www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Tuesday, May 21, 2013

ဂျပန် ထမင်းလိပ်များတွင် အီးကိုလိုင်ပိုးနှင့် အခြား ပိုးများတွေ့ရ

ရန်ကုန်မြို့တွင် ရောင်းချနေသည့် ဂျပန်ထမင်းလိပ်များတွင် အီးကို လိုင်ပိုးနှင့် အခြား ဘက်တီးရီးယား ရောဂါပိုးများ ပါဝင်နေကြောင်း သုတေသန ပြုလုပ် ချက်များအရ သိရသည်။
အဆိုပါ သုတေသနအား စားသောက်ဆိုင်ကြီးများ၊ ထမင်းလိပ် သီးသန့်ရောင်းသော ကောင်တာများ၊ အစားအသောက်ရောင်းသော စူပါမားကက်များမှ ဝယ်ယူ၍ ဘက်တီးရီးယားပိုး ပါဝင်မှုကို လေ့လာခဲ့ခြင်း ဖြစ်သည်။ အဆိုပါ သုတေသနတွင် စူပါမားကက်များ၌ ရောင်းချသည့် ထမင်းလိပ်များသည် သန့်စင်မှုအားနည်းပြီး အီးကိုလိုင် ရောဂါပိုး ပါဝင်မှုများပြားကာ ပင်လယ်စာများ ပါဝင်သော ထမင်းလိပ်များ အထူးသဖြင့် ဝက်ပေါင်ခြောက် ကဲ့သို့ ပြုပြင်ထားသည့် အသားများ ပါဝင်သော ထမင်းလိပ်များတွင် အီးကိုလိုင် ပိုးမွှားပမာဏ မြင့်မားစွာ ပါဝင်နေကြောင်း ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာပြည်၊ ဆေးတက္ကသိုလ်-၁၊ ရန်ကုန်) မှ ပညာရှင်ရှစ်ဦးတို့က သုတေသန ပြုထားသည်။
ထမင်းလိပ်တွင် ထည့်သွင်းအသုံးပြုသည့် ပစ္စည်းများ သန့်ရှင်းမှု အားနည်းခြင်း၊ ပြင်ဆင်ရာတွင် သန့်ရှင်းမှု မရှိခြင်း စသည့် အကြောင်းအရာများကြောင့် ပိုးများပါဝင်ပြီး သိုလှောင်ရောင်းချသည့် နေရာတွင် ပိုးမွှားများ မပေါက်ဖွားစေရန် လုံလောက်သော အအေးဓာတ် မရှိခြင်းကလည်း ပိုးများပါဝင်မှု များပြားခြင်း၏ အကြောင်းရင်းများ ဖြစ်ကြောင်း သုတေသန ပြုလုပ်ခဲ့သူ ပညာရှင်တစ်ဦးက ပြောသည်။
သုတေသနတွင်အီးကိုလိုင် မျိုးစိတ်များ EAEC သည် ၄၀ ဒသမ ၆ ရာခိုင်နှုန်း၊ EIEC သည် ၂၇ ရာခိုင်နှုန်း၊ EPEC သည် ၂၅ ရာခိုင်နှုန်း၊ EHEC ၅ ရာခိုင်နှုန်းနှင့် ETEC ၁ ဒသမ ၆ ရာခိုင်နှုန်း အသီးသီး ပါဝင်နေပြီး အခြား Staphylococcus aureus နှင့် Bacillus cereus ပိုးမွှားများလည်း ပါဝင်ကြောင်း သိရသည်။ ထမင်းလိပ်များတွင် ပိုးများပါဝင်မှု နည်းပါးစေရန် သန့်ရှင်းမှုကို အလေးပေးခြင်းနှင့် လုံလောက်သော အအေးပေးစနစ်များ အသုံးပြုရမည်ဖြစ်ကြောင်း သိရသည်။ အီးကိုလိုင် ရောဂါပိုးသည် ခန္ခာကိုယ်အတွင်း ရောက်ရှိသွားပါက ဝမ်းလျှောခြင်း၊ အန်ခြင်းအပြင် အသက်ပါ သေဆုံးစေ သည့် ရောဂါများ ဖြစ်ပွားစေနိုင်သည်အထိ အန္တရာယ် ကြီးမားကြောင်း ကျွမ်းကျင် ဆရာဝန်များကလည်း သတိပေး ပြောကြားထားသည်။



By 7Day News

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်