www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Tuesday, May 21, 2013

ဒေါက်မြင့်ဖိနပ်များကြောင့် ခြေစွယ်ငုပ်၍ နာကျင်မှု ဖြစ်ပေါ်နိုင်

ဒေါက်မြင့်ဖိနပ်များ စီးခြင်းများ ခြေစွယ်ငုပ်ခြင်း ဖြစ်ပေါ်သည့် အဓိက အကြောင်းအရာဖြစ်ပြီး အထူးသဖြင့် ခြေမ ခြေစွယ်ငုပ်ခြင်းမှ တစ်ဆင့် ရောဂါပိုးဝင်ခြင်း အဆင့်အထိ ဖြစ်နိုင်ကြောင်း အမေရိကန် ခြေထောက်နှင့် ပတ်သက်သည့် အထူးကု ဆရာဝန်များက ပြောကြားလိုက်သည်။
ခြေစွယ်ငုပ်ခြင်းမှာ ဒေါက်မြင့်ဖိနပ်များ စီးခြင်းကြောင့် ဖြစ်ပေါ်သည့် အဓိကပြဿနာ ဖြစ်ကြောင်းနှင့် ခြေချောင်းလေးများအား အတူတကွ ပူးကပ်နေခြင်း များလာသောအခါ ခြေမကဲ့သို့ ခြေချောင်းမှ ခြေသည်းများ အတွင်းသို့ ငုပ်ဝင်သွားကြောင်း လိုယိုလာ တက္ကသိုလ်မှ ခြေထောက်နှင့် ခြေချောင်း ဆေးပညာ ပါမောက္ခ ရော့ဒနီစကပ်က ပြောသည်။ “ခြေစွယ်ငုပ်တာဟာ အလွန် နာကျင်တတ်ပါတယ်။ ဒါပေမဲ့လည်း အဲဒီ အဆင်မပြေမှုကို သည်းခံပြီး အမျိုးသမီးတွေက ဒေါက်မြင့်ဖိနပ်တွေ ဆက်စီးနေကြပါတယ်” ဟု ပါမောက္ခကြီးက ကြေညာချက်တွင် ဖော်ပြသည်။
ယင်းကို မကုသဘဲ ထားပါက ခြေသည်းများ လုံးဝ ပျက်စီးသွားနိုင်ကြောင်း ၎င်းက ပြောသည်။ ခြေစွယ်ငုပ်ခြင်းမှ ကာကွယ်ရန် အကြံပေးချက်များတွင် မိမိ၏ ဖိနပ်ဟောင်းများကို ကတ်ထူစက္ကူဖြင့် တိုင်း၍ ဖိနပ်အသစ် ဝယ်ခြင်း၊ အလွန်ကျပ်သော အသားကပ် ခြေအိတ်များကို မဝတ်ဆင်ခြင်း၊ ဒေါက်မြင့်ဖိနပ် စီးချိန်ကို လျှော့ချခြင်း၊ ဒေါက်မြင့်ဖိနပ်စီး၍ အချိန်ကြာမြင့်စွာ မတ်တတ်ရပ်ခြင်းနှင့် လမ်းလျှောက်ခြင်းမှ ရှောင်ကြည်ခြင်း၊ ခြေသည်းများကို ညီညီညာညာ တိဖြတ်ခြင်း၊ ခြေချောင်းများကို ပိုးသတ်ဆေး အနည်းငယ်ပါသော ရေဖြင့် ဆေးကြောခြင်းတို့ ပါဝင်သည်။
Ref: UPI


By 7Day News

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်