www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Friday, May 24, 2013

သံဝေဂ

ငွေကြေးချမ်းသာတဲ့ အပျိုကြီးဒေါ်လှလှ ဟာ ၁၉၈၆ ခုနှစ်လောက်က သေဆုံးသွားခဲ့ပါ တယ်။ သူကျန်ရစ်ခဲ့တဲ့ ပစ္စည်းတွေထဲက အိမ်နဲ့မြေကို ကျောင်းဆောက်ဖို့ရာ လှူဒါန်းလိုက်ကြ သလို ယူသင့်ယူထိုက်တဲ့ ပစ္စည်းတွေကို ဆွေမျိုးနီးစပ်တွေက ခွဲဝေရယူကြပါတယ်။
ကျန်နေတဲ့ အိုး၊ခွက်၊ပုဂံတွေကို အရပ်ဓမ္မာရုံမှာ လှူဒါန်းလိုက်ကြသလို ရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းတွေကို ထုခွဲရောင်းချပြီးတော့ နီးစပ်ရာကျောင်းတိုက်ကြီးက ဗိမာန်ကြီးတည်ဆောက်ရာ မှာအခန်းတွေကို သူမနာမည်နဲ့ လှူဒါန်းပေးကြပါတယ်။
ဒီလိုနဲ့ဘဲကျန်ရစ်သူတွေက တစ်ခုလှူတိုင်းတစ်ခါရေစက်ချပြီး အမျှဝေပေးခဲ့ကြတာမို့ မေ့မေ့ပျောက်ပျောက် ဖြစ်လာတဲ့အချိန် ၁၉၈၈ ခုနှစ်ထဲကို ရောက်လာတဲ့အခါမှာတော့ သူနဲ့ပတ် သတ်တဲ့ဖြစ်ရပ်တစ်ခု ဖြစ်ပွားလာပါတယ်။
သေဆုံးပြီးလို့(၃)နှစ်ကျော်တဲ့အချိန်ကျမှ အရပ်ထဲကမိန်းမတစ်ယောက်ကို ညဦးပိုင်းမှာ ၀င်ပြီးပူးကပ်လာပါတယ်။သူဘယ်သူဆိုတာပြောပြီး သူ့ကိုပရိတ်ရေနှင့်တောက်ပြီးနှင်မထုတ် ကြဖို့ရာတောင်းပန်ရှာပါတယ်။သူမဟာ အကူအညီတောင်းချင်လို့၊ ဒီအရင်ကလည်း ကလေး၊ လူကြီး(၃)ယောက်ကို ပူးကပ်ပြီးပြော ဆိုဖို့ရာကြိုးစားဖူးတဲ့အကြောင်းနဲ့၊ ပရိတ်ရေနဲ့ တောက်ထုတ်လို့ ထွက်ပြေးခဲ့ရတဲ့ အကြောင်း တွေကို ပြောပြပြီး...သူချစ်ခင်လေးစားရတဲ့ ဒေါ်မြမြ ကိုခေါ်ပေးပါလို့ပြောလာပါတယ်။
ဒေါ်မြမြရောက်လာပြီးတော့ သူ့အတွက်လှူဒါန်းပြီးရေစက်ချအမျှဝေပေးကြတာတွေ ကို သာဓုမခေါ်ရဘူးလား လို့မေးတဲ့အခါမှာ မရဘူး တဲ့။ သူသေပြီးပြီးချင်း ခိုစရာကပ်စရာမရှိ လို့အမျှဝေတာကိုမသိလိုက်တဲ့အကြောင်းကိုပြောပြပါတယ်။သူမရဲ့အရင်အိမ်ရှေ့ကသရက် ပင်မှာ နေလို့မရဘူးလားလို့မေးတဲ့အခါမှာလဲ အဲဒီသရက်ပင်မှာ ရှိနေကြတဲ့သူတွေက မောင်းထုတ်လို့နေလို့မရဘူးတဲ့။အပင်ရဲ့အဖျားနားလေးမှာနေပါရစေလို့ဆိုတာတောင် နေခွင့်မပေးတဲ့အကြောင်းတွေကို သနားစရာပြောပြပြီး သူ့အတွက် ကုသိုလ်ကောင်းမှုလုပ် ပေးပြီး အမျှဝေပေးဖို့ရာ ပြောပါတယ်။
