လက်
ဒါမှ မဟုတ် ခြေထောက် ဒါမှ မဟုတ် ဒါထက် ဆိုးရွား တဲ့ နေရာ တွေမှာ ဆူးစူး
တာကြောင့် နာကျင် မှုဝေဒနာ ခံစားရတတ်ပါတယ်။ သစ်သားစ၊ မှန်စ၊ သတ္တုစ (သံ)
ဒါမှမဟုတ် တခြားပစ္စည်း တွေ သင့်အရေပြားအောက်တွင်း ရောက် ရှိသွားရင်
ဆူးစူးတယ်လို့ ခေါ်ပါတယ်။ အလွန်သေးငယ်တဲ့ပစ္စည်းတွေ ဖြစ်ပေ မယ့်
နာကျင်တတ်ပါတယ်။ အဲဒီလို ဆူး စူးတာခံရရင် ဆူးကို တတ်နိုင်သမျှ
စောစောစီးစီးထုတ်လိုက်ပါ။ ဒါမှမဟုတ် ရင်ရောဂါ ပိုးတွေ
ဝင်ရောက်နိုင်ပြီးဒုက္ခ ပေးနိုင်ပါတယ်။ အောက်ပါအတိုင်း ပြုလုပ်ပါ။
၁။ ဇာဂနာ အသုံးပြုပါ
ဇာဂနာကို ပိုးသန့်စင်သွားအောင် အရက်ပြန်နဲ့သုတ်တာ ဒါမှမဟုတ် မီးနဲ့ အပူပေးတာတွေ ပြုလုပ်ပါ။ ဆူးထုတ်ရာ မှာ နာကျင်မှုရှိနိုင်တဲ့အတွက် တစ် ယောက်ယောက်က လက်ကို ကိုင်ထား ပေးပါ။ ဇာဂနာရှိ ပိုးသန့်စင်သွားပါက ထွက်နေတဲ့ ဆူးစကို အမိအရဖမ်းပြီး ဆူးဝင်ရာလမ်းကြောင်းအတိုင်း ဆွဲထုတ် ပေးပါ။ အကယ်၍ ဆူးက အရေပြားထဲမှာ တွယ်ငြိနေရင် အရက်ပြန်သုတ်ထားတဲ့ အပ်နဲ့ ဆူးထိပ်နေရာမှာ အပေါက်ငယ် လေး ဖောက်ပေးပါ။ ပြီးရင် ဆူးမြင်သာ အောင် အရေပြားကို မတင်ပြီးမှ ပိုးသန့် စင်ထားတဲ့ ဇာဂနာနဲ့ ဆူးထုတ်ပါ။ အကယ်၍ ဆူးက အရမ်းသေးငယ်နေရင် တော့ မှန်ဘီလူးအကူအညီနဲ့ ဆူးထုတ်ပါ။
၂။ ရေနွေးနဲ့ စိမ်ပါ
အကယ်၍ ဇာဂနာနဲ့ ဆူးထုတ်လို မရခဲ့ရင် ဆူးစူးတဲ့နေရာကို ထမင်းစားဇွန်း တစ်ဇွန်းစာ ဆားနဲ့ ရေတစ်ခွက်ရောထား တဲ့ အရည်တဲ့ ဆယ်မိနစ်၊ ဆယ့်ငါးမိနစ် ခန့် စိမ်ထားပါ။ ဆားရည်ကြောင့် သစ် သား (ဆူးစ) ပွလာပြီး အရေပြားကို ဖောက်ထွက်လာနိုင်ပါတယ်။
၃။ တိပ် အသုံးပြုပါ
ဆူးစူးရင် တိပ် (ပလတ်စတာ) ကို လည်း အသုံးပြုနိုင်ပါတယ်။ ဆူးစူးတဲ့ နေ ရာပေါ်မှာ ပလတ်စတာ ကပ်ထားပေး ပါ။ ပြီးရင် ပလတ်စတာကို ခွာလိုက်ပါ။ အကယ်၍ ဆူးဟာ အရေပြားအတွင်း နက်နက်ထဲ မရောက်ဘဲ အပေါ်ယံနေရာ မှာသာရှိနေရင် ပလတ်စတာခွာတာနဲ့ ဆူးပါ လွယ်လွယ်ကူကူ ထွက်သွားနိုင် ပါတယ်။
၎။ သန့်ရှင်းအောင် ထားပါ
