www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Tuesday, May 21, 2013

ချစ်သူရေ

ချစ်သူ....................

အများတကာတွေထက်

သာချင်တဲ့မင်းအတွက်

ကိုယ့်ရဲ့အစီအစဉ်တွေကို

ပြောပြမယ်........။

ပန်းတစ်ပွင့်အတွက်....

ရင်ခုန်တက်ကြတဲ့

မိန်းကလေးတွေထဲက

ချစ်သူ အတွက်.........

အများနဲ့ မတူအောင်

ပန်းတစ်ခွေ စီစဉ်ထားတယ်

ကိုယ့်ခံစားချက်တွေနဲ့ 

ကဗျာဆန်ဆန်

နာမည်ပေးလိုက်သေတယ်

လွမ်းသူပန်းခွေတဲ့....။

မာစီးဒီးမှ စီးချင်းတဲ့မင်းအတွက်

မာစီးဒီးဆိုတာ ထိုင်ပြီးစီးရတာပါကွာ

မင်းအတွက် ကိုယ်က

အိပ်ပြီးစီလိုရတဲ့ကားမျိုး

စီစဉ်ထားတယ်....

မင်းစိတ်အစဉ် ငြိမ်းချမ်းစေဖို့ 

ကိုယ့်ဆုတောင်းလေးတွေ

ပြည့်နေတဲ့

သူနာမည်က နိဗ္ဗာန်ယာဉ်တဲ့

မြို့မှာဆို လူသံ ၊

ကားသံတွေနဲ့ 

ဆူညံနေလိမ့်မယ်

မင်းအတွက်

စိတ်ငြိမ်ရပ်ကွက်မှာ

မြေတစ်ကွက်ဝယ်ပြီး

အိမ်ဆောက်ထားတယ်

ဟုတ်တယ်.......သုဿန်ဆိုတဲ့ရပ်ကွက်မှာပေါ့....

မိုးလုံလေလုံ နေပါစေဆိုပြီး

အုတ်နဲ့ ဆောက်ထားတဲ့

ခိုင်မာတဲ့ အိမ်ကလေးလေ

မင်းနေတဲ့အကြောင်

လူတွေသိအောင်

ကျောက်တိုင်ကလေး

ထောင်လို့ ပေါ့

မင်းနာမည်နဲ့  အသက်မှတ်တမ်းလေးတပ်

မကျေနပ်သေးရင်..........

မင်းရဲ့ဓာတ်ပုံပါ ကပ်ပေးဦးမယ်

မင်းခွဲသွားရင်

ကိုယ်တစ်ယောက်တည်းရယ်လို့ 

စုးရိမ်းမနေပါနဲ့ 

တစ်ပင်လဲလို့  တစ်ပင်ထူတဲ့

ကိုယ်နောက်တစ်ယောက်

ရှာယူလိုက်ပ့ါမယ်

မင်းအတွက်

ရင်ထဲက စေတနာသက်သက်မို့ 

အားနားပြီး မငြင်းလိုက်ပါနဲ့ ကွာ........။

အချစ်အတွက်......

အမှတ်တရ.........ချစ်သူလက်ဆောင်လေပါ.......
                                                                               စိုင်း

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်