ကြမ်းပြင် ပေါ်မှာ အစာတွေ ပြန့်ကျဲ ကျနေ ရင် ဘယ်သူမှ ပြန်ကောက် မစား
လိုပါဘူး။ ဒါပေမဲ့ မသိနားမလည်သေး တဲ့ ကလေးတွေက အစာကို ပြန်ကောက်
စားလေ့ရှိတာကြောင့် အဲဒီ အစာတွေနဲ့ ပတ်သက်ပြီး ကျန်းမာရေးနဲ့ ညီညွတ်မှုရှိ၊
မရှိဆိုတာနဲ့ပတ်သက်ပြီး သိပ္ပံပညာရှင် တွေက ဘယ်လိုလေ့လာထားတယ်ဆို တာ ကလေးတွေ
သိစေဖို့ ရေးသားလိုက် ရပါတယ်။
၁) သန့်ရှင်းနေတဲ့ ကြမ်းပြင်က တကယ်မသန့် ရှင်းပါဘူး
ညစ်ပတ်နေတဲ့ ကြမ်းပြင်တွေမှာ ပိုး မွှားတွေ အများအပြားရှိနေနိုင်ပါတယ်။ အကြောင်းကတော့ ခြောက်သွေ့သန့်စင် နေတဲ့ ကြမ်းပြင်မှာတောင် ဘက်တီးရီး ယားပိုးတွေ ကပ်ငြိနေလို့ပါ။ တချို့ပိုးမွှား တွေက ကြမ်းပြင်ပေါ်မှာ အချိန်အတော် ကြာတဲ့အထိ ရှင်သန်နေနိုင်ပါတယ်။ သင့်မှာ အစွမ်းထက်တဲ့ အဏုကြည့်မှန် ပြောင်းမရှိရင် အဲဒီပိုးမွှားတွေကို တွေ့ရ မှာ မဟုတ်ပါဘူး။ အထူးသဖြင့် မီးဖိုချောင် ကြမ်းပြင်နဲ့ ကျောင်းထမင်းစားခန်းကြမ်း ပြင်တွေမှာ ဘက်တီးရီးယားပိုးမွှားတွေ ရှိ နိုင်ခြေများပါတယ်။
၂) မြန်လေ ကောင်းလေပဲ
အစာတွေက ကြမ်းပြင်ပေါ်မှာ ကျ နေတာ အချိန်ကြာလေလေ ဘက်တီးရီး ယားပိုးတွေ ပိုမိုကပ်ငြိနေလေလေပါပဲ။ ကြမ်းပြင်ပေါ်မှာ အစာတွေကျတဲ့အချိန် က ငါးစက္ကန့်အောက်ဖြစ်ပြီး ကျတဲ့ အစာ က မုန့်ခြောက်လို ခြောက်သွေ့တဲ့ အစာဖြစ် မယ်ဆိုရင်တော့ ဘက်တီးရီးယားပိုးမွှား တွေ ကပ်ငြိနိုင် ချေ နည်း ပါတယ်။
၂) ဘယ်လောက်မြန်မြန် မလုံလောက်ပါဘူး
တကယ်လို့ ကြမ်းပြင်ပေါ်ကို ကျ တဲ့ အစာက ပန်းသီးစိတ်လို စိုစွတ်တဲ့ မျက်နှာပြင်ရှိတဲ့ အစာဖြစ်မယ်ဆိုရင် ပိုး မွှားကပ်ငြိနိုင်ခြေ များတာကြောင့် ဘယ် လောက်ပဲမြန်မြန် ကောက်ယူနိုင်ပါစေ၊ မစားသင့်ပါဘူး။
၎) သံသယရှိရင် လွှင့်ပစ်လိုက်ပါ
တချို့ပိုးမွှားတွေက အန္တရာယ်မပေး နိုင်ပါဘူး။ ဒါပေမဲ့ တချို့ပိုးမွှားတွေက တော့ ဝမ်းပျက်ဝမ်းလျှောတာလို ပြဿ နာတွေကို ဖြစ်စေနိုင်ပါတယ်။ သင့် လက်ထဲကစိုနေတဲ့အစာက မတော်တဆ ချော်ကျသွားတယ်ဆိုရင် အန္တရာယ်လုံး ဝကင်းစေဖို့အတွက် လွှင့်ပစ်လိုက်ပါ။
By Good Health

0 comments:
Post a Comment