ဆူးကို ဖယ်ရှားပြီးပါက အနာကို အရက်ပြန်နဲ့ ဆေးကြောပြီး သန့်သန့် ရှင်းရှင်းထားပါ။ ရောဂါပိုး ဝင်ရောက်တဲ့ လက္ခဏာ (ဥပမာ - ပြည်ထွက်လာခြင်း၊ ရောင်ရမ်းခြင်း၊ အနာနေရာမှာ နီရဲနေ ခြင်း၊ ပိုမိုနာကျင်လာခြင်း) ရှိ၊ မရှိကို စစ် ဆေးပါ။ အနာကို သန့်စင်ပြီးနောက်ပိုင်း မှာ ပဋိဇီဝလိမ်းဆေး လိမ်းပေးရင် အနာ ကျက်နှုန်း ပိုမြန်နိုင်ပါတယ်။
၅။ ဆူးမစူးအောင် ကာကွယ်ပါ
(က) အိမ်အပြင်ကိုထွက်ပြီး လမ်း လျှောက်တိုင်း ဖိနပ်စီးသွားပါ။
(ခ) အိမ်တွင်းမှာရှိတဲ့ မှန်ကွဲစတွေ၊ သံတိုသံစတွေကို ချက်ချင်း သန့်ရှင်းရေး လုပ်ပါ။ မှန်ကွဲစတွေကို ကိုင်တွယ်ရာမှာ လည်း သတိနဲ့ကိုင်တွယ်ရမှာဖြစ်ပြီး ခြေ ထောက်မစူးအောင် အမာအောက်ခံရှိ တဲ့ဖိနပ် စီးထားပါ။
(ဂ) ဆူးနဲ့ အချွန်အထက်တွေ ရှိတဲ့ အပင်တွေကို ကိုင်တွယ်ရာမှာ လက် အိတ် ဝတ်ထားပါ။
(ဃ) သစ်သားနဲ့ ပတ်သက်တဲ့ အ လုပ်တွေလုပ်ရမယ်ဆိုရင်လည်း (ဥပမာ - လက်သမား) သတိထားပြီး အလုပ်လုပ် ပါ။
၆။ ဆရာဝန်နဲ့ ဘယ်အချိန်ပြမလဲ
သင့်ကို စူးတဲ့ဆူးဟာ အလွန်ကြီး မားတာ ဒါမှမဟုတ် အရေပြားအတွင်း နက်နက်ထဲရောက်နေပြီး လွယ်လွယ်ကူ ကူ မဖယ်ရှားနိုင်ရင် ဆရာဝန်နဲ့ပြပါ။ ဆရာဝန်အနေနဲ့ ခွဲစိတ်ရာအနည်းငယ် ပေးပြီး ဆွဲထုတ်ပေးနိုင်ပါတယ်။ အကယ် ၍ ဆူးကို မဖယ်ရှားနိုင်ရင် ရောဂါပိုးဝင် နိုင်လို့ပါ။ ဆီးချိုရောဂါရှိသူ ဒါမှမဟုတ် ခုခံ အားကျဆင်းနေသူဟာ ရောဂါပိုး လွယ်လွယ်ကူကူ ဝင်ရောက်နိုင်တာမို့ အရေပြား နက်နက်တွင်း ဆူးဝင်ရောက် ခဲ့ရင် ဆရာဝန်နဲ့ ပြပါ။ ရောဂါပိုးဝင်တဲ့ လက္ခဏာတွေဖြစ် တဲ့ နာကျင်တာ၊ နီရဲတာ ဒါမှမဟုတ် ရောင်ရမ်းတာတွေ တွေ့ရှိခဲ့ရင် ဆူးဟာ အကုန်အစင် မထွက်သွားသေးတဲ့ လက္ခ ဏာပါ။ အကယ်၍ ဆူးအကုန်လုံး ထုတ် ခဲ့နိုင်ရင်တောင်မှ ခုခံအားစနစ် အား နည်းတဲ့သူတွေမှာ ရောဂါပိုးဝင်ရောက်နိုင် တာမို့ ဆရာဝန်နဲ့ပြပါ။ ဆူးစူးခံရတာဟာ သစ်စ မဟုတ်ဘဲ သံစ၊ သတ္တုစတွေ ဖြစ်နေခဲ့ရင် မေးခိုင် ကာကွယ်ဆေးထိုးဖို့အတွက် ဆရာဝန်နဲ့ ပြပါ။
ဒေါက်တာခင်မိုးမိုး
By Good Health

0 comments:
Post a Comment