မြန်မာ
နိုင်ငံတွင် ကျောင်း နေစ အရွယ် ကလေး သူငယ်များ တွင် နား လေး
ရောဂါဖြစ်ပွားနှုန်းသည် ရန်ကုန် တိုင်းဒေသကြီး၌ ၅.၆ ရာခိုင်နှုန်းရှိပြီး
တစ်နိုင်ငံလုံးတွင် ၁၁.၇ ရာခိုင်နှုန်း အထိရှိသည်ဟု မြန်မာနိုင်ငံ နားလေး
ရောဂါ ကာကွယ်ထိန်းသိမ်းရေး ကော် မတီ၏ တွေ့ရှိချက်အရ သိရှိပါသည်။
ကလေးသူငယ်များတွင် အကြား အာရုံ ချွတ်ယွင်းလျှင် စကားပြော နှောင့်နှေးခြင်း၊
ဥာဏ်ရည်နိမ့်ကျခြင်း၊ ပညာရေးနိမ့်ကျခြင်းနှင့် ဆွံ့အနား
မကြားဘဝဖြစ်သွားနိုင်ပြီး လူစဉ်မမီ ဘဝဆုံးရှုံးနိုင်သည်အထိ ရောက်ရှိ
နိုင်ပါသည်။ ထို့ကြောင့် နားဘဝဆုံး နိုင်သည်အထိ ရောက်ရှိနိုင်ပါသည်။
ထို့ကြောင့် နားလေးရောဂါ ရှိ၊ မရှိ ကို အစောဆုံး သိရှိပြီး အစောဆုံး ကုသနိုင်ရန် အလွန်အရေးကြီးပါသည်။ ကလေးသူငယ်များတွင် အကြား အာရုံ ချို့ယွင်းနိုင်သည့် အကြောင်း ရင်းများကို သိရှိနိုင်ရန် အကြား အာရုံ မည်ကဲ့သို့ ရရှိနိုင်သည်ကို သိရှိရန် လိုအပ်ပါသည်။ လူ၏ ခန္ဓာကိုယ်တွင် အကြား အာရုံကို နားမှတစ်ဆင့် ဦးနှောက်သို့ ပို့ဆောင်ပေးပါသည်။ နားသည် အပြင် နား၊ အလယ်နားနှင့် နားလြွေပန်၊ အတွင်းနားဟု သုံးပိုင်းရှိပြီး ၄င်းမှ တစ်ဆင့် နားအာရုံကြောဖြင့် ဦးနှောက် သို့ ပို့ဆောင်ပေးပါသည်။
အကြား အာရုံလေလှိုင်းကို အပြင်နားမှ စု ဆောင်းပို့ဆောင်ပြီးနားစည်မှတစ်ဆင့် နားအလယ်ပိုင်းရှိ အရိုးကလေး သုံး ချောင်းကို လှုပ်ခါစေကာ အရိုးလှိုင်း အနေနှင့် ဆက်လက်ပို့ဆောင်ပေးပါ သည်။ ၄င်းမှတစ်ဆင့် အတွင်းနားရှိ ခရုပတ်ခွေအရိုးဂလိုင်ရှိ အရည်ထဲသို့ အရည်လှိုင်းအဖြစ်ဖြင့် ဆက်လက် ပို့ဆောင်ကာ ၄င်းရှိ အကြားအာရုံ ကြော အမျှင်များကို နှိုးဆွပေးကာ လျှပ်စစ်အကြားအာရုံအနေဖြင့် ပြောင်း လဲစေပါသည်။ ၄င်းလျှပ်စစ်လှိုင်း ကလေးကို နားအာရုံကြောကြီးက ဆက်လက်သယ်ယူပြီး ဦးနှောက်သို့ ပို့ဆောင်ကာ အကြားအာရုံအသိကို ဖြစ်ပေါ်စေပါသည်။
၎င်းအကြားအာရုံ လေလှိုင်းကို ပို့ဆောင်ရာလမ်းကြောင်း တစ်လျှောက်၌ ထိခိုက်ခြင်း၊ ချွတ်ယွင်း ခြင်း၊ အာရုံကြောပျက်စီးခြင်းစသည် များ ဖြစ်ပွားပါက အကြားအာရုံ ချွတ် ယွင်းစေနိုင်ပါသည်။ ကလေးသူငယ်များတွင် မိခင် ဝမ်းတွင်းနှင့် မွေးဖွားပြီးစအချိန်များတွင် အောက်ပါအကြောင်းခြင်းရာများ ပေါ် ပေါက်လာပါက အကြားအာရုံချို့ယွင်း နိုင်ပါသည်။ မျိုးရိုးဗီဇကြောင့် အာရုံကြော ချို့ယွင်းခြင်း၊ ကိုယ်ဝန်ဆောင်စဉ် ကူးစက်ရောဂါတစ်ခုခုဖြစ်ပွားခြင်း၊ ကိုယ်ဝန်အဆိပ်တက်ခြင်း၊ ပြင်းထန် သော ပဋိဇီဝဆေးများ သုံးစွဲရခြင်း၊ မွေးဖွားချိန်တွင် ဦးနှောက်သို့ အောက် စီဂျင် ပို့ဆောင်မှုအားနည်းစေတတ် သော ဝေဒနာများ ခံစားရခြင်း၊ ဦး နှောက် အမြှေးပါးရောင်ခြင်း၊ အပြင်း ဖျားခြင်း၊ တက်ခြင်း၊ အသားဝါဖြစ် ခြင်း၊ ဦးခေါင်းနှင့်လည်ပင်းပုံစံ ချို့ ယွင်းသွားခြင်း၊ ဦးနှောက်ထိခိုက်ခြင်း၊ လမစေ့ဘဲ ပေါင်မစေ့ဘဲ မွေးဖွားခြင်း နှင့် ကလေးအထူးကြပ်မတ်ဆောင် အတွင်း၌ တစ်ပတ်၊ ဆယ်ရက်ခန့် တိုင်အောင် ကုသမှုခံယူရသည့် ပြင်း ထန်သော ရောဂါများဖြစ်ပွားခြင်း စသည်များသည် ကလေးငယ်များ၏ အကြားအာရုံကို ထိခိုက်စေနိုင်သော (Risk Factors)အန္တရာယ်အခြေ အနေများ ဖြစ်ပါသည်။
တစ်ခါတစ်ရံ ၄င်းအခြေအနေတွေမကြုံရသော်လည်း ကလေးငယ်များတွင် အကြားအာရုံ ချို့ယွင်းမှုများကို တွေ့ရှိနိုင်ပါသည်။ မွေးကင်းစကလေးအရွယ်မှ အသက် ၃ နှစ်အထိ ကလေးငယ်များ တွင် အကြားအာရုံချို့ယွင်းမှု ရှိ၊ မရှိ ကို တိကျစွာ စမ်းသပ်ဖော်ထုတ်ရန် အလွန်ခဲယဉ်းပါသည်။ ကမ္ဘာပေါ်တွင် ယခင်က ၄င်းအရွယ်ကလေးငယ်များ ကို အသံပေးခြင်း၊ ကလေး၏ ခေါင်း နှင့် ကိုယ်အမူအရာကို လေ့လာခြင်း၊ ကလေး၏ ထိတ်လန့်မှုအခြေအနေ စသည်များကို လေ့လာခြင်းဖြင့် ကလေးများ၏ အကြားအာရုံကို ခန့် မှန်းခဲ့ရပါသည်။ ၁၉၉၀ ပြည့်နှစ်မှစ၍ ၄င်းအရွယ် ကလေးငယ်များ၏ အကြား အာရုံကို တိကျမှန်ကန်စွာ စမ်းသပ်နိုင် သော စက်ကိရိယာများ ပေါ်ပေါက် ခဲ့ပါသည်။
Otoacoustic Emissions ခေါ် နားအတွင်းပိုင်းရှိ အကြားအာရုံအကြော မျှင်များကို နှိုးဆွနိုင်သော စက်ကိရိ ယာနှင့် Auditory Brain Stem Response အနာ ခေါ် နားအတွင်းပိုင်းမှ ဦးနှောက်အထိ အကြားအာရုံ လျှပ်စစ် လှိုင်းကို သယ်ယူနိုင်သည့် အာရုံကြော တစ်လျှောက်ကို စမ်းသပ်နိုင်သော ကိ ရိယာများ တီထွင်ပေါ်ပေါက်လာခြင်း သည်ကလေးငယ်များအတွက်အလွန်ထူး ခြားသောတီထွင်မှုများပင်ဖြစ်ပါသည်။ ယခုအခါတွင် အနောက်နိုင်ငံ များတွင်သာမက အိမ်နီးချင်းနိုင်ငံ များဖြစ်သည့် စင်ကာပူနိုင်ငံနှင့် ထိုင်း နိုင်ငံတို့တွင်ပင်လျှင် ယင်းနိုင်ငံများ၏ အခြေခံကျန်းမာရေး လိုအပ်ချက်တစ် ခုအနေဖြင့် ကလေးမွေးဖွားပြီး ဆေးရုံ မှ မဆင်းမီ မွေးကင်းစကလေးငယ် များ၏ နားအကြားအာရုံကို ပုံမှန် စမ်း သပ်ပေးလျက်ရှိပါသည်။
