အသားအရေ
စိုပြည် လှပခြင်း ဆိုတာ လူတစ်ယောက်ရဲ့ ဂုဏ်အင်္ဂါ တစ်ရပ် ဖြစ်တဲ့ အတွက်
အသားအရေ လှပဖို့ နိုင်ငံရပ်ခြားက လာတဲ့ Made in Japan. Made in U.S.A, Made
in Korea တို့လို Skin Care တွေ၊ Cosmetic ပစ္စည်းတွေကို
ဈေးကြီးကြီးပေးပြီး ဝယ်သုံးနေစရာမလိုပါဘူး။ ကိုယ့် အနီးနားမှာရှိနေတဲ့
သဘာဝကပေး ထားတဲ့ Skin Care တစ်မျိုးက အသားအရေလှပအောင် ကူညီ ပေးပါလိမ့်မယ်။
အဲဒါကတော့ လူတိုင်းရဲ့ မီးဖိုချောင်မှာ တွေ့နိုင်ပြီး အလွယ်တကူ ဝယ်ယူနိုင်တဲ့ ခရမ်းချဉ် သီးပဲဖြစ်ပါတယ်။
အသားအရေအတွက် ခရမ်း ချဉ်သီးရဲ့ အာနိသင်များ.....
ခရမ်းချဉ်သီး မှာ ပါဝင်တဲ့ Anit-oxidant တစ်မျိုးဖြစ်တဲ့ လိုက်ကိုပီး(န်)က နေရောင်ခြည် ဒဏ်ကိုကာကွယ်ပေးပြီး အသားအ ရေနီရဲရောင်ရမ်းခြင်းနဲ့ ဆဲလ်လေး တွေပျက်စီးခြင်း ကို ပြန်လည်ပြုပြင် ပေးရာမှာ ကူညီပေးပါတယ်။
ခရမ်း ချဉ်သီး တစ်နေ့ တစ်လုံး ပုံမှန်စား ပေးခြင်းက ခန္ဓာကိုယ်ကFree Radical တွေကို လျှော့ချပေးပြီး အသားအရေအတွက် လိုအပ်တဲ့အ စိုဓာတ်ကို ထိန်းသိမ်းပေးပါတယ်။ ချွေးပေါက် ကျယ်ခြင်း၊ ဝက်ခြံအ ထွက်များခြင်းနဲ့ နေလောင်ခြင်း ကြောင့်ဖြစ်ပေါ်တတ်တဲ့ အနီကွက် တွေ၊ အရေပြားရောင်ရမ်းခြင်းတို့ကို သက်သာစေနိုင်ပါတယ်။
ချွေးပေါက်ကျယ်ပြီး ဝက်ခြံ အထွက်လွန်ကဲတဲ့လူတွေအတွက် ဆိုရင် ခရမ်းချဉ်သီးစားပွဲတင်ဇွန်း တစ်ဇွန်းနဲ့ သံပရာအရည်အနည်း ငယ်ကိုရောစပ်ပြီး မျက်နှာပြင်ပေါ် မှာ ဂွမ်းစလေးဖြင့် စက်ဝိုင်းပုံ ညင် ညင်သာသာလေးပွတ်ပေးပါ။
၁၅မိ နစ်လောက်ကြာပါက ရေအေးအေး ဖြင့်ဆေးချပါ။ ခရမ်းချဉ်သီးမှာပါ ဝင်တဲ့ ဗီတာမင်အေနဲ့ ဗီတာမင်စီ က ချွေးပေါက်တွေကို ပုံမှန်ဖြစ်စေ ပြီး ဝက်ခြံထွက်နှုန်းကို သိသိသာ သာ လျော့ပါးစေပါတယ်။ မျက်နှာအဆီပြန်တဲ့လူတွေဆို ရင် ညအိပ်ရာမဝင်ခင် ခရမ်းချဉ် သီးနဲ့ သခွားသီးရောစပ်ထားတဲ့အ ရည်ကိုလိမ်းပေးပြီး ၁၅ မိနစ် လောက်ကြာပါက ရေဆေးချပါ။
ပုံ မှန်လုပ်ပေးသွားမယ်ဆိုရင် အဆီ အထွက်များခြင်းနဲ့ အဆီထွက်ခြင်း ကြောင့်ဖြစ်ပေါ်တတ်တဲ့ ဝက်ခြံ ထွက်ခြင်းကို သိသိသာသာပျောက် ကင်းစေနိုင်ပါတယ်။ ပေါင်းစပ် အသားအရေ ပိုင်ရှင် (Combination Skin) တွေအ တွက်ဆိုရင် ခရမ်းချဉ်သီးနဲ့ ထော ပတ်သီးရောစပ်ထားတဲ့ အနှစ်တို့ကို မျက်နှာပြင်မှာ မိနစ် ၂၀ မှ ၃၀ အ ထိထားပြီး ရေအေးအေးဖြင့်ဆေးချ ပါ။
ခရမ်းချဉ်သီးက မျက်နှာပြင်ပေါ် က အမည်းစက်တွေနဲ့ အဆီတွေကို တဖြည်းဖြည်းသက်သာပျောက်ကင်း စေပြီး ထောပတ်သီးအနှစ်က ကုန် ဖြည့်တင်းပေးနိုင်ပါတယ်။ နေရောင်ခြည်ဒဏ်ကြောင့်ဖြစ် ပေါ်တတ်တဲ့နေလောင်ခြင်းနဲ့ အနီ ကွက်တွေကို သက်သာစေဖို့ ခရမ်း ချဉ်သီးအနှစ်နဲ့ ဘာမှမရောစပ်ထား တဲ့ ဒိန်ချဉ်သန့်သန့်ကို ရောစပ်ပြီး မျက်နှာ၊ လည်ပင်းနဲ့ နေလောင် ထားတဲ့အရေပြားပေါ်မှာ မိနစ် ၂၀ ခန့်လိမ်းပြီး ရေဆေးချပါ။
ဒိန်ချဉ်က အသားအရေ အတွက် လိုအပ်တဲ့ ပရိုတင်း ဓာတ်ကို ဖြည့်ဆည်းပေးပြီး ခရမ်းချဉ်သီးက အသားအရေကို အေးမြစေပါတယ်။ အသားအရေမွဲခြောက်နေတဲ့ လူတွေအတွက် ဆိုရင် ခရမ်းချဉ်သီး နဲ့ ပျားရည်အနည်းငယ်ကိုရောစပ် ပြီး မျက်နှာနဲ့လည်ပင်းမှာ ၁၅ မိနစ် ခန့် လိမ်းထားပေးပြီး ရေဆေးချပါ။
နေ့စဉ်ပုံမှန်လုပ်ပေးမယ်ဆိုရင် မွဲ ခြောက်ခြင်းကင်းပြီး တောက်ပတဲ့ အသားအရေကို ရရှိပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးကိုဖတ်ပြီးပြီ ဆိုရင်တော့ ကိုယ်နဲ့ အနီးဆုံးမှာ ရှိနေတဲ့ ခရမ်းချဉ်သီးက တခြားနာမည် ကြီးSkin Care တွေလို အစွမ်း ထက်တယ်ဆိုတာ သိလောက်ပြီ ပေါ့။ အဲဒါကြောင့် ခရမ်းချဉ်သီးနဲ့ ကိုယ်လိုအပ်တဲ့အသားအရေကိုထိန်း သိမ်းမှုကို ပြုလုပ်ပြီး လှပတဲ့အသား အရေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆု တောင်းရင်း....။

0 comments:
Post a Comment