နှလုံးရောဂါ
ဖြစ်နိုင်ခြေ များတဲ့ အမျိုးသားတွေ အနေနဲ့ အယ်လ်ကိုဟော မပါဝင်တဲ့
ဝိုင်အနီကို နေ့စဉ် လေးပက်ခန့် သောက်အပြီးမှာ သွေးဖိအား ကျဆင်းနိုင်တယ်
လို့ လေ့လာမှု အသစ်အရ တွေ့ရှိခဲ့တာကို အမေရိကန် နှလုံးရောဂါဆိုင်ရာ
ဂျာနယ်မှာ ဖော်ပြထားပါတယ်။
အယ်လ်ကိုဟော မပါဝင်တဲ့ ဝိုင်အနီဟာ ခန္ဓာကိုယ်တွင်း နိုက်ထရစ်အောက်ဆိုက် အဆင့်တွေ မြင့်မားစေတာကြောင့် အပေါ် သွေးဖိအားနဲ့ အောက်သွေး ဖိအား နှစ်မျိုးစလုံးကို ကျဆင်းစေနိုင်ပါတယ်။ နိုက်ထရစ်အောက်ဆိုက်ဟာ သွေးကြောတွေကို Relax ရရှိစေတဲ့အတွက် နှလုံးနဲ့ တခြားကိုယ်တွင်း အင်္ဂါအတွင်း သွေးတွေ ပိုမို ရောက်ရှိနိုင်တာကြောင့်ပါလို့ သုတေသီတွေက ဆိုပါတယ်။
ဝိုင်အနီနဲ့ အယ်လ်ကိုဟော မပါဝင်တဲ့ ဝိုင်နှစ်မျိုးစလုံးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပေါ်လီဖီနော ပမာဏ တူညီစွာ ပါရှိပေမယ့် အယ်လ်ကိုဟောကြောင့် သွေးဖိအား ကျဆင်းနိုင်ခြေ နည်းသွားပါတယ်။ အယ်လ်ကို ဟောထုတ်ထားတဲ့ ဝိုင်အနီသောက်ပြီးရင်တော့ အပေါ်သွေးဖိအား 6 mmHg နဲ့ အောက်သွေးဖိအား 2 mmHg ကျဆင်းနိုင်တာမို့ နှလုံးရောဂါ ဖြစ်နိုင်ခြေ ၁၄ ရာခိုင်နှုန်းနဲ့ လေဖြတ်နိုင်ခြေ ၂၀ ရာခိုင်နှုန်းအထိ လျော့ကျနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။
By Good Health

0 comments:
Post a Comment