www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Tuesday, May 21, 2013

ခွေးကိုက်လျှင် ကာကွယ်ဆေး ထိုးပါ

ထားဝယ် မြို့ကို ရောက်တဲ့ အခါ ကျန်းမာရေး စောင့်ရှောက် မှုနဲ့ ပတ်သက် တဲ့ ဗဟုသုတ တိုးပွား သွားတယ်။ ဆရာဝန် တစ်ယောက်ရဲ့ ရည်ရွယ်ချက်တစ်ခုနဲ့ ကြိုးစား လုံ့လထုတ်တာဟာ ဘယ် လောက် အောင်မြင်နိုင်တယ်ဆိုတာကို မျက်ဝါးထင်ထင် မြင်ရတယ်။ ဒီလို အောင်မြင်မှုမျိုး နိုင်ငံအနှံ့၊ ဒေသအနှံ့မှာ ရစေချင်တဲ့ ဆန္ဒလည်း ဖြစ်တယ်။ ဆရာဝန်ကတော့ ထားဝယ်မြို့က ဒေါက်တာဦးသန်းဝင်းပါပဲ။ သူရဲ့ ခွေး ကိုက်ခံရသူ လူနာ ကာကွယ်ဆေးထိုးခန်း လေးကို တည်းခိုခန်းနဲ့ ကပ်လျက်ဖြစ်နေ တော့ သွားကြည့်မိတယ်။
လူအပြည့် ခွေးကိုက်ခံရသူတွေကို စနစ်တကျ ကာကွယ်ဆေးထိုးပေးနေတာ တွေ့ရ တယ်။ ထားဝယ်နယ်တစ်ဝိုက်က လူတွေ ဟာလည်း ခွေးကိုက်ခံရရင်၊ အကောင် ကိုက်ခံရရင် ကာကွယ်ဆေးထိုးရမယ်လို့ နားလည်နေတယ်။ သူ့ဆေးခန်းကို လာ ကြတယ်။ သေသေချာချာ မှတ်ထားပေ မယ့် သုံးနှစ်လား၊ ငါးနှစ်လား မမှတ်မိ တော့ဘူး။ ဒီကာလအတွင်းမှာ လူပေါင်း ၁၄၇၀ဝ ကျော်ကို ကာကွယ်ဆေး ထိုး ပေးနိုင်ခဲ့တယ်။ ဒီအထဲက ခုနစ်ယောက် လောက်သာ ခွေးရူးပြန်ရောဂါ ရခဲ့ကြ တယ်။
အထူးသဖြင့် မျက်ခွံအောက် ခွေး ကိုက်ခံရတဲ့လူနာ၊ နားအနောက် ခွေး ကိုက်ခံရတဲ့လူနာ၊ အချိန်နောက်ကျမှ ကာကွယ်ဆေးထိုးသူ၊ ခွေးကိုက်ဒဏ်ရာ ကို ဖွင့်မထားဘဲ ချုပ်ပြီး ပိတ်ထားသူတွေ မှာ တွေ့ရသတဲ့။ အားကျလို့ ရန်ကုန် ရောက်တဲ့အခါ ခွေးကိုက်ခံရသူတွေ အတွက် ဆေးခန်းတစ်ခုဖွင့်ရင် ကောင်း မှာပဲလို့ ကြံစည်စိတ်ကူးပေမယ့် အချိန် ပေးနိုင်တွဲ့ဏ ဆရာဝန်တစ်ဦးကသာ ကိုယ့်ထက်ပိုပြီး အရာရောက်မယ်ဆိုတာ ကိုယ့်ဆေးခန်းမန်နေဂျာက ရှင်းပြတော့မှ သဘောပေါက်သွားတယ်။ခွေးကိုက်ခံရလို့ ဆေးခန်း ကြီးသွားရမယ် ဆိုရင်တောင် ခွေးရူးပြန်ကာကွယ်ဆေးက အဆင်သင့်ရှိချင်မှ ရှိမယ်။ စနစ်တကျ ထိုးတတ်ချင်မှ ထိုးတတ်မယ်။ စနစ်တကျ လမ်းညွှန်ချင်မှ လမ်းညွှန်တတ်မယ်။ စနစ်တကျ ထိုးတတ်တဲ့လူရှိရင်တောင် မှ ဒီလူဟာ ဆေးခန်းမှာ အမြဲရှိချင်မှ ရှိမယ်။
