www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Friday, May 24, 2013

ကမ်းခြေကိုသွား သတိထား

စင်ကာပူမှာပါ..။ ဒီလထဲမှာမှ ဖြစ်သွားတဲ့ အဖြစ်အပျက်လေးပါ..။ စင်ကာပူလူမျိုး မိသားစုလေး တစ်စု ကြုံလိုက်ရတာပါ..။
သူတို့က သားအမိသုံးယောက်..။ အဖေရယ်၊ အမေရယ်၊ သမီးရယ်..။ တစ်ရက်တော့ သူတို့ Sentosa ကမ်းခြေကို သွားလည်ကြတယ်..။ ကမ်းခြေမှာ ထုံးစံအတိုင်း ပျော်ပျော်ပါးပါးပေါ့..။ အဲမပျော်မပါး ဖြစ်စရာကတော့ ကမ်းခြေကအပြန်မှာ စတာပါပဲ..။ ဘယ်မှာ ဘယ်လိုလွဲခဲ့တယ်မသိပါဘူး..။ သမီးဖြစ်သူ ခါးရုတ်တရက်နာလာတယ်..။ အစကတော့ ခါးပေါ့..။ အိမ်ပြန်ရောက်တော့ ခါးကနေ တစ်ကိုယ်လုံးနာလာတယ်.။ လူကလဲ မလှုပ်ချင် မရှားချင်ဖြစ်လာတယ်..။ ပိုပြီးဆိုးလာတာက ဘယ်ဘက်မျက်လုံးဟာ ရုတ်တရက်ကို နီရဲတက်လာတာပါပဲ..။ ဘာလုပ်ရမှန်းမသိတော့ မိဘတွေက သမီးကို စင်ကာပူအထွေထွေဆေးရုံကြီးကို တင်လိုက်တယ်.။ အဲဒီမှာ သမီးလုပ်သူကို ဆရာဝန်တွေက ခေတ်မှီကိရိယာမျိုးစုံသုံးပြီး စမ်းသပ်စစ်ဆေးကြတယ်.။ ဘာရောဂါကိုမှ ရှာမတွေ့ဘူး..။ အဲဒီမှာတင် ဘာလုပ်ရမှန်းမသိဘူး..။ ကံကောင်းချင်တော့ အဲဒီ ရောဂါခံစားနေရတဲ့ မိသားစုနဲ့ ရင်းနှီးတဲ့ လင်မယားဟာ ကျွန်တော်တို့ ဘုန်းကြီးကျောင်းကို ဝေးဝေးတစ်ခေါက် ရောက်ဖူးသူတွေဖြစ်နေတယ်..။ အဲဒါနဲ့ ဘာမှလုပ်မရရင်လဲ ဘုန်းကြိးပင့်ပြီး ပရိတ်ရွတ်ခိုင်းကြည့်ပါလားလို့ အကြံပေးတယ်..။ အဲဒီမိသားစုကလဲ လက်ခံတယ်.။ အဲဒါနဲ့ ကျောင်းထိုင် ဦးဇင်းနှစ်ပါးကို လာပင့်ကြတယ်..။ သူတို့လာပင့်တဲ့အချိန် ကျွန်တော်က ဘုန်းကြီးကျောင်းရောက်နေတယ်လေ..။ ဆရာတော် နှစ်ပါးလဲ လိုက်ကြွသွားကြတယ်.။
နောက် ညနေပိုင်း ဆရာတော်နှစ်ပါး ပြန်ရောက်လာတော့ မေးတာပေါ့..။ ဘယ်လိုဖြစ်တာလဲ ဘုရားပေါ့..။ အဲဒီမှာ ဆရာတော်တွေက ပြောပြတယ်..။ ဆရာတော် ပြောပြပုံအရကတော့ ဒီလိုပါ..။ လာပင့်တော့ လိုက်သွားတာပေါ့.။ ဆေးရုံကိုရောက်တော့ အထူးခန်းထဲမှာ ထည့်ထားရတယ်တဲ့.။ အဲ ဆရာတော်တွေလဲ အခန်းတွင်းကို ကြွမယ်လဲလုပ်ရော ကလေးမက ထအော်တယ်..။ သူမသိဘူး..။ သူမဟုတ်ဘူးပေါ့...