www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Sunday, May 19, 2013

နာတာရှည် အဆုတ်ပွ လေပြွန်ကျဉ်းရောဂါ


နာတာရှည် အဆုတ်ပွ လေပြွန်ကျဥ်းရောဂါနာတာရှည်အဆုတ်ပွ လေပြွန်ကျဉ်းရောဂါ ဆိုတာကအဆုတ် လေပြွန်တွေ ရောင် ရမ်းပြီး လေ အိတ်လေး တွေ ဖောင်းပွနေတဲ့ တချို့သော နာတာရှည် ပန်းနာရင်ကျပ်ရောဂါ (Chronic Bronchitis Emphysema) အားလုံးကို ခြုံငုံ ပြီး ခေါ်တာပါ။ နာတာရှည် အဆုတ်ပွလေပြွန် ကျဉ်းရောဂါ ဖြစ်ပွားရတဲ့ အကြောင်းရင်း တွေက ဆေးလိပ်သောက် သုံးတာ၊ လောင်စာငွေ့တွေဖြစ်တဲ့ မီးခိုးငွေ့၊ ထင်း မီးသွေးငွေ့၊ ဓာတ်ဆီ၊ ရေနံဆီ၊ ဒီဇယ်၊ မီးလောင်ရာက ထွက်လာတဲ့ အငွေ့တွေ၊ အိပ်ဇောပိုက်က ထွက်တဲ့ အငွေ့တွေကို ရှူရှိုက်မိတာ၊ အိမ်တွင်း၊ အိမ်ပြင်လေထု ညစ်ညမ်းတာ၊ ကူးစက်တတ်တဲ့ရောဂါ တွေဖြစ်ပွားတာ၊ လူမှုစီးပွားရေး နိမ့်ကျ တာတွေကြောင့် ဖြစ်ပွားနိုင်ပါတယ်။ ကမ္ဘာပေါ်မှာ လူပေါင်း သန်း ၈၀ လောက်က နာတာရှည်အဆုတ်ပွလေြွပန်ကျဉ်းရောဂါကို ခံစားနေရပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၅ ရာခိုင်နှုန်းမှာ ဖြစ်ပွား နေပြီး ၂၀၂၀ ပြည့်နှစ်မှာ တတိယအဖြစ် အများဆုံး ရောဂါဖြစ်လာလိမ့်မယ်လို့ ခန့် မှန်းထားပါတယ်။ ဒီရောဂါ အများဆုံးဖြစ် ပွားတတ်သူ တွေကတော့ ဆေးလိပ်သောက်သုံးသူ တွေမှာ အများဆုံး တွေ့ရတတ်ပါတယ်။ ကိုယ်တိုင်ဆေး လိပ် မသောက် ရင်တောင် အတူနေတဲ့ မိသားစုဝင် တစ်ဦးဦး ဒါမှမ ဟုတ် အိမ်ထောင် ဖက်က ဆေးလိပ် သောက် ရင်လည်း အတူနေသူတွေမှာ ဆေးလိပ်ငွေ့ကို ရှူရှိုက်ရတာကြောင့် နာတာရှည် အဆုတ်ပွလေပြွန် ကျဉ်းရောဂါ ဖြစ်တတ် ပါတယ်။ အထူးသဖြင့် အမျိုး သမီးတွေ ဆေးလိပ်မသောက်ပေမယ့် အိမ်မှာ ထင်း၊ မီးသွေးတွေနဲ့ ထမင်း၊ ဟင်းချက်ပြုတ်ချိန်မှာ ကာဗွန်မိုနောက် ဆိုက်ဓာတ်ငွေ့တွေ ရှူရှိုက်မိတာကြောင့် လည်း ဖြစ်နိုင်ပါတယ်။ များသောအားဖြင့် တောင်ပေါ်ဒေသ အရမ်းအေးတဲ့ နေရာ တွေမှာ အိမ်က အလုံပိတ်ဖြစ်နေတာ ကြောင့် အငွေ့တွေက အပြင်ကို မထွက် ဘဲ အိမ်ထဲမှာပဲ ရှိနေတာကြောင့် အဲဒီ အငွေ့တွေကို ရှူရှိုက်ရလို့ ဖြစ်နိုင်ပါ တယ်။ ရောဂါ လက္ခဏာတွေ ကတော့ ချောင်းဆိုးတယ်၊ သလိပ်တွေထွက်တယ်၊ တစ်ခါတစ်ရံ တရွှီရွှီမြည်တယ်၊ လှုပ်လိုက် ရင်မောတယ်၊ ပန်းနာရင်ကျပ်ရောဂါနဲ့ ကွာတာက ပန်းနာရင်ကျပ်ရောဂါ ဖြစ် ရင် တစ်ပတ်လောက်ဆို ပျောက်ပေမယ့် နာတာရှည်အဆုတ်ပွ လြွေပန်ကျဉ်းရော ဂါကတော့ မပျောက်ပါဘူး။ ဆေးရုံမှာ အဲဒီလူနာနှစ်ယောက်ကို ဆေးအတူတူ ပေးပြီး ကုသရင် ပန်းနာရင်ကျပ်ရောဂါ ရှိတဲ့လူနာက တစ်ပတ်လောက် ဆိုရင် ကောင်းသွားပြီး ဆေးရုံကဆင်းသွားလို့ရ တယ်။ နာတာရှည်အဆုတ်ပွလြွေပန် ကျဉ်းတဲ့လူနာကတော့ တစ်ပတ်နေ လည်း မကောင်းဘူး၊ တစ်လနေလည်း မကောင်းပါဘူး။ ဆေးလိပ်သောက်နေရင် အဆုတ် က လေပြွန်တွေကျဉ်းပြီး ရောင်နေတာ ကြောင့် ပျောက်ကင်းဖို့ ခက်ခဲပါတယ်။ ဒါဆိုရင် ဆေးလိပ်ဖြတ်လိုက်ရင် ချက် ချင်း ကောင်းမလားဆိုတော့ ချက်ချင်းတော့ မကောင်းပါဘူး။ ဆရာမရဲ့အတွေ့ အကြုံ အရတော့ ဆေး လိပ်သောက် တဲ့ နှစ်တွေ ကြာလေလေ၊ အဆုတ်က ပုံမှန် အတိုင်းပြန်ဖြစ်ဖို့ အချိန်ကြာလေလေပါ ပဲ။ ဆေးလိပ်သောက်တာ နှစ် ၂၀ ၊ ၃၀ ရှိပြီဆိုရင်တော့ ပြန်ကောင်းဖို့ အလားအ လာအတော်နည်းပါတယ်။ ဆေးလိပ် ဖြတ်လိုက်ပေမယ့် ရောဂါလက္ခဏာတွေ က ဆက်ဖြစ်နေပါသေးတယ်။ ပိုဆိုး မလာအောင်သာ ထိန်းထားလို့ရပါတယ်။ တချို့လည်း အဆုတ်ကင်ဆာအထိဖြစ် နေပြီး နောက်ဆုံးအဆင့်ရောက်နေတဲ့ လူနာကို အိမ်သားတွေက ဆေးလိပ်အ တင်း ဖြတ်ခိုင်းကြတယ်။ ဆရာမကတော့ အဲလိုဖြစ်နေရင် အိမ်သားတွေကို အခု အချိန်မှတော့ ဆေးလိပ် ကို ဖြတ်ခိုင်း မနေ ပါနဲ့တော့၊ လူနာက သောက်ချင်တယ်ဆို ရင် ပေးသောက်လိုက်ပါလို့ ဖျောင်းဖျရ တယ်။ ဘာကြောင့်လဲဆိုတော့ အခု အ ချိန်မှ ဆေးလိပ်ဖြတ် လို့လည်း မထူးတော့ ပါဘူး။ နောက်ပြီး လူနာက ဝေဒနာခံစား နေရတာကို ထပ်ပြီး မညှဉ်းဆဲချင်တော့ တာလည်း ပါပါတယ်။ နာတာရှည် အဆုတ်ပွလြွေပန်ကျဉ်းရောဂါအပြင် အ ဆုတ်သွေးတိုးရောဂါပါ ဖြစ်လာရင်တော့ နှလုံးထိခိုက်ပြီး ခြေလက်တွေ ဖောရောင် လာပါတယ်။ ရောဂါက နာတာရှည်ပါ တယ်။ ပျောက်ကင်းဖို့ အချိန်ကြာပါ တယ်။ ပျောက်ဖို့လည်း ခဲယဉ်းပါတယ်။ ပျောက်ချင်မှလည်း ပျောက်ပါတယ်။ ကုသမှု နည်းလမ်းတွေက ဆေးလိပ် ဖြတ်ခိုင်းတယ်၊ အဆုတ်လေပြွန် ကျယ် ဆေးတွေ၊ စတီးရွိုက် ရှူဆေး၊ စားဆေး၊ ထိုးဆေးတွေပေးတယ်၊ အဆုတ်လေ့ကျင့် ခန်းလုပ်ခိုင်းတယ်၊ အောက်ဆီဂျင်ကုထုံး နဲ့ ကုသတယ်၊ ခွဲစိတ်ကုသမှုမှာတော့ အ ဆုတ်ပမာဏလျှော့ချတာ၊ ပိုက်ဆံတတ် နိုင်ရင်တော့ နိုင်ငံခြားမှာ အဆုတ်အသစ် အစားထိုးတာတွေ လုပ်ပေးတယ်၊ အ သက်မရှူနိုင်ရင် အသက်ရှူစက်နဲ့ရှူနိုင် အောင် လုပ်ပေးတယ်၊ နာတာရှည် အဆုတ်ပွလြွေပန်ကျဉ်းရောဂါရှိတဲ့ သက် ကြီးပိုင်းတွေကို တုပ်ကွေးကာကွယ်ဆေး၊ နမိုးနီးယားကာကွယ်ဆေးတွေ ထိုးပေး တယ်။ ဘာကြောင့်လဲဆိုတော့ ဒီရောဂါရှိ တဲ့ လူနာတွေဟာ တုပ်ကွေး၊ နမိုးနီးယား တွေဖြစ်တဲ့အခါ အသက်ပါ ဆုံးရှုံးသွား တတ်တာကြောင့် ကာကွယ်ဆေးထိုးပေး ထားရပါတယ်။ အဆုတ်အသစ်အစားထိုး တာ က ငွေကြေးကုန်ကျများလွန်းတာ ကြောင့် အလှမ်းဝေးနေပါသေးတယ်။ ဒီရောဂါနဲ့ ပတ်သက်ပြီး ဆရာမရဲ့ အတွေ့အကြုံနဲ့ ယှဉ်ပြီး ပြောပြချင်တာရ ပါတယ်။ အဆုတ်ပွလေပြွန်ကျဉ်းရောဂါ အများစုက ကာကွယ်နိုင်တဲ့ရောဂါပါ။ ဆေးလိပ်သောက်တာကို ဖြတ်လိုက်ရင်တောင် ဒီရောဂါဖြစ်ပွားနှုန်းက အတော်လေး ကျသွားနိုင် ပါတယ်။ ရောဂါဖြစ် ပွားနေရင်လည်း ရောဂါလက္ခဏာ ခံစားရတဲ့ ဝေဒနာတွေ အတော်လေး သက်သာ သွားနိုင်ပါတယ်။ ဒါ့အပြင် အိမ်တွင်းကထွက်လာတဲ့ မီးသွေးငွေ့တွေကို ရှောင်ရှားပြီးလေကောင်းလေသန့်ရတဲ့ နေရာတွေမှာ နေထိုင်ပါက ဒီရောဂါဖြစ်ပွားနှုန်းတွေ ကျဆင်းသွား နိုင်ပါတယ်။ လေထု ညစ်ညမ်းမှုကို ရှောင် ကြဉ်တာက ဒီရောဂါဖြစ်ပွားနှုန်း သိသိ သာသာ ကျဆင်းစေနိုင်တဲ့ အချက်ပါပဲ။ လူနာအများစုက အခုဆေး လိပ်ဖြတ် လိုက်ရင် အခုကောင်းသွားမယ်လို့ ထင် တတ်ကြပါတယ်။မဟုတ်ပါဘူး။ တကယ် တော့ ဆေးလိပ်သောက်တဲ့ သက်တမ်း ကြာရင် ကြာသလောက် ပြန်ကောင်းဖို့ လည်း အချိန်ယူရတတ်ပါတယ်။ ဒါက လည်း ဆေးလိပ်သောက်ခါစလောက်မှ ဖြတ်တာ ပိုကောင်း ပါတယ်။ သောက်တာ ကြာပြီး အဆုတ်မှာ အမာရွတ်တွေဖြစ်ပြီး ပြန်မကောင်းနိုင်တော့ တဲ့အချိန်မှ ဆေး လိပ်ဖြတ်ရင် မထူးတော့ပါဘူး။ မှတ်တမ်း တွေအရ ဆေးလိပ်ဖြတ်ထားပြီး တဖြည်း ဖြည်းနဲ့ နဂိုမူလ အဆုတ်အခြေအနေ အထိ ပြန်ကောင်းလာတာတွေလည်း ရှိတယ်ဆိုပေမယ့် ဆေးလိပ်မသောက်ဖို့ ပြောချင်ပါတယ်။ နာတာရှည် အဆုတ်ပွလေပြွန် ကျဉ်းရောဂါ မဖြစ်ပွားအောင် ကာကွယ် ရေးနည်းလမ်းတွေ အနေနဲ့ ကျန်းမာရေး ပညာပေးလုပ်ငန်းတွေ လုပ်ဆောင်ရပါ မယ်။ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ရုပ် မြင်သံကြား၊ ပိုစတာ၊ လက်ကမ်းစာ စောင်၊ အသံလွှင့်ဟောပြောချက်တွေနဲ့ ပညာပေးရပါမယ်။ ကျောင်းကျန်းမာရေး ပညာပေးဟောပြောတာနဲ့ ပညာပေးရေး နည်းလမ်းတွေကို လုပ်ငန်းခွင်တွေမှာ သင်ကြားလေ့ လာပို့ချပေးတာတွေ လုပ် ပေးရပါမယ်။ ဆေး လိပ်ဖြတ်ရေးနဲ့ ဆေး လိပ်သောက် သုံးသူတွေ ရပ်တန့်အောင် အားပေးကူညီရပါမယ်။ ဆေးလိပ်ဖြတ် တဲ့ ဆေးဝါးပေးပြီး ဖြတ်တာ၊ ပစ္စည်းကိရိ ယာနဲ့ ဖြတ်ခိုင်းတာ၊ အကြံပေးဆွေးနွေး ပြီး ဖြတ်ခိုင်းတာ စတဲ့ နည်းလမ်းတွေနဲ့ ဆေးလိပ်ဖြတ်ရာမှာ ကူညီပေးသင့်ပါတယ်။ မြန်မာနိုင်ငံမှာ ဆေးလိပ်နဲ့ ဆေးရွက်ကြီး ဆိုင်ရာ ဥပဒေကို ၂၀ဝ၅ ခုနှစ် မေလမှာ စတင် ကျင့်သုံးခဲ့ပါတယ်။ ဒါပေမဲ့ လူနေ မှုဘဝပုံစံ ပြောင်းလဲဖို့ မြှင့်တင်ပေးဖို့ လိုပါတယ်။ ထင်းတွေ၊ မီးသွေးတွေ၊ ဓာတ်ဆီ၊ ဒီဇယ်ဆီတွေ သုံးမယ့်အစား နိုင်ငံခြားမှာတော့ ဆိုလာစနစ်ကို သုံးပါ တယ်။ လူနေမှုစနစ်တွေ မြင့်မားလာရင် ရောဂါဖြစ်ပွားမှုကိုလည်း လျှော့ချနိုင်ပါ တယ်။ မြန်မာနိုင်ငံ အနေနဲ့တော့ ထင်း တွေ၊ မီးသွေးတွေ သုံးမယ့်အစား ဂက်စ်နဲ့ ချက်ရင် အဆုတ်ထဲကိုဝင်မယ့် အငွေ့ ပမာဏ နည်းသွားနိုင်ပါတယ်။ ရောဂါ ဖြစ်လာပြီဆိုရင်လည်း ရောဂါမရင့်ခင်၊ ရောဂါလက္ခဏာတွေ ပြပြီဆိုတာနဲ့ ဆရာဝန်နဲ့ပြသစစ်ဆေးပြီး လိုအပ်တဲ့ ကုသမှုတွေကို ခံယူကြဖို့ လိုပါတယ်။

ပါမေက္ခ ဒေါက်တာ ရတနာကျော် (အဆုတ်နှင့် ရင်ခေါင်း အထူးကုဆရာဝန်ကြီး)



By Good Health

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်