ဆွစ်ဇာလန်၊
ပြင်သစ်၊ ဘရာဇီး နှင့် အမေရိကန် နိုင်ငံ များမှ ဆေး သိပ္ပံပညာ ရှင်
များစုစည်း ထားသော အဖွဲ့တစ်ဖွဲ့ သည် တုန်နှုန်း နိမ့် လျှပ်စစ်သံလိုက်
စက်ကွင်း ကုထုံးနည်းသစ်ဖြင့် ကင်ဆာရောဂါ ကို စမ်းသပ် ကုသခဲ့ရာ ကင်ဆာ
ကလာပ်စည်းများ ပွားများကြီးထွားမှု မရှိတော့ဘဲ ကျုံ့ဝင်သွားသည်ကို
တွေ့ရှိခဲ့ရသည်။
ယင်းကုထုံးနည်းဖြင့် ကုသရာတွင် ကင်ဆာအဖု အကျိတ် ပတ်ဝန်းကျင်ရှိ ကျန်းမာသောကလာပ် စည်းများကို ထိခိုက်ပျက်စီးခြင်းမရှိကြောင်း အင်္ဂလန် ကင်ဆာရောဂါ ဆိုင်ရာဂျာနယ်တွင် ဖော်ပြထားသည်။ တုန်နှုန်းသည် ဝ.၁ Hertz မှ ၁၁၄ Hertz အထိ တုန်နှုန်းနိမ့် လျှပ်စစ်သံလိုက်စက်ကွင်းက ကင်ဆာအဖု အကျိတ်ကို ကြီးထွားရှင်သန်မှုမရှိစေရန် ထိန်းချုပ်နိုင် စွမ်းရှိသည်ဟု သုတေသီတို့က တွေ့ရှိရသည်ဟု ဆိုပါသည်။ သို့ရာတွင် ကင်ဆာရောဂါနုစဉ်ကာလ တွင် ကုသပါက သက်သာနိုင်သော်လည်း ရောဂါရင့် နေပြီဖြစ်သော ကင်ဆာရောဂါကိုတော့ ပျောက်ကင်းသွားအောင် ကုသနိုင်ခြင်း ရှိ၊မရှိကို ဆက်လက်၍ သုတေသနပြုရဦးမည်ဖြစ်သည် ဟုသိရသည်။
By Health Digest

0 comments:
Post a Comment