။ ကြောက်တယ်.. ။ မလာနဲ့ဆိုပြီး အော်တယ်တဲ့.။ အဲဒါနဲ့ ဆရာတော်တွေလဲ ကျောင်းက ယူသွားတဲ့ ပရိတ်ရည်ဘူးတွေချ၊ ပရိတ်ချည်တွေပြင်ပြီး လူနာကုတင်ဘေးနားမှာ စပြီး ရွတ်ဖတ်သရဇယ်တော့တာပေါ့..။ အဲဒီအခါမှာ ကောင်မလေးက လူးလိမ့်ပြီးတော့ အနံ့တွေ အရမ်းနံလာတယ်.. ဆိုပြီး အော်တယ်..။ ဘယ်သူမှ ဘာအနံ့မှမရဘူး..။ နောက်ပြီး ကြောက်လန့်တကြား ဖြစ်လာတယ.်..။ ဆရာတော်တွေကလဲ ဆက်ရွတ်တာပေါ့..။ တဖြည်းဖြည်းနဲ့ ငြိမ်သက်လာပေမယ့် အနံ့နံတယ်အော်နေတုန်းပဲ..။ အဲလိုနဲ့ ပရိတ်တရားလဲ ဆုံးခါနီးရော အနံ့ပျောက်လာပြီပြောတယ်.။ တစ်ဖြည်းဖြည်း ပျောက်လာပြီပေါ့..။ နောက်ဆရာတော်တွေ လိုအပ်တာတွေလုပ်ပေးပြီး ပြန်လာတယ်..။ အဲ.. ဆရာတော်တွေ သွားပြီး ပရိတ်ရွတ်ပေးပြီးတာနဲ့ ကောင်မလေးလဲ ထူထူထောင်ထောင်ပြန်ဖြစ်လာတယ်.။ နောက် တစ်ပတ်လောက်လဲနေရော ဆေးရုံက ဆင်းရတယ်..။ ဆရာဝန်တွေတောင် ရှာမတွေ့တဲ့ရောဂါ..။ ဆရာတော်တွေပြောပြချက်အရ အဲဒီ ကမ်းခြေက ခပ်ကြမ်းကြမ်း နာနာဘာဝ ကပ်စွဲလာတယ်လို့ သိရတယ်..။ ဒါက စင်ကာပူမှာ ဖြစ်သွားတာလေးပါ..။ အဲဒီတော့ ကမ်းခြေ ကမ်းနားကို အပျော်သွားတယ်ဆိုရင် သတိလေးတော့ ထားကြပါလို့..။ နောက်ပြီး ကိုယ့်အိမ်မှာဖြစ်ဖြစ်၊ ကိုယ့်သူငယ်ချင်းဆီမှာဖြစ်ဖြစ် အဲလို အကြောင်းထူးတွေရှိလို့ အန္တရာယ်ကင်း ဘေးရှင်းချင်တယ်ဆိုရင်တော့ ဘုန်းဘုန်းတွေကိုပင့်ပြီး ပရိတ်ရွတ်ဖတ်ပေးဖို့ လျှောက်ထားလို့ရတဲ့အကြောင်းလဲ သတင်းကောင်းပါးလိုက်တယ်..။ တစ်ဆက်တည်းပါ..။ စင်ကာပူ မြန်မာသံရုံးမိသားစုနဲ့ သူတို့နဲ့ ရင်းနီးတဲ့အသိုင်းအဝိုင်းကတော့ ဆရာတော်နှစ်ပါးရဲ့ အကြောင်းကို သိကြပါတယ်.။ သံရုံးက သောင်းကျန်းတဲ့ ပရလောကသားကိုလဲ ဆရာတော်တို့ကိုယ်တိုင်ပဲ နှင်ထုတ်ပေးခဲ့တာလေ..။ ဆရာတော်တွေရဲ့ ဂုဏ်တွေကိုတော့ အမွှန်းတင်မနေတော့ပါဘူး..။ အကြောင်းထူးရှိရင် အားကိုးလို့ရတဲ့အကြောင်း စေတနာရှေ့ထားပြီး သတင်းစကား လက်ဆင့်ပါးတာပါ..။ ကျောင်းတော်ကတော့ 19 Novena Terrace ပါ..။ Novena MRT နဲ့ နီးပါတယ်..။

by facebook page

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်