www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Tuesday, May 21, 2013

ဆီး လမ်းကြောင်း ပိုးဝင်ခြင်း ကြက်သား ကြောင့်ဖြစ်နိုင်

အမေရိကန် ရောဂါများ ထိန်းချုပ် ရေးနှင့် ကာကွယ် ရေးဌာန CDC မှပြု လုပ်ခဲ့တဲ့ လေ့လာမှုသစ်တစ်ရပ်အရ ကြက်များဟာ ဆီးလမ်းကြောင်းပိုးဝင် ခြင်းကိုဖြစ်ပေါ်စေတဲ့ အဓိကအကြောင်း ရင်းတစ်ခု ဖြစ်နိုင်ပါတယ်။ သုတေသီ များဟာ ဆီးလမ်းကြောင်းပိုးဝင်ခံရ ခြင်းသည် ထိုသူရဲ့အစာအိမ်နှင့် အူ လမ်းကြောင်းမှာ အီးကိုလိုင်ဗက် တီးရီးယားပိုး ဝင်ရောက်ခံရခြင်း ကြောင့်ဖြစ်တယ်လို့ ယုံကြည်ထားခဲ့ ကြပါတယ်။ ဆီးလမ်းကြောင်းပိုးဝင် ခြင်းကိုဖြစ်စေတဲ့ အီးကိုလိုင် ဗက်တီး ရီးယားပိုးရဲ့မျိုးရိုးဗီဇကို ခွဲခြမ်းစိတ်ဖြာ လေ့လာကြည့်ရာ ကြက်သားများမှာ တွေ့ရလေ့ရှိတဲ့ အီးကိုလိုင်ပိုးများရဲ့ မျိုးရိုးဗီဇနှင့် တူညီနေတာကို တွေ့ရ ပါတယ်။ ဃီဃ အဖွဲ့ဟာ အခြားအမဲ သား၊ ဝက်သားစတဲ့ အသားတို့မှာ ရှိတဲ့ အီးကိုလိုင်ပိုးအမျိုးအစားများကို လေ့လာခဲ့ရာမှာ တူညီမှုမရှိတာကို တွေ့ခဲ့ကြရပါတယ်။ လွန်ခဲ့တဲ့ရာစုနှစ် အတွင်းမှာ ဆေးယဉ်ပါးအီးကိုလိုင်ပိုး များထွက်ပေါ်လာတဲ့အတွက် ဆီးလမ်း ကြောင်းပိုးဝင်ခံရခြင်းပြဿနာများကို ကုသမှုဟာ ယခင်ကဲ့သို့ ရိုးရိုးရှင်းရှင်း မဟုတ်တော့ဘဲ ပိုမိုရှုပ်ထွေးလာခဲ့ပါ တယ်။ ဆေးကုသရတာ ခက်ခဲလာပြီး ဆေးကုသစရိတ်ဟာလည်း မြင့်တက် လာခဲ့ပါတယ်။ သုတေသီများကတော့ ကြက်မွေးမြူသူများအား ရောင်းချတဲ့ ကြက်များတွင် အီးကိုလိုင်ပိုးများ ကူးစက်ခံရခြင်းကို လျော့ကျစေနိုင်မယ့် နည်းလမ်းများကို ညွှန်ကြားပေးထား ကြပါတယ်။

By Health Digest

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်