ကုန်၊ မန္တလေး စတဲ့ မြို့ကြီး ပေါ်ကွဏ ဆရာဝန်တွေက ခွေးကိုက်ခံ ရတဲ့လူနာ တွေကို စနစ်တကျထိုးပေးတဲ့ ဆေးခန်း လေးဖြစ်အောင် ကြိုးစားစေချင်တယ်။ ဘာလို့ ဒီဆေးခန်းတွေဟာ အရေးကြီးရတာလည်းဆိုတော့ ခွေးကိုက်ခံ၇ပြီး ခွေးရူးပြန်ဖြစ်သူ အားလုံးနိးပါး အသက် ဆုံးရှုံးနိုင်လို့ပါပဲ။ ခွေးကိုက်ခံရပြီး၊ အကောင်ကိုက်ခံရပြီး စနစ်တကျ ကာကွယ်ဆေးထိုးနိုင်ရင် ရာနှုန်းပြည့် တားဆီးနိုင်တဲ့ ရောဂါ တစ်ခုဖြစ်နေလို့ပါပဲ မန္တလေး ဆေးတက္ကသိုလ် ဆေးပညာ ပါမောက္ခဌာနမှူး ဦးအောင်ကြီးက မော်လမြိုင်ဆရာဝန်အသင်း ဆေးပညာ နှီးနှောပွဲမှာ ဟောပြောသွားတယ်။
ခွေးကိုက်ခံရပဲ ခံရ၊ ခွေးသွားနဲ့ ခြစ်မိ ပဲ ခြစ်မိ၊ ပေါ့ဆနေလို့ မရပါဘူးတဲ့။ ခွေး က ရူးလို့ ကိုက်တာမဟုတ်ဘူး။ ခွေးကို စမိလို့ ကိုက်တာ။ ကစားရင်း၊ ဆော့ရင်း ကိုက်မိတာ၊ ခြစ်မိတာဆိုပြီး မပေါ့ဆပါ နဲ့တဲ့။ ခွေးကို ကာကွယ်ဆေးထိုးထားတာ ပဲဆိုပြီးလည်း မပေါ့ပါနဲ့တဲ့။ ခွေးကိုက်ခံရတဲ့ သို့မဟုတ် သွားခြစ် ခံရတဲ့ဒဏ်ရာကို ပြုစုကုသခြင်းနဲ့ PEP (Post-exposure Prophylaxis) လို့ ခေါ်တဲ့ ကာကွယ်ဆေးထိုးခြင်းဆိုတဲ့ အပိုင်းနှစ်ပိုင်းရှိပါသတဲ့။ ရိုင်းတဲ့ခွေး၊ လေလွင့်တဲ့ခွေးတွေဟာ အန္တရာယ်ရှိ သလို ချစ်စရာကောင်းတဲ့ အနီးကပ်ခွေး ကလည်း အန္တရာယ်ရှိတာပါပဲတဲ့။ WHO ကတော့ အနာကို ရေနဲ့ သေသေ ချာချာ စင်အောင် ဆေးရမယ်။ ဆပ်ပြာနဲ့ သေသေချာချာဆေးရမယ်။ ဆပ်ပြာကိုအနာကို မရနိုင်ရင်တောင်မှ ရေနဲ့သေချာ ပြောင် အောင် ၁၀ မိနစ်လောက်ဆေးရမယ်တဲ့။ ဒီလိုရေးဆေးတာနဲ့ပဲ ခွေးရူးပြန်ရောဂါ ဖြစ်နှုန်းကို ၉၀ ရာခိုင်နှုန်း လောက်လျှော့ချနိုင်ပါသတဲ့။
အနာကိုတင်ချာ (Iodine) နဲ့ တို့ပေးရပါမယ်။ အနာကို ကိုင်တွယ်တဲ့အခါ လက်ဗလာနဲ့ မကိုင်ပါ နဲ့။ လက်အိတ်ဝတ်ပြီး ကိုင်တွယ်ပါတဲ့။ ပိုးသေအောင် ငရုတ်သီးတို့၊ ကွမ်းရွက်တို့ ကွမ်းငုံအုပ်တာတို့၊ ဆီထည့်တာတို့၊ မြေဖြူသိပ်တာတို့ မလုပ်ပါနဲ့။ အနာကို မချုပ်ပါနဲ့၊ အနာကို ဖွင့်ထားပါ။ ကာကွယ်ဆေးက နှစ်မျိုးရှိတယ် Rabies Virus ခြေကုပ်မယူနိုင်အောင် အနာပတ်လည်ထိုးတဲ့ သွေးရည်ကြည် ကာကွယ်ဆေး Rabies Immunoglobulin (RIG) နဲ့ ရေရှည်မှာ ကာကွယ်ပေး နိုင်မယ့် Anti-Rabies Vaccine နှစ်မျိုး ရှိတယ်။ Immunoglobulin ခေါ်တဲ့ ပဋိ ပစ္စည်းက လူက ထုတ်တဲ့ ပဋိပစ္စည်းနဲ့ မြင်းက ထုတ်တဲ့ ပဋိပစ္စည်းနှစ်မျိုးရှိတယ်။
