www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Tuesday, May 21, 2013

ကလေး ဗိုက်ခွဲမွေး အပြီး သကြားမပါတဲ့ ပီ ကေ ၀ါးပါက အိမ်ကို စောပြန်နိုင်

အီဂျစ်ရှမ်း တက္ကသိုလ်မှ ပါမောက္ခ ကယ်ရင်က ဗိုက်ခွဲပြီး ကလေးမွေး တဲ့သူတွေ ကို အောက်ပါ အတိုင်း လေ့လာမှု ပြုလုပ်ခဲ့ ပါတယ်။ ဗိုက်ခွဲ ထားတဲ့ အမျိုးသမီး တချို့ကို ၁၅ မိနစ်ခြားတစ်ခါနဲ့ နှစ်နာရီအကြာ ပီကေ ဝါးစေခဲ့ပြီး တချို့ကို ပီကေမဝါးဘဲ ထားခဲ့ပါတယ်။ ပီကေ ဝါးတဲ့ အမျိုးသမီးတွေဟာ ကလေးမွေးအပြီး ၄၁ နာရီ အကြာမှာ အိမ်ကို ပြန်ခွင့်ပြုနိုင်ပေမယ့် ပီကေမဝါးသူ တွေဟာ မွေးပြီး နာရီ ၅၀ အကြာမှ အိမ်ပြန်ခွင့်ပြုနိုင် တယ်လို့ တွေ့ရှိခဲ့ပါတယ်။ ပီကေဝါးတာကြောင့် အူတွေ ရဲ့ ပုံမှန်လှုပ်ရှားမှုကို မြန်မြန်ရရှိနိုင်ပါတယ်။ အူလှုပ်ရှား မှု စောစောရရှိတာကြောင့် ပါးစပ်မှ အရည်နဲ့ အစာတွေ ကိုလည်း မြန်မြန်စားသောက်နိုင်တယ်လို့ လေ့လာမှု ပြုလုပ်သူတွေက ပြောပါတယ်။ ခန္ဓာကိုယ်လုပ်ငန်းတွေ ပုံမှန်ပြန်ရတာကြောင့် အိမ်ကိုလည်း ပြန်ခွင့်ရရှိနိုင် တယ်လို့ ဆိုပါတယ်။
ဒေါက်တာ ခင်မိုးမိုး



By Good Health

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်