www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Tuesday, May 21, 2013

မမုန်းချင်လိုပါ

ချစ်သူ…..
မတွယ်တာ ပစ်ခွာမယ့်စကား
မပြောပါနဲ့လား
ဥပေက္ခာတွေသာ
ရရှိဖူးတဲ့
ငါ့နေရာ ငါ့ကမ္ဘာမှာ
မင်းကြောင့်
နွေးထွေးချိုမြ လုံခြုံခဲ့ဖူးပါတယ်
ဒါပေမယ့်
ချစ်သူရယ်
ငါဆိုတဲ့ငါကလည်း
ပုထုဇဉ်ပီသ လောကီသားမို့
မပိုတောင် မလျော့တဲ့
မာနရှိပါတယ်
အတ္တစကားတွေသာ များစွာကြားရ
ငါ့နားဝမခံသာ ခါးလှလို့
ကြာရင်ငါလေ စိတ်မပါတောင်
မင်းကိုမုန်းမိတော့မယ်
မမုန်းချင် မခွာချင်
ငါလေ
မင်းလေးကိုသာ
ပိုချစ်လို့
ပါ.........
                                စိုင်း

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်