လူက ထုတ်တာကို HRIG လို့ခေါ်ပြီး မြင်းသွေးရည်ကြည်က ထုတ်ရင်ERIG လို့ခေါ်တယ်။ အနာရဲ့အတွင်းကိုလည်း ထိုးရမယ်။ အနာဘေးပတ်ပတ်လည်ကို လည်း ထိုးရမယ်။ HRIG ဆိုရင် 20 IU/ kg ထိုးရမယ်။ERIG ဆိုရင် HRIG ရဲ့ နှစ်ဆ(20 IU/kg)ထိုးရမယ်။ ခွေးကိုက် ခံရတဲ့နေရာများရင် နေရာနှံ့အောင် Sterile normal saline နဲ့ နှစ်ဆ၊ သုံးဆ ရောပြီး ထိုးရမယ်။ ပိုနေသေးရင် တင်ပါး တို့၊ ပေါင်အရှေ့ပိုင်းတို့မှာ အသားဆေး IM ထိုးရမယ်တဲ့။ သတ်မှတ်ထားတဲ့ ဆေးအချိန်အဆထက် ပိုမထိုးပါနဲ့တဲ့ အရင်တုန်းက ကာကွယ် ဆေး မထိုးခဲ့ဖူးတဲ့လူတွေမှာသာ လို တယ်။ ဖြစ်နိုင်ရင်တော့ ခွေးကိုက်ခံရတဲ့ နေ့မှာပဲ ထိုးပေးစေချင်တယ်။
ဆေးရမှု ခက်ခဲရင်တော့ ခုနစ်ရက်အတွင်း ထိုးပါ။ ခုနစ်ရက်ကျော်သွားရင်တော့ အကျိုး မရှိဘူးလို့ ဆိုတယ်။ ခွေးကိုတော့ ၁၀ ရက် စောင့်ကြည့်ပါ။ Vaccine တွေက- - Human diploid cell vaccine (HDCV) - Purified vero cell rabies vaccine (PVRV, Verorob) - Purified chick embryo cell vaccine (PCECV, Rabipur) - Purified duck embryo vaccine (PDEV-Lyssavax) တို့ ဖြစ်ကြတယ်။ Nerve tissue ကထုတ်တဲ့ Vaccine တွေကို သိပ်မသုံးကြတော့ဘူး။ ဠခေခငညန တွေ ထိုးနည်း နှစ်မျိုးရှိတယ်။ တစ်ခုက အသားထဲကို ထိုးတဲ့နည်း (IM) Intramascular နဲ့ အရေပြားထဲကို ထိုးတဲ့နည်း (ID) Intra-dermal နည်း တွေဖြစ်တယ်။ Vaccine အသားဆေး ထိုးရမယ့်နေရာကတော့ လက်မောင်းပဲ။ ကလေးတွေမှာ ပေါင်ရဲ့ ဘေးဘက်ပဲ။ တင်ပါးကို မထိုးရဘူး။ အရေပြားထဲကို ထိုးရင် လက်မောင်း၊ လက်ဖျံ၊ ပေါင်ရဲ့ ဘေး၊ ဝမ်းဗိုက်အောက်ပိုင်း၊ ပခုံးတို့မှာ ထိုးလို့ရတယ်။ အရေပြားထဲကို ထိုးတဲ့ နည်းက အသားဆေးထိုးတာထက် ဆေး ပမာဏ ထက်ဝက်သက်သာတယ်။ ပိုပြီး ကာကွယ်နိုင်တယ်လို့ ဆို တယ်။