ဒေါ်မြမြက အဲဒီလိုဆိုရင်နက်ဖြန်မနက် ဦးပဉ္ဇင်းဦးဓမ္မဆွမ်းခံကြွလာရင် ဆွမ်းလောင်း လှူပြီးကုသိုလ်လုပ်ပေးမယ်။ဒီတစ်ညတော့ အိမ်ရှေ့ကသရက်ပင်မှာခဏနေပြီးစောင့်ပါလို့ ပြောတဲ့အခါမှာလဲ သရက်ပင်မှာ စောင့်ဖို့ရာမလွယ်ဘူး၊ သူတို့က မောင်းထုတ်ကြတာပါပဲလို့ ပြောလာတဲ့အတွက် ရှင့်အတွက် ကျမသရက်ပင်မှာ တစ်ညလောက်နေခွင့်ပေးဖို့ သွားပြော ပေးမယ်။ ဖြစ်သလိုကုတ်ကပ်ပြီးစောင့်ပါ။ မနက်ကျရင် သေချာပေါက် ဒါန ပြုအမျှဝေပေးပါ့ မယ်လို့ ပြောပြပြီး သရက်ပင်ကြီးဆီကိုသွားပြီးတော့ သူမအတွက်တစ်ညလောက် တည်းခို ခွင့်ပြုဖို့ရာ တောင်းပန်းပေးပါတယ်။
အတိုချုံးပြီးတင်ပြရရင် ဦးပဉ္ဇင်းဓမ္မ ဆွမ်းခံကြွလာတဲ့အခါမှာ ဆွမ်းဟင်းနဲ့ဆွမ်းကို ကွယ်လွန်သူ ဒေါ်လှလှ အတွက်ရည်စူးပြီး လောင်းလှူကြောင်းလျှောက်ထားပြီးတော့ လောင်းလှူပါတယ်။ဒေါ်မြမြအနေနဲ့ဘာဆက်လုပ်ရမှန်းမသိတဲ့အတွက် ဦးပဉ္ဇင်းကိုယ်တိုင် သရက်ပင်နားကိုကြွပြီး တစ်ညတာခိုနားပြီးစောင့်နေရှာတဲ့ ဒေါ်လှလှ အတွက်လိုအပ်တာ တွေကိုဆက်ပြီးပြုလုပ်ပေးဖို့ရာ လျှောက်ထားတဲ့အခါမှာ ဦးပဉ္ဖင်းဓမ္မကရေတစ်ခွက်တောင်း ယူပြီး သရက်ပင်ကြီးနားမှာ ရေစက်ချအမျှပေးဝေပေးပါတယ်။
အဲဒီနေ့ကစပြီးတော့ဒေါ်လှလှ ရောက်မလာတော့ဘူးလို့သိရပါတယ်။
ကိုယ့်အိမ်ရှေ့ကအပင်မှာကိုသေပြီးတဲ့အခါမှာ နေခွင့်မရတဲ့အဖြစ်၊ ကိုယ့်ပစ္စည်းတွေ လှူပြီးအမျှဝေတာတောင်မှ သာဓုမခေါ်တဲ့အဖြစ်၊ ဆွေမျိုးမတော်တဲ့ စီးပွားပြိုင်ဘက်လို့ဆိုရ မဲ့ဒေါ်မြမြ ကိုမှ အားကိုးတကြီးနြ့ အလှူဒါနပြု အမျှဝေပေးဖို့ရာ တောင်းခံတာတွေဟာ အင် မတန်မှသနားစရာသံဝေဂ ယူစရာကောင်းလှပါတယ်။

ဇာတ်ကြောင်းပြန်လည်မျှဝေပေးသော Member ကို Wunna Htun အား အက်ဒမင်များ အားလုံးမှ အထူးပင် ကျေးဇူး တင်ရှိပါသည်။

(အက်ဒမင်-၀ိညာဉ်)



by facebook page

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်