သရဲခြောက်ခံရလို့ သွေးပျက်သွားတယ် ရူးသွားတယ် သေသွားတယ်ဆိုတာ
ဘဝတလျောက်မှာ အပိုပြောတာ အပိုလုပ်တာ ချဲ့ ကားပြီး ကြောက်ပြကြတာလို့ 
အစကယုံကြည်ခဲ့ပါတယ် ။ ဒီအဖြစ်အပျက် မတိုင်မီကပေါ့လေ ။ ကြောက်လွန်းတဲ့စိတ်က
လူရဲ့ ထိမ်းသိမ်းနိုင်တဲ့ ဆင်ခြင်တုံတရားကို စက္ကန့် ပိုင်းလေးအတွင်းမှာ
ဖျက်ဆီးပစ်နိုင်တယ်ဆိုတာ မျက်မြင်ကိုယ်တွေ့  အချိန်တခု
ရောက်မှသိလိုက်ရတာပါ ။ ဒီဇာတ်လမ်းကို ပြန်မပြောခင် ပရိတ်သတ်အားလုံး
နားလည်စေချင်တာက ဒီဇာတ်လမ်းထဲမှာ ပါတဲ့ ဇာတ်ကောင်
တစ်ဦးတစ်ယောက်ကိုသော်လည်းကောင်း နန်းမြိုင်ဟော်တယ်ကိုသော်လည်းကောင်း
နစ်နာရကောင်းစေဆိုတဲ့ စိတ်စေတနာမျိုး လုံးဝမပါဘဲ ဖြစ်ရပ်မှန်တွေပဲ
ဖေါ်ပြပေးလေ့ရှိတဲ့ ပေတအက်ဒမင်များနဲ့ မန်ဘာများ အမှန်အတိုင်း
မြင်ရသိရပါစေဆိုတဲ့ ရည်ရွယ်ချက်သက်သက်နဲ့ သာ ဗဟုသုတ အလို့ ငှာ
တည်ခင်းဧည့်ခံပေးတဲ့ ရသစာစုတစ်ခုအဖြစ် ယုံကြည်ပေးကြစေလိုပါတယ်။
အဖြစ်အပျက်ဟာ သူငယ်ချင်းတစ်ယောက်ရဲ့ ဖခင်ကြီ့း ခရီးစဉ်မှာ ဖြစ်ပွားခဲ့ပါတယ်။ ရာထူးကြီးဝန်ထမ်းတစ်ယောက်ဖြစ်တဲ့ သူငယ်ချင်းရဲ့ အဖေက မူဆယ်ခရီးစဉ်ဆိုပြီး စီစဉ်တဲ့အချိန်မှာ အန်ကယ့်ကိုယ်ရေးအရာရှိကို ပူဆာပြီး မူဆယ်ခရီးစဉ်ကို သမီးတို့ ၂ယောက်လိုက်ချင်ပါတယ်ဆိုတော့ ဟိုဘက်တရုတ်ပြည်ထဲ မကူးရင်လိုက်ရမယ်ဆိုတဲ့ အန်ကယ့်သတ်မှတ်ချက်နဲ့ သူငယ်ချင်း၂ဦး ပျော်ရွှင်စွာလိုက်ပါသွားဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်ပါ .. အန်ကယ်နဲ့ သွားတဲ့ခရီးစဉ်တိုင်းမှာ မြန်မာအင်္ကျီကိုဆင်တူဝတ်တတ်တဲ့ တီတီတို့ ၂ယောက်အတွက် အဲဒိခောတ်အချိန်အခါမှာ လူကြိုက်များလှတဲ့ ကုလားဆာရီ ပျိုးပျိုးပျက်ပျက်နဲ့ ချုပ်ထားတဲ့မြန်မာအင်္ကျီ ဒီဇိုင်းလှလှကိုဝတ်ဖို့ ရွေးချယ်ပြီး ထည့်ခဲ့မိတာကများ အမှားတစ်ခုဖြစ်ခဲ့လားတော့ တီတီတို့ လည်း ဒီနေ့ အထိမသဲကွဲခဲ့ပါဘူး ..။ ရန်ကုန်ကနေစထွက်တော့လည်း သာသာယာယာရှိလှတဲ့ အခုလိုမျိုး မိုးရွာနေတဲ့ နံနက်ခင်းတစ်ခုပါ ။ မှတ်မှတ်ရရ ပြောရရင် အခုလို ၈လပိုင်းပါဘဲ ။ မန္တလေးမှာ ခတ္တနားပြီး မေမြို့ နန်းမြိုင်မှာ ညအိပ်တည်းခိုဖို့ စီစဉ်ထားခဲ့ပါတယ်။ နေမဝင်သေးတဲ့ အချိန်ရောက်သွားကြပေမယ့် မိုးရိပ်ကြောင့် ခနချင်းပဲ မှောင်မဲသွားခဲ့တဲ့ နန်းမြိုင်ရဲ့ ညနေခင်းဟာ ဓါတ်ပုံတွေရိုက်ပြီး ပေါချင်တိုင်းပေါကြဖို့  အခွင့်အရေးမသာခဲ့ပါဘူး။ နှစ်ထပ်ဆောင်ကြီး တခုလုံးမှာ အလယ်လှေကားကြီးက တက်သွားခဲ့ရင် ဟိုဘက်ဒီဘက်မျက်နှာခြင်းဆိုင် ၂ခန်းပဲပါတဲ့ နန်းမြိုင်ရဲ့ ဖွဲ့ စည်းပုံကြောင့် လှေကားတက်တက်ချင်း ညာဖက်ခန်းကို အန်ကယ့်အတွက်နေရာချထားပီး ဘယ်ဘက်ခြမ်းခန်းကို တီတီတို့  ၂ယောက်အတွက်ပြင်ဆင်ပေးထားပါတယ်။
အန်ကယ်တို့  ဝန်ကြီးဌာနရဲ့  ဝန်ထမ်းအမကြီးတွေက နေရာချထားပြင်ဆင်ပေးနေချိန်မှာ (ခရီးဆောင် သေတ္တာတွေကို ခြေရင်းဘက်နံရံနဲ့ ကပ်ရက်က ခုံရှည်ပေါ်မှာတင်စေပါတယ် .. အခန်းဖွဲ့ စည်းထားပုံက ဝင်ဝင်ချင်းမှာ ဧည့်ခန်းလေးတစ်ခုပါပြီး ဧည့်ခန်းလေးကနေ အတွင်းထဲဝင်မှ အိပ်ခန်းကျယ်ထဲကိုရောက်ရှိမှာဖြစ်ပါတယ်။ ဧည့်ခန်းလေးထဲမှာ ဆိုဖာဆက်တီတစ်စုံနဲ့  တီဗီပေါက်စတစ်လုံး ခပ်ရိုးရိုးခင်းကျင်းထားသလို ခွေးခြေပုလေး၂လုံးကိုလည်းတွေ့ ရပါတယ် .။ဘာမှမထူးဆန်းတဲ့ မြင်ဖူးနေကျ ကြိမ်နဲ့ လုပ်ထားတဲ့ ခွေးခြေပုလေးတွေပါ။
ရောက်တာနဲ့ ရေချိုးအဝတ်အစားလဲပြီး ထမင်းစားခန်းကိုဆင်းပြီး ထမင်းစားကြရပါတယ်။ ဒီအထိလည်း ပြသနာတက်မယ့်အရိပ်အရောင် နည်းနည်းလေးမှ မရှိသေးတာပါ။ ထမင