ခါးနာတာ
မျိုး မဖြစ်ဖူး ဘူး ဆိုပြီး ပေါ့ဆ မနေ သင့်ပါဘူး။ ခါးနာ တာမျိုး မဖြစ်
စေဖို့ အစ ကတည်းက ကြိုတင် ကာကွယ်တဲ့ နည်းလမ်းတွေကို လိုက်နာ ပေးသင့်ပါတယ်။
(၁) လှပစွာ ထိုင်ပါ
စမတ်ကျကျ ထိုင်နိုင်ဖို့ သေချာ ဒီ ဇိုင်းထွင်ထားတဲ့ ရုံးခန်းထိုင်ခုံမလိုအပ်ပါ ဘူး။ ဒါပေမဲ့ ခန္ဓာကိုယ်နောက်ဘက်ကို "S" ပုံစံအနေအထားဖြစ်အောင် ပံ့ပိုးပေး နိုင်မယ့် ကိုယ်ဟန်ဖြစ်ပါစေ။ "C" ပုံစံ အနေအထားမျိုး မဖြစ်ပါစေနဲ့။ ထိုင်ပြီး နာရီဝက်ကြာတိုင်း ထိုင်ခုံပေါ်က ထရပ် ပြီး စက္ကန့်အနည်းငယ်ခန့် လမ်းလျှောက် ပေးပါ။ ဒါမှသာ ခါးနောက်ကျောပေါ်ကို ဖိအားသက်ရောက်မှု လျော့ပါးစေမှာ ဖြစ်ပါတယ်။
(၂) မတ်မတ်ရပ်ပါ
မျက်နှာကြက်ကနေ သင့်ခန္ဓာကိုယ် တစ်လျှောက် တစ်ပြေးညီဖြစ်နေပါစေ။ သင့်နားရွက်၊ ပခုံး၊ တင်ပါးနဲ့ ဒူးတွေက တဖြောင့်တည်း ဖြစ်နေဖို့ လိုပြီး ဦးခေါင်း က ရှေ့ကိုလည်း မကုန်းဘဲ လည်ပင်းနဲ့ တဖြောင့်တည်း ဖြစ်နေဖို့ လိုပါတယ်။
(၃) နူးညံ့ပျော့ပျောင်းသော ရှူးဖိနပ် စီးပါ
ရှူးဖိနပ်မှာ ကူရှင်ခပ်ပါးပါးပဲ ပါပြီး ခြေထောက် နာနေရင် ခါးနောက်ကျော ရှိ အရိုးနဲ့ြွကက်သားတွေကို ထိခိုက်နိုင် ခြေ များပါတယ်။ ဒါကြောင့် နူးညံ့ပျော့ ပျောင်းပြီး ကူရှင်ကောင်းကောင်းပါတဲ့ ရှူးဖိနပ်ကို စီးပေးဖို့ လိုပါတယ်။
(၄) ဆေးလိပ် မသောက်ပါနှင့်
၂၀၁၀မှာပြုလုပ်ခဲ့တဲ့ လေ့လာမှု ၄၀ အရ ဆေးလိပ်သောက်တဲ့သူတွေဟာ ဆေးလိပ်မသောက်တဲ့သူတွေထက် ခါး နာနိုင်ခြေ ပိုများတာကို တွေ့ရပါတယ်။ အကြောင်းကတော့ ဆေးလိပ်သောက် တာက ကျောရိုးမဆီကို သွေးစီးဆင်းမှု လျော့ကျစေတာကြောင့် ဖြစ်ပါတယ်။ (၅) ဘယ်လို သယ်မရမလဲဆိုတာ လေ့ လာပါ လေးလံတဲ့ အရာဝတ္ထုနဲ့ ပစ္စည်းတွေ ကို ခြေထောက်တွေကို သုံးပြီး သယ်မ ပါ။ ခါးကို အသုံးပြုပြီး မသယ်မပါနဲ့။ အလွန်လေးတဲ့ အသုံးအဆောင်တွေကို သယ်မမယ်ဆိုရင် ခန္ဓာကိုယ်ကို အဲဒီ အ သုံးအဆောင်နဲ့ နီးကပ်နိုင်သမျှ နီးကပ် အောင် ရွေ့လျားပါ။ ပြီးရင် ဒူးတွေကို ကွေးညွတ်ပြီး ပစ္စည်းကို သယ်မပါ။ တ ကယ်လို့ တစ်ယောက်တည်း မမနိုင်တဲ့ ပစ္စည်းဆိုရင် ကူညီပြီး သယ်မပေးမယ့်သူ ကို အကူအညီခေါ်ပါ။
(၆) ခေါင်းအုံးခပ်ပါးပါးဖြင့် အိပ်ပါ
"ခေါင်းအုံးနှစ်လုံး-သုံးလုံးဆင့်ပြီး အိပ်တာနဲ့ ခေါင်းအုံးထူထူပေါ် အိပ်တာ က လည်ပင်းကို ဒဏ်ဖြစ်စေသလို ခါး နောက်ကျောတစ်လျှောက်ရှိြွကက်သား တွေကိုလည်း ဒဏ်ဖြစ်စေနိုင်ပါတယ်" လို့ တက်ဆက်တက္ကသိုလ်မှ အရိုးခွဲစိတ်အ ထူးကုဆရာဝန် ဂျက်ဆီကာက ဆိုပါ တယ်။ ဒါကြောင့် ခေါင်းအုံးပါးပါးနဲ့ အိပ် စက်အနားယူပါ။
By Good Health

0 comments:
Post a Comment