www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Sunday, May 19, 2013

အမျိုးသမီးရင်သားအား နေ့ စဉ် ၁၀ မိနစ်စီကြည့်ပါကနှလုံးရောဂါ ဖြစ်နိုင်ခြေ ထက်ဝက်ခန့် လျော့နိုင်


လှပကျော့ရှင်းသည့် အမျိုးသမီးရင်သားအား နေ့စဉ် ၁၀ မိနစ်ခန့် ကြည့်ပါက အမျိုးသားများအတွက် ကျန်းမာရေး ကောင်းမွန်စေနိုင်မည်ဖြစ်ပြီး ထိုအပြုအမူအား
ကာလကြာရှည်စွာပြုလုပ်ပေးမည် ဆိုပါက နှလုံးရောဂါဖြစ်နိုင်ခြေပါ ထက်ဝက်ခန့် ကျဆင်းစေနိုင်မည် ဖြစ်ကြောင်း ဂျာမနီနိုင်ငံထုတ် နယူးအင်္ဂလန် ဆေးပညာဂျာနယ်မှ ဖော်ပြချက်သည် မှန်ကန်ကြောင်းအပတ်စဉ်ဆေးပညာဆောင်းပါးများ ရေးသားနေသူ ဒေါက်တာအောင်ခင်ဆင့်က ပြောသည်။ "မိန်းကလေးတွေရဲ့ ရင်သားဟာ ယောကျာ်းလေးတွေအတွက် အားဆေးပါပဲ။ နောက်တစ်ခုက တခြားနိုင်ငံတွေရဲ့ ဆေးပညာဂျာနယ်တွေမှာဆိုရင်လည်း ယောကျာ်းလေးအများစုက မနက်လင်းတာနဲ့ အရင်ဆုံးမြင်ချင်တာက စိတ်လှုပ်ရှားဖို့ကောင်းတဲ့ အမျိုးသမီးရဲ့ ခန္ဓာကိုယ်အလှလို့ ဖော်ပြထားတာ လည်း တွေ့ဖူးတယ်"ဟု ဒေါက်တာ အောင်ခင်ဆင့်က ဆိုသည်။ ထိုသို့ အမျိုးသမီးရင်သားအား နေ့စဉ် ၁၀ မိနစ်ခန့်ကြည့်ရှုသည့် အလေ့အကျင့်သည် နာရီဝက်ခန့် လေ့ကျင့်ခန်းပြုလုပ်ခြင်းနှင့် ညီမျှကြောင်း ဂျာမနီနိုင်ငံရှိ ဒေါက်တာကာရန်ဝီသာဘီက ပြောကြားခဲ့သည် ဟု ပြည်တွင်းရှိ သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြထားသည်။ "ဟုတ်တယ်လေ။ ယောကျာ်းလေးတွေက မိန်းကလေးတွေကိုကြည့်ရင် သူတို့ရဲ့မျက်နှာကို ကြည့် တယ်။ပြီးရင်သူတို့ရဲ့ ရင်သားကို ကြည့်တယ်။ အဲဒါက အကျင့်တစ်ခုလို ဖြစ်နေတာ"ဟု ကျောက်တံတား မြို့နယ်တွင် နေထိုင်သူအမျိုးသားတစ်ဦးကပြောသည်။ အသက် ၄၀ ကျော် အမျိုးသားများသည်ီ-ဃကစ အရွယ်သို့ မဟုတ်၊ ဖွံ့ဖြိုးသော အမျိုးသမီး ရင်သားများကို နေ့စဉ် ၁၀ မိနစ်ခန့် ကြည့်ရှုပေးသင့်ကြောင်းတိုက်တွန်းထားသည်။ အမျိုးသမီးများ၏ လှပသည့်ရင်သားအား ကြည့်ရှုသည့် အမျိုးသားများသည် သွေးဖိအားပြဿနာ၊ သွေးကြောနှင့်ဆိုင်သော ရောဂါများ၊ သွေးခုန်နှုန်း မမှန်ကန်မှုများ ဖြစ်နိုင်ခြေအား သိသာစွာကျဆင်းနိုင် ကြောင်း၊ ထို့အပြင် လိင်နှင့်ဆိုင်သည့် စိတ်လှုပ်ရှားမှုသည် နှလုံးအား ပိုမိုလှုပ်ရှားစေကာ သွေးလည်ပတ် စီးဆင်းမှု လျင်မြန်ကောင်းမွန်စေကြောင်း ဂျာမနီနိုင်ငံထုတ် နယူးအင်္ဂလန်ဆေးပညာဂျာနယ်၏ ဖော်ပြချက် အရသိရှိရသည်။

By Venus News Journal

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်