မြန်မာနိုင်ငံတွင်မူ နားစမ်းစက် ကိရိယာဖြင့် ကလေးသူငယ်များကို မွေးကင်းစအရွယ်မှစတင်၍ ပထမဆုံး စတင်စမ်းသပ်နိုင်ပြီဟုကြားသိရသည်။ ၄င်းစက်ကိရိယာမျိုးဖြင့် အင်္ဂလန်နိုင်ငံ နှင့် အခြားနိုင်ငံကြီးများ၏ အခြေခံ ကျန်းမာရေးစောင့်ရှောက်မှု စီမံကိန်း များအတွက် မွေးကင်းစကလေးသူ ငယ်များ၏ အကြားအာရုံကို စမ်းသပ် လျက်ရှိကြောင်း သိရှိရပါသည်။ ကလေးသူငယ်များ၏ အကြား အာရုံ ချို့ယွင်းမှု ရှိ၊ မရှိကို အသက် ၃ လမတိုင်မီ သိရှိရန်လိုအပ်ပြီး ကလေးငယ်များ အသက် ၆ လခန့် မှစတင်၍ အချိန်မီ ကုသပေးနိုင်မှသာ လျှင် စကားပြောနှောင့်နှေးခြင်း၊ ဥာဏ်ရည်နိမ့်ကျခြင်း၊ ဆွံ့အနားမကြား ဘဝသို့ရောက်ခြင်း၊ ပညာသင်နှောင့် နှေးခြင်းစသော အဖြစ်ဆိုးများမှ ကာ ကွယ်နိုင်မည်ဖြစ်ပါသည်။
ယခုအခါ မြန်မာနိုင်ငံတွင်လည်း ပုဂ္ဂလိက ဆေးရုံကြီးတစ်ခုမှာ ကလေး ငယ်များ၏ အကြားအာရုံဆုံးရှုံးခြင်းမှ ကာကွယ်နိုင်ရန်ကလေးငယ်များအတွက် အထူးစီမံထားသော နားကြားကိရိယာ တပ်ဆင်ခြင်း၊ နားအလယ်ပိုင်းသို့ စက်ကိရိယာထည့်သွင်း တပ်ဆင်နိုင် သော Middle Ear Implant နှင့် နား အတွင်းပိုင်းရှိ နားအာရုံကြောကလေး များကိုနှိုးဆွပြီး အကြားအာရုံပြန်လည် ရစေနိုင်သည့် Cochlear Implant စသည်များဖြင့်ပြုလုပ်ကုသနိုင်ရန် သက်ဆိုင်ရာ နား၊နှာခေါင်း၊လည်ချောင်း အထူးကုဆရာဝန်ကြီးများက ကြိုး စားလျက်ရှိကြောင်း သိရှိရသဖြင့် များ စွာဝမ်းမြောက်အားရဖွယ်ရာဖြစ်ပါသည်။ ယခုအချိန်တွင် မြန်မာနိုင်ငံသည် ကဏ္ဍတိုင်းတွင် ကမ္ဘာ့အဆင့်မီအောင် ကြိုးစားဆောင်ရွက်နေသည့်အချိန်ဖြစ် သဖြင့် ကလေးသူငယ်များ၏ အကြား အာရုံချို့ယွင်းခြင်းမှ ကာကွယ်ရေး သည် နောင်တစ်ခေတ်၏ လူငယ် ကောင်းများပေါ်ထွက်ရေးအတွက် တစ် ထောင့်တစ်နေရာမှအရေးကြီးပါသည်။
သို့ပါ၍ အထက်ဖော်ပြပါ ခေတ် မီ နားစမ်းသပ်ကိရိယာမျိုးဖြင့် ကလေး သူငယ်များ၏ အကြားအာရုံ ချို့ယွင်း ချက်များကို စမ်းသပ်ရှာဖွေပြီး အချိန် မီ ကုသနိုင်ရန် နိုင်ငံတော်၏ အခြေခံ ကျန်းမာရေးစီမံကိန်းတွင် အိမ်နီးချင်း နိုင်ငံများနည်းတူ ထည့်သွင်းသင့်ပါ ကြောင်း တင်ပြလိုက်ရပါသည်။ သက်ဆိုင်ရာ မိဘများကလည်း မိမိတို့ရင်သွေးကလေးများ အထက် ဖော်ပြပါ (Risk Factors) အ္တရာယ် အခြေအနေများနှင့် တွေ့ကြုံခဲ့ပါလျှင် သော်လည်းကောင်း၊ အကြားအာရုံ ချို့ယွင်းကြောင်း မသင်္ကာဖွယ်ရာများ တွေ့ရှိရပါလျှင်သော်လည်းကောင်း သက်ဆိုင်ရာ ကျန်းမာရေးဌာနသို့ သွားရောက်ပြသပြီး စမ်းသပ်စစ်ဆေးမှု ခံယူကြပါရန် တိုက်တွန်းနှိုးဆော် လိုက်ရပါသည်ခင်ဗျား။

0 comments:
Post a Comment