www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Tuesday, May 21, 2013

ရောင်းချနေသည့် စားသောက်ကုန် ပစ္စည်းများတွင် အန္တရာယ် ဖြစ်စေ သည့် အဏုဇီဝ ပိုးများ တွေ့ရှိ

ပည်တွင်း ထုတ်ကုန်နှင့် ပြည်ပမှ တင်သွင်းသည့် စားသောက်ကုန် ပစ္စည်းများတွင် လူကို အန္တရာယ် ဖြစ်စေနိုင်သည့် အဏုဇီဝ ပိုးများ ပါဝင်သည်ကို တွေ့ရှိရကြောင်း မြန်မာနိုင်ငံ စိုက်ပျိုးရေး အခြေခံ စား သောက်ကုန် ထုတ်လုပ် တင်ပို့ ရောင်းချသူများ အသင်း ဒုတိယ ဥက္ကဋ္ဌ ဦးစိန်သောင်းဦးက ပြောသည်။
ပြည်တွင်း ထုတ်လုပ်သည့် စားသောက်ကုန် ပစ္စည်း ၁၃၅ မျိုးကို နမူနာအဖြစ် စမ်းသပ် စစ်ဆေးရာတွင် အန္တရာယ်ဖြစ်စေသည့် အဏုဇီဝ ပိုးမွှား ပစ္စည်း ၂၂မျိုးတွင် ပါဝင်သည်ကို တွေ့ရှိရပြီး ရာခိုင်နှုန်း အားဖြင့် ၁၆ ဒသမ ၃ ပါဝင်ကြောင်း ၄င်းကပြောသည်။
ထို့ပြင် ပြည်ပမှ တင်သွင်းသည့် စားသောက်ကုန်ပစ္စည်း ၁၄မျိုးကို နမူနာအဖြစ် စစ် ဆေးရာတွင် ပစ္စည်း၇မျိုးတွင် အဏုဇီဝပိုးများ ပါဝင်နေပြီး ရာခိုင်နှုန်း အားဖြင့်ကြည့်ပါက ၅၀ ရာခိုင်နှုန်းအထိ ပါဝင်နေကြောင်း ၄င်းက ဆက်လက်ပြောသည်။
အသင်းက တည်ထောင်ထားသည့် စားသောက်ကုန် လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အထောက် အကူပြု ဓာတ်ခွဲခန်းတွင် ပထမဆုံး အကြိမ်အဖြစ် ပြီးခဲ့သည့်နှစ်အတွင်း စစ်ဆေးစဉ် အထက်ပါအတိုင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ပြည်တွင်းထုတ် စားသောက်ကုန်များကို နမူနာအဖြစ်စစ် ဆေးရာတွင် ဈေးကွက်အတွင်း ရောင်းချနေသည့် ပစ္စည်းများကို ရွေး ချယ်စစ်ဆေးခြင်း မဟုတ်ဘဲ ထုတ်လုပ်သည့် လုပ်ငန်းရှင်များတိုက် ရိုက်ရွေးချယ်ပေးသည့် ပစ္စည်းများကိုသာ စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ၄င်းကပြောသည်။
"ထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေက သူတို့ရဲ့ ထုတ်ကုန်တွေထဲ က ပစ္စည်းကောင်းတွေကို နမူနာအဖြစ်စစ်ဆေးဖို့ ပေးတဲ့ထဲမှာတင် ပိုးတွေပါဝင်နေတာကို တွေ့နေရတယ်" ဟု၎င်းကပြောသည်။
ပြည်ပမှတင်သွင်းသည့် စားသောက်ကုန်များကိုမူ ဈေးကွက် အတွင်းမှ ရယူစစ်ဆေးခြင်းကြောင့် စစ်ဆေးတွေ့ရှိချက်ပေါ် မူ တည်ပြီး အသင်းဝင်များ တင်သွင်းလာသည့် စားသောက်ကုန်များ စံချိန်စံညွှန်းနှင့်အညီ တင်သွင်းရေးကိုသာ အသင်းက အသိပေးနိုင် ပြီး အစိုးရအဖွဲ့အစည်းကဲ့သို့ အရေးယူဆောင်ရွက်နိုင်ခြင်း မရှိကြောင်း ၄င်းက ပြောသည်။
သို့သော် အဆိုပါ စစ်ဆေးတွေ့ရှိချက်များကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် တင်သွင်းလာသည့် စားသောက်ကုန် များနှင့် ပြည်တွင်းထုတ်ပစ္စည်းများကို စစ်ဆေး ကြီးကြပ်ရာတွင် ယခု ထက် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း ၄င်း ကသုံးသပ်ပြောသည်။
ပိုးမွှားပါရှိသည့် စားသောက်ကုန်များကို ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းယူသည့်စနစ် ကျင့်သုံးနိုင်ခြင်းရှိ၊မရှိမှာ စားသုံးသူ ဆိုင်ရာကာကွယ်သည့် ဥပဒေ ပြဋ္ဌာန်းထားခြင်း ပေါ်တွင်သာ မူ တည် ကြောင်း ၄င်းကပြောသည်။
လတ်တလောတွင် စားသုံးသူ ကာကွယ်ရေး အတွက် ဥပဒေ တစ်ရပ် ပြဋ္ဌာန်း အတည်ပြုနိုင်ခြင်း မရှိသေးဘဲ စားသုံးသူကာကွယ် ရေးဥပဒေမူကြမ်း(Consumer Protection Law) အဆင့်သာ ပြီးစီးသေးကြောင်း သိရသည်။
"လက်ရှိမှာ ဥပဒေမရှိသေးတဲ့အတွက် ပိုးပါတဲ့ပစ္စည်းတွေကို မသိမ်းဆည်းနိုင်သေးဘူး'' ဟု ၄င်းကပြောသည်။ အာဆီယံဒေသတွင်း နိုင်ငံများတွင် ၄င်းဥပဒေကို မြန်မာနိုင်ငံမှ လွှဲ၍ ကျန်နိုင်ငံများတွင် ပြဋ္ဌန်းထားပြီးဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့ကုလမဂ္ဂ အဖွဲ့ကြီးမှ ၁၉၈၅ခုနှစ်တွင် စားသုံးသူများ၏ အခွင့်အရေးကို ကာကွယ်ပေးနိုင်ရန် စားသုံးသူများ အတွက် ဝယ်ချင်သည့် ပစ္စည်းအား စိတ်ကြိုက် ရွေးချယ်ပိုင်ခွင့် ရှိရန်၊ ဝယ်ချင်သည့် ပစ္စည်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်ကို ရယူနိုင် ရန်၊ ဝယ်ယူသည့်ပစ္စည်းသည် လုံခြုံစိတ်ချရန်၊ ဝယ်လိုသည့်ပစ္စည်း နှင့်ပတ်သက်သည့် သတင်း အချက်အလက်ကို သိရှိနိုင်ရန်၊ စားသုံးသူတို့၏ အခြေခံ လိုအပ်ချက်များနှင့် ပတ်သက်၍ ကျေနပ်မှုရရှိရန်၊ အလျော်အစား ရပိုင်ခွင့်ရှိရန်၊ စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်၍ ပညာရပ်များ သင်ကြားနိုင်ခွင့် ရှိရန် ပိုမိုလုံခြုံစိတ်ချရသည့် ပတ် ဝန်းကျင်အား ရွေးချယ်ပိုင်ခွင့်ရှိရန်တို့ကို သတ်မှတ်ပေးခဲ့သည်။

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်