အသုံးပြု
နေကျ ကင်ဆာ ဆေး များကို တုံ့ပြန်မှု မရှိသော ရင်သား ကင်ဆာ ရောဂါ များအား
ငှက်ဖျား ရောဂါကုသရာ၌ ပေးသည့်ဆေးတစ် မျိုးကို အသုံးပြုနိုင်ကြောင်း အမေရိ
ကန်ပြည်ထောင်စုမှ ပညာရှင်တို့၏ လေ့လာချက်အရ သိရသည်။ အ မေရိကန်ပြည်ထောင်စု၊
ဟောက်စ် တန်မြို့ရှိ နည်းစနစ်ဆိုင်ရာ ကင် ဆာရောဂါဌာနမှ ညွှန်ကြားရေးမှူး
ဂျန်နီချန်းက ကင်ဆာဆေးများနှင့် အတူ ငှက်ဖျားရောဂါဆေးဖြစ်သည့်
ကလိုရိုကွင်းကို ထိရောက်စွာနှင့် အန္တရာယ်ကင်းစွာ အသုံးပြုနိုင် ကြောင်း
လေ့လာချက်ကို ဦးဆောင် ခဲ့သည်။ အလွန်ဆိုးရွားသော အ ဆင့်သို့ ရောက်နေသည့်
ရင်သား ကင်ဆာရောဂါ၌ ကလိုရိုကွင်းကို အသုံးပြုမှုက ထိရောက်ကြောင်း ကွင်းသည်
ကင်ဆာပင်မဆဲလ်များ ကို ထိရောက်စွာသတ်နိုင်သော ဆေးဝါးအဖြစ်
သတ်မှတ်နိုင်ကြောင်း တွေ့ရှိရသည်ဟုဆိုသည်။ ကလိုရို ကွင်းကို Taxane
သို့မဟုတ် ယင်း ကဲ့သို့သောဆေးဖြင့် တွဲသုံးပါက လွန်စွာထိရောက်ကြောင်း
တွေ့ရှိရ သည်။ ယင်းက ဆဲလ်ပွားများခြင်း ကို ရပ်တန့်ပစ်ခြင်းအားဖြင့် ဆဲလ်
ကြီးထွားမှုကို တားဆီးနိုင်ပြီး ကင် ဆာကျိတ်များ ကြီးထွားခြင်းကို
ကာကွယ်နိုင်ကြောင်း တွေ့ရှိရသည်။
0 comments:
Post a Comment