ပိုမိုဆိုးဝါးစေနိုင်ပါ တယ်။ ဒါ့ကြောင့် ဓာတ်မတည့်မှုဖြစ်
လွယ်တဲ့သူတွေအနေနဲ့ ကြက်ဘဲငှက် မွေးခေါင်းအုံးတွေ အသုံးမပြုကြဖို့
ဓာတ်မတည့်ခြင်းဆိုင်ရာပါရဂူဆရာဝန် တစ်ဦးက သတိပေးထားတာ တွေ့ရ တယ်ဗျ။
ဒီဃ။ ။ ကြက်ဘဲ ငှက်မွေးခေါင်း အုံးတွေက ဈေးကြီးတော့ မဝယ်နိုင် ပါဘူးဗျာ။ ဝယ်နိုင်တဲ့သူတွေသုံးမယ် ဆိုရင်လည်း ကိုယ့်မှာ ဓာတ်မတည့် ပြဿနာရှိတတ်သလားဆိုတာ ထည့် သွင်းစဉ်းစားကြရမှာပေါ့။
ဇီဝ။ ။ ဓာတ်မတည့်မှု ပြဿနာက ဒီမှာတင် မပြီးသေးဘူးဗျ။ တချို့လူ တွေက မှိုပိုးMouldကို ဓာတ်မတည့် ဖြစ်တတ်ကြတယ်။ ဒါ့ကြောင့် အိပ်ခန်း ထဲမှာ စိုထိုင်းမှုမဖြစ်အောင် စီမံရမယ်။ စိုထိုင်းမှုများလေ မှိုပိုးနဲ့ အိပ်ရာ တွေထဲမှာ ပေါက်လေ့ရှိတဲ့ မွှားတွေ ပိုပြီးပေါက်ပွား လွယ်လေပါပဲ။ ဒီ နှစ်မျိုးဟာ ဓာတ်မတည့်မှုဖြစ်စေနိုင် သော အဓိကတရားခံ ၂ ခုဖြစ်နေ ခြင်းကြောင့်ပါပဲ။ ဓာတ်မတည့်တဲ့အခါ နှာချေနှာဆတ် မဖြစ်ရင်တောင်မှ နှာခေါင်းနဲ့အသက်ရှူလမ်းကြောင်းနံရံ အတွင်းရှိ သွေးကြောများ ဖောင်း လာစေပြီး နှာခေါင်းပိတ်တဲ့ ပြဿနာ ဖြစ်လာတဲ့အတွက် အိပ်ပျော်နေရာမှ နိုးလာစေနိုင်မှာ ဖြစ်ပါတယ်ဗျာ။
ဒီဃ။ ။ ဟုတ်တယ်ဗျ။ ကျွန်တော်ဆို ရာသီဥတုအေးတဲ့ ဆောင်းတွင်း ကာလမျိုး နံနက်စောစောကြီးအချိန် မှာ အိပ်ရာကနိုးလို့ ထပြီးအပေါ့သွား ရေလေးတစ်ခွက်လောက် သောက် လိုက်မိရင် အဲဒီ အအေးဓာတ်ကြောင့် နှာခေါင်းတစ်ဝိုက် အအေးမိသလိုဖြစ် နှာခေါင်းပိတ်တာ၊ အသက်ရှူမရတာ မျိုး ခဏခဏ ကြုံရဖူးတယ်။
ဇီဝ။ ။ ဂရုစိုက် ရှောင်ကြဉ်ပေါ့ဗျာ
ဒီဃ။ ။ ဒါဆို ကိုဇီဝကို တစ်ခုမေးမယ်ဗျာ။ ဦးမယ်ဗျ။ ခေါင်းအုံးတွေ ရောင်းချတဲ့ အခါ ဓာတ်မတည့်ဖြစ်စေမှု နည်း သည် (Hypoallergenic) ဆိုပြီး ရေးသားကာ ကြော်ငြာ ရောင်းချတဲ့ ခေါင်းအုံး တွေဆို စိတ်ချရမလားဗျာ။
ဇီဝ။ ။ သူ့စာမှာကိုက Hypo လို့ ပဲရေးသားထားတာ ဖြစ်ပါတယ်။ ဓာတ် မတည့် ဖြစ်စေနိုင်မှုနည်းသောပစ္စည်း လို့သာရေးထားခြင်းဖြစ်တယ်။ ဓာတ် မတည့်မှုကို ကာကွယ်နိုင် ပါသည်လို့ ဆိုလိုခြင်း မဟုတ်ဘူးဗျ။ ဒါ့ကြောင့် စိတ်ချ ရတယ်လို့ မဆိုနိုင်ဘူး။
