www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Tuesday, May 21, 2013

အမျိုးသမီး လိင်အင်္ဂါ ဆိုင်ရာ ပြဿနာများ

မိန်းမ ကိုယ် ယားယံခြင်း၊ အဖြူ ဆင်းခြင်း တို့ဟာ အမျိုး သမီးများ ခံ စားရ လေ့ရှိတဲ့ ကျန်းမာရေး ပြဿနာ တွေပဲ ဖြစ်ပါတယ်။
၁။ မိန်းမကိုယ် မှ အရောင်၊ ပျစ်ချွဲမဲမှု၊ အနံ့ သာမန်အတိုင်း ရှိသော အရည် များ ပမာဏများ ဆင်းးနေပါသ လား
သာမန်ဟော်မုန်းပမာဏပြောင်း လဲမှုကြောင့် သို့မဟုတ် သန္ဓေတား ဆေးများ သောက်သုံးခြင်းကြောင့် ဖြစ်နိုင်ပါတယ်။
ရောဂါအခြေအနေပိုဆိုးလာပါ က သို့မဟုတ် သင့်ကို စိတ်အနှောင့် အယှက် ဖြစ်စေပါက ဆရာဝန်နှင့် ပြ ပါ။
၂။ အဖြူ ပျစ်ချွဲချွဲ အရည်များ မိန်းမကိုယ် မှ ဆင်းတယ် ဆိုလျှင်၊ မိန်းမ ကိုယ် နှင့် မိန်းမကိုယ် အပြင်ဘက်တစ်ဝိုက်ရှိနေရာတွင် နီရဲခြင်း၊ ယားယံခြင်း ၊ ကသိကအောက်ဖြစ်ခြင်းတို့ ခံစားရပါသလား
Yeast Infection ၊ မှိုပိုး Candidiasis ကူးစက်ခံရခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ အမျိုးသမီးသုံး သန့် စင်ဆေးရည်နှင့် ဓာတ်မတည့်မှုဖြစ် ခြင်းကြောင့် နီရဲခြင်းလည်း ဖြစ်နိုင်ပါ တယ်။ Yeast Infection ကြောင့်ဆိုပါ က မိမိဘာသာမိမိ ကုသနိုင်ပါတယ်။ ချည်သား အောက်ခံဘောင်းဘီများ ကိုသာ ဝတ်ဆင်ပြီး လေဝင်လေထွက် မရသော၊ ကျပ်ထုပ်သော အဝတ် အစားများ ဝတ်ဆင်ခြင်းကို ရှောင် ကြဉ်ပါ။ မှိုပိုးကြောင့်ဖြစ်ပါကလည်း မှိုပိုးသတ်လိမ်းဆေးများကို လိမ်း ပေးကာ ကုသနိုင်ပါတယ်။
၃။ အနံ့ အသက်မကောင်းသော စိမ်းဝါရောင် အရည်များဆင်းပါသလား
Bacterial Vaginosis ကြောင့် ဖြစ်နိုင်ပါတယ်။
ဆရာဝန်နှင့်ပြသပါ။
၎။ မေးခွန်း (၃) ပါအနံ့ဆိုးသော စိမ်းဝါရောင် အရည်များဆင်းသည့် အပြင် လိင်ဆက်ဆံနေစဉ် နာကျင်ခြင်း သို့မဟုတ် ဗိုက်အောင့်ခြင်း ခံစားရပါသလား
တင်ပါးဆုံရိုးကွင်းတွင်း ရောင် ရမ်းခြင်းရောဂါကြောင့် ဖြစ်နိုင်ပါတယ်။ သားဥြွပန်တစ်ဝိုက်၊ သားဥအိမ်၊ သား အိမ်တို့တွင် ကူးစက်ရောဂါပိုးဝင်ခြင်း ကြောင့် ဖြစ်နိုင်ပါတယ်။ လိင်မှတစ် ဆင့်ကူးစက်တတ်သောရောဂါ Trichomoniasis ကြောင့် ဖြစ်နိုင်ပါ တယ်။
ဆရာဝန်နှင့် ချက်ချင်းပြပါ။
၅။ မိန်းမကိုယ် အပေါက်ဝ ရောင်ရမ်းခြင်း ဖြစ်နေပါသလား
သို့မဟုတ် မိန်းမကိုယ် အပြင်ဘက် ရှိ မိန်းမကိုယ် နှုတ်ခမ်းသား Labia ရောင်ရမ်းခြင်း ဖြစ်နေပါသလား Mucous Gland တွင် ရောဂါ ပိုးဝင်ခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ မိန်းမကိုယ်နှုတ်ခမ်းသားတွင် ရောဂါပိုး ဝင်ခြင်းကြောင့် သို့မဟုတ် ပြည်တည် ခြင်းကြောင့် ဖြစ်နိုင် ပါတယ်။
ဆရာဝန်နှင့်ချက်ချင်းပြပါ။
၆။ မိန်းမကိုယ် ၏ အတွင်းဘက်၊ အပြင်ဘက် တို့တွင် အနာများရှိပါသလား။
ရေယုန်ပိုးကူးစက်ခံရခြင်းနှင့် လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများဟာ လိင်အင်္ဂါတွင် အနာ ဖြစ်ခြင်းဖြင့် ရောဂါစတင်တတ်ပါ တယ်။
ဆရာဝန်နှင့် ပြသပါ။
၇။ လိင်ဆက်ဆံနေစဉ် နာကျင်ပါသလား။
ထို့အပြင် မိန်းမကိုယ်ဟာ ခြောက်သွေ့ခြင်း သို့မဟုတ် မိန်းမကိုယ် ယားယံခြင်း သို့မဟုတ် မိန်းမကိုယ် ယားယံခြင်း ၊ ကသိကအောက်ဖြစ်ခြင်း တို့ခံစားရပါသလား လိင်ဆက်ဆံစဉ်နာကျင်ခြင်းဟာ ရောဂါပိုးဝင်ခြင်း သို့မဟုတ် ဟော် မုန်းချို့တဲ့ခြင်းကြောင့် ဖြစ်နိုင်ပါတယ်။
ဆရာ ၀န်နဲ့ပြသပါ။

