ပြီးခဲ့သော
၂၀၁၁ ခုနှစ်က ဝက်သက် ရောဂါသည် နိုင်ငံ အနှံ့ ဖြစ်ပွားမှု အများအပြား
ရှိခဲ့ပါသည်။ ဂျာနယ်တစ်ခုတွင် ရန်ကုန်တိုင်း ဒေသကြီး၌ ဒီဇင်ဘာလ ကလေးငယ်များ
ဝက်သက် ပေါက်ကြပြီး သေဆုံးမှုပင် ရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက် အရ
သိရှိရသည်ဟု ဖော်ပြ ထားပါသည်။
ကျန်းမာရေး ဦးစီးဌာန သည် ကမ္ဘာ့ကျန်းမာရေး အဖွဲ့နှင့် ပူးပေါင်း ပြီး ဝက်သက် ရောဂါဖြစ်ပွားမှု စောင့်ကြပ် ကြည့်ရှုသော လုပ်ငန်းစဉ် တစ်ခုရှိပါ သည်။ ဖျားပြီး အဖုအပိမ့် ထွက်သော လူနာများကို သွေးနမူနာယူပြီး အမျိုး သား ကျန်းမာရေး ဓာတ်ခွဲဌာနတွင် စစ် ဆေးပါသည်။
လေ့လာ စုံစမ်း စစ်ဆေးမှု များအရ ၂၀၁၁ခုနှစ်တွင် ဝက်သက်ရော ဂါဖြစ်ပွားမှု အတည်ပြု လူနာ ၁၈၆၉ဦး ရှိပါသည်။ ကာကွယ်ဆေးထိုးမထား သော ကလေးများတွင် ဖြစ်ပွားမှုပိုများ ပါသည်။ ၂၀၁၂ နှစ်ဦးတွင်လည်း ဝက် သက် ဆက်ပေါက်နေကြပါသေးသည်။ ဝက်သက်ရောဂါကာကွယ်ရန် ပုံမှန် ကာကွယ်ဆေးကိုးလတွင် ပထမအကြိမ်၊ ၁၈လတွင် ဒုတိယအကြိမ် ဝက်သက် ကာကွယ်ဆေးထိုးပေးပါသည်။
လွတ် ကျန်သွားသော ကလေးများကို ထပ်မံ ကာကွယ်နိုင်ရန် ၂၀ဝ၂-၂၀ဝ၃-၂၀ဝ၄ တွင် တစ်ကြိမ်၊ ၂၀ဝ၇ခုနှစ်တွင် ထပ်မံ ပြီးတစ်ကြိမ် အသက် ကိုးလမှ ငါးနှစ်ထိ ကလေးများကို အပိုဆောင်းပြီး ဝက်သက် ကာကွယ်ဆေးရရှိရန် ဒုတိယအကြိမ် အခွင့်အလမ်းပေးခဲ့ပါသည်။
သို့သော် ကာကွယ်ဆေးမထိုးလိုက်ရ ဘဲ လွတ်သွားသောကလေးများသည်ပင် အကြိမ်ကြိမ် အပိုဆောင်းကာကွယ် ဆေးထိုးခြင်းများ ပြုလုပ်သော်ငြားလည်း အကြိမ်ကြိမ် လွတ်သွားတတ်ပါသည်။
ပညာပေး သတင်းအချက်အလက် များကို လူတိုင်းလူတိုင်း မိဘတိုင်း၊ အုပ် ထိန်းသူများ သိကြရန် လိုအပ်သည်။ ဝက် သက်ရောဂါ၏ဆိုးကျိုးများ၊ နောက်ဆက် တွဲ ပြဿနာများ သိရန်လိုပါသည်။ ဝက် သက်ရောဂါသည် ထင်နေကြသလို ဖျား ပြီး အဖုအပိမ့်တွေထွက်၊ အပိမ့်တွေစုံရင် ရေချိုးချလိုက်ရုံနှင့် ပြီးပြီဟု ထင်မှတ် ကြပေမည်။ ဝက်သက်ရောဂါသည် အ ပေါ်ယံသာ မြင်ရသော အရေပြားတွင်သာ ဖြစ်သည်၊ ပေါက်သည်၊ ထွက်သည် မဟုတ်ပါ။ အဆုတ်၊ အူလမ်းကြောင်း စ သည့် တစ်ကိုယ်လုံးအနှံ့ ဖြစ်တတ်ပါ သည်။ ဗီတာမင်အေ ချို့တဲ့သော ကလေး များတွင် မျက်ကြည်လွှာအနာ ဖြစ်၍ မျက်စိကွယ်နိုင်ပါသည်။ ဦးနှောက် ရောင် ရမ်းခြင်းဖြစ်ပါက ၂၅ ရာခိုင်နှုန်းတွင် ဦး နှောက်ပျက်စီးမှု ဆက်လက်ကျန်ရှိနိုင် ပါသည်။
ဝက်သက်ရောဂါကြောင့် သေ ဆုံးမှုရာခိုင်နှုန်းမှာ တစ်ရာခိုင်နှုန်းခန့် ရှိပါမည်။ ကလေးငယ်များတွင် နမိုးနီး ယားကြောင့် သေဆုံးခြင်း ပိုဖြစ်တတ်ပြီး လူကြီးများတွင် လတ်တလော ဦးနှောက် ရောင်ပြီး သေဆုံးနိုင်ပါသည်။အများပြည်သူသိရှိကြစေရန် ကျန်း မာရေး ဦးစီးဌာနမှ ပိုစတာများ၊ ကာ ကွယ်ဆေးထိုးရန် စုရပ်နေရာနှင့် စာတမ်း များ ဖြန့်ဝေထားပါသည်။ သင်တန်းလက် စွဲစာအုပ်များ၊ ဖိတ်စာများ ဖြန့်ဝေပါမည်။
ဝက်သက်ရောဂါသည် အလွန် ကူးစက် မြန်သည့် ရောဂါဖြစ်ပြီး ဖျားခြင်း၊ အဖုအပိမ့်များထွက်ခြင်း၊ ချောင်းဆိုးခြင်း၊ နှာရည်ယိုခြင်း၊ မျက်စိနီရဲခြင်း တို့ကို ခံစား ရပါသည်။
ဝမ်းပျက်ဝမ်း လျှောခြင်း၊ အဆုတ်အအေးမိခြင်း၊ ဦး နှောက်ရောင်ခြင်းအစရှိသည့် ဆိုးရွား သော နောက်ဆက်တွဲဖြစ်ရပ်များကြောင့် အသက်ဆုံးရှုံးနိုင်သည်။
ပုံမှန် ကာကွယ် ဆေးထိုး အစီအစဉ် အတိုင်း အသက်ကိုးလတွင် ပထမတစ်ကြိမ်နှင့် အသက်တစ်နှစ်ခွဲတွင် ဒုတိယအကြိမ် စုစုပေါင်း နှစ်ကြိမ် ထိုးခြင်းဖြင့် ကာကွယ် နိုင်ပါသည်။
ထို့ပြင် ယခုဆောင်ရွက်မည့် အ စုလိုက် ဝက်သက်ကာကွယ်ဆေးထိုး အစီ အစဉ်တွင် အသက် ကိုးလမှ ငါးနှစ် အ တွင်း ကလေးငယ်များအားလုံးကို ကာ ကွယ်ဆေးတစ်ကြိမ် အပိုဆောင်း ထိုးပေး ခြင်းဖြင့် ခုခံစွမ်းအား တိုးတက်လာပြီး ရောဂါဖြစ်ပွားမှုမှ ကာကွယ်နိုင်မည်ဖြစ် သည်။
သို့ဖြစ်ပါ၍ လူကြီးမင်းနေအိမ်ရှိ အသက်ကိုးလမှ ငါးနှစ်အတွင်း ကလေးငယ်များအားလုံးကို နီးစပ်ရာ ကာကွယ်ဆေးထိုးစု ရပ်သို့ ခေါ်ဆောင်လာပါရန် တိုက်တွန်းနှိုးဆော် အပ်ပါသည်။
By Good Health

0 comments:
Post a Comment