၂၀၁၀ ပြည့်နှစ်အတွက် WHO ကာကွယ်ဆေး ထိုးနည်း ဇယားလေးပေးထားတယ်။ အသားဆေးထိုးနည်း နှစ်မျိုးရှိတယ်။ Essen regimen နဲ့ Zagreb regimen ဆိုပြီး ရှိတယ်။ Essen regimen ကတော့ ဖြစ်ဖြစ်ချင်းမှာ တစ်လုံးထိုး၊ သုံးရက်မြောက်မှာ တစ်လုံးထိုး၊ ခုနစ်ရက် မြောက်မှာ တစ်လုံးထိုး၊ ၁၄ ရက်မှာ တစ်လုံးထိုး၊ အရင်ကတော့ ၂၈ ရက်မှာ တစ်လုံး ထပ်ထိုးခိုင်းတယ်။ ဒါပေမဲ့ အခု လေးလုံးပဲ လိုတယ်တဲ့။ Zagreb က တော့ ကိုက်ခံရတဲ့နေ့မှာ နှစ်နေရာ တစ် လုံးစီထိုး၊ နှစ်ရက်မှာ တစ်လုံး၊ ၂၁ ရက်မှာ တစ်လုံးထိုး၊ လေးလုံးထိုးရမယ်။ အရေပြားထဲကို ထိုးတဲ့နည်းက တော့ ဖြစ်စနေ့မှာ နှစ်နေရာထိုး၊ သုံးရက် မြောက်နေ့မှာ နှစ်နေရာထိုး၊ ခုနစ်ရက် မြောက်မှာ နှစ်နေရာထိုး၊ ၂၈ ရက်ကြာ ရင် တစ်နေရာ ထိုးရမယ်။
ဒါက ကြာရင် မေ့သွားမယ်။ ဆေးတစ်လုံးကို လေးနေ ရာခွဲပြီး တစ်ပတ်အတွင်း ဝ၊ ၃၊ ၇ ထိုးတဲ့နည်းလည်း ပေါ်နေတယ်။ အရေ ပြားထဲ Intra-dermal ထိုးတယ်ဆိုတာ အရေပြားအောက် Subcutaneous မဖြစ်ဖို့ သိပ်အရေးကြီးတာပါပဲ။ "One ID injection, at 4 sites (deltoids and lateral thighs) days 0, 3, 7" တဲ့။ ခွေးကိုက်ခံရတဲ့သူတွေကို WHO က တစ်ဆင့် သုံးဆင့်ခွဲထားတယ်။ ခွေးကို အစာကျွေးရင်း ထိရုံထိတာ၊ အရေပြားက မပေါက်ပြဲဘူးဆိုရင် ပထမ အဆင့်ခေါ်တယ်။ ဘာမှ ကာကွယ်ဆေးပေးစရာမလိုဘူး။ နည်းနည်းပါးပါး ပေါက်ပြဲတယ်။ ဒါပေမဲ့ သွေးလည်း မထွက်ဘူးဆိုရင် ဒုတိယ အဆင့် ခေါ်တယ်။
ကာကွယ်ဆေး (Vaccine) ပဲ ထိုးဖို့လိုတယ်။ အရေပြားပေါက်တယ်၊ ပြဲတယ်၊ ခွေးရူးရဲ့သွားရည်နဲ့ ထိတယ် ဆိုရင် သွေးရည်ကြည် (RIG) နဲ့ကာ ကွယ်ဆေး (Vaccine) နှစ်မျိုးစလုံး ပေးရမယ်တဲ့။ ခွေးတွေ ကို ကိုင်တွယ်နေရတဲ့သူ ဆိုရင် ကာကွယ်ဆေး ထိုးထားဖို့ ကောင်းတယ်။ ပထမအကြိမ်၊ သုံးရက်ကြ တစ်ကြိမ်၊ ၂၁ သို့မဟုတ် ၂၈ ရက် အကြာမှာ တစ်ကြိမ် ထိုးထားရမယ်။ ကာကွယ်ဆေး ကြိုထိုး ထားခဲ့ပြီဆိုရင် ခွေးကိုက်ခံရရင် Immunoglobulin (RIG) ရှာဖို့မလိုတော့ဘူး။ ခွေးကို အစာစားတုန်း မစပါနဲ့။ အိပ်နေ တဲ့ခွေးကိုလည်း မစနဲ့။ ခွေးငယ်တစ်အုပ် နဲ့ ခွေးမကြီးနားလည်း မကပ်လိုက်ပါနဲ့ တဲ့။ ခွေးတွေကိုလည်း ကာကွယ်ဆေးထိုး ပေးထားရမယ။်
ပါမောက္ခ ဦးသံစစ် (အသည်းအထူးကု ဆရာဝန်ကြီး)


By Good Health

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်