ဆရာဝန် က ရောဂါလက္ခဏာများကို သုံးသပ် ဆုံးဖြတ်ကာ အသင့်တော်ဆုံးဆေးကု သမှုကို ပေးပါလိမ့်မယ်။ မိန်းမကိုယ် ခြောက်သွေ့ခြင်းအတွက် မိန်းမကိုယ် လိမ်းချောဆီများ အသုံးပြုနိုင်ပါတယ်။
၈။ လိင်ဆက်ဆံသည့် အခါ စိတ်လှုပ်ရှားပါသလား
လိင်ဆက်ဆံစဉ်နာကျင်ခြင်းဟာ Vaginismus လို့ခေါ်တဲ့ မိန်းမကိုယ် တစ်ဝိုက်ရြှွိကက်သားများ အလိုအ လျောက် ကျုံ့ခြင်း၊ဆန့်ခြင်းကြောင့် ဖြစ်နိုင်ပါတယ်။
သင့်မှာ အထက်ပါအခြေအနေ ဖြစ်နေတယ်လို့ သံသယရှိလျှင် ဆရာဝန်နှင့်ပြသပါ။

တင်ပါးဆုံရိုးကြွက် သားများကို ကျုံ့ခြင်း၊ အနားပေးခြင်း စသည့် လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း ဖြင့်ြွကက်သားကို ထိန်းချုပ်ရာတွင် ကူညီပေးနိုင်ပါတယ်။
၉။ ဆီးသွားလျှင် နာကျင်ပါသလား
ဆီးအိမ်တွင်ပိုးဝင်ခြင်း သို့မဟုတ် Cystitis ကြောင့် ဖြစ်နိုင်ပါတယ်။ ဆရာဝန်နှင့်ပြသပါ။ ဆီး အိမ်ပိုး ဝင်ပါက ပိုးသတ်ဆေးများဖြင့် ကုသ ပေးနိုင်ပါတယ်။ ခရမ်ဘယ်ရီဖျော်ရည် သောက်သုံးခြင်းဖြင့် ဆီးအိမ်ပိုးဝင်ခံ ရခြင်းကို ကာကွယ်နိုင်ပါတယ်။
၁၀။ ချောင်းဆိုးသည့်အခါ၊ ရယ်မော သည့်အခါ သို့မဟုတ် အလေးအပင်မသည့်အခါ ဆီးမထိန်းနိုင်ဘဲထွက်သွားလေ့ရှိပါသလား
ဖိစီးမှုကြောင့် ဆီးမထိန်းနိုင်ခြင်း ၏လက္ခဏာတစ်ရပ် ဖြစ်ပါတယ်။ ကလေးမွေးပြီးနောက် ဖြစ်လေ့ရှိတဲ့ အခြေအနေဖြစ်ပါတယ်။ သင်ခံစားနေရတဲ့အခြေအနေကို ဆရာဝန်နှင့်တိုင်ပင်ပါ။ သင့်ရဲ့ဆီးအိမ် ကို Kegel လေ့ကျင့်ခန်းပြုလုပ်ကာ ကြံ့ခိုင်စေနိုင်ပါတယ်။ မကြာခဏ ဆီး သွားပေးပါ။ အရွယ်ရောက်ပြီးသူများ အသုံးပြုနိုင်တဲ့ သေးစိုခံတစ်ခါသုံး ဘောင်းဘီကို ဈေးကွက်ထဲမှာ ရရှိနိုင် ပါတယ်။ ခွဲစိတ်ကုသခြင်းဖြင့်လည်း သက်သာစေနိုင်ပါတယ်။ သင့်ရဲ့ကျန်းမာရေးပြဿနာဟာ စိုးရိမ်ရတယ်လို့ ထင်တာနဲ့ ဆရာဝန် နှင့်ချက်ချင်းတိုင်ပင်ကာ ဆေးကုသ မှုခံယူပါ။

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်