ဒီဃ။ ။ ဒီလိုဆို ဘယ်လိုလုပ်ရမလဲဗျ။ မဝယ်ရတော့ဘူးပေါ့။
ဇီဝ။ ။ အကောင်းဆုံး ကတော့ ဖုန်မှုန်တွေ၊ မွှားတွေ၊ ဓာတ်မတည့် ပစ္စည်းတွေကို ကာကွယ်နိုင်သော ခေါင်းအုံးစွပ်တွေဝယ်ပြီး သုံးဖို့ပါပဲ။ ဒီဃ။ ။ ခေါင်းအုံးစွပ်နဲ့ အိပ်ရာဖုံး ကောင်းကောင်း ဝယ်ရမှာပေါ့။
ဇီဝ။ ။ နောက်တစ်ခု ဆွေးနွေး အကြံပေးချင်တာကတော့ မီးယပ် သွေးဆုံးပြီးသော အမျိုးသမီးများ အတွက် ဖြစ်ပါတယ်။ မီးယပ်သွေးဆုံး ခါစ အမျိုးသမီးတွေဟာ ကိုယ်အပူချိန် တွေတက် မျက်နှာတွေ နီမြန်းပြီး ညအခါ အိပ်မပျော်ဖြစ်တတ်တယ်။ ကိုယ်အပူချိန်ကသာ တက်နေပေမယ့် ချမ်းစိမ့်စိမ့်နဲ့မို့ စောင်တွေလည်း ခြုံ ထားရပြန်တယ်။
ဒီဃ။ ။ မီးယပ်ချမ်းထတယ်လို့ ခေါ်တာမဟုတ်လား
ဇီဝ။ ။ ဟုတ်ပါတယ်။ မီးယပ်ချမ်း ထပြီး အိပ်မပျော်တဲ့ အမျိုးသမီးတွေ ကို အကြံပေးထားတာကတော့ အိပ် ရာဘေးမှာ ရေခဲရေ တစ်ဖန်ခွက် လောက် အဆင်သင့်ထား၊ လိုအပ် သလို တစ်ငုံတစ်ကြိုက်လောက် သောက်ပေးခြင်းဖြင့် ခန္ဓာကိုယ်အပူ ချိန်ကို ကျဆင်းသွားစေပြီး ပြန်လည် အိပ်ပျော်သွားစေပါလိမ့်မယ်တဲ့။
ဒီဃ။ ။ ချမ်းတာအတွက် စောင် တော့ခြုံလို့ရတယ်မဟုတ်လား။
ဇီဝ။ ။ ရတယ်လေ ။စောင်တွေကိုလည်း အထပ်ထပ်ခြုံ၊ ရေခဲရေတွေ လည်း သောက်ပေါ့ဗျာ။
ဒီဃ။ ။ မီးယပ်ချမ်းထတာ သက်သာစေတဲ့ ဆေးဝါးတွေရော မရှိဘူးလား။
ဇီဝ။ ။ ဆေးဝါးလို့ ဆိုမယ့် အစား အစားအသောက်နှင့် ပြုပြင် ပေးနိုင် ပါတယ်။ အီစထရိုဂျင် ဟော်မုန်း အာနိ သင်မျိုးရှိတဲ့ ပဲပုပ်ပဲ(Soy Bean) ပါသောအစားအစာများ စားပေးခြင်း အားဖြင့် ခန္ဓာကိုယ် အပူချိန်တက်တာ တွေ၊ ညချွေးထွက် တာတွေ ပျောက်ကင်း စေနိုင်ကြောင်း သိရပါတယ်။ ဒါ့အပြင် မွေ့ရာကိုလည်း အေးမြစေသော အခင်း ပစ္စည်းဖြင့် ပြုလုပ်ထားလျှင် ခန္ဓာကိုယ် အပူချိန် တက်နေတာ တွေကို အေးသွားအောင်လုပ်နိုင်မယ် ဆိုတဲ့အကြောင်း သားဖွားနှင့်မီးယပ် ပညာရှင် တစ်ဦးက အကြံ ပေးထားတာ ကို ဖော်ပြရင်း နိဂုံးချုပ် လိုက်ပါပြီဗျာ။
ဒေါက်ထွေး(ဆေး/မှန်း)

0 comments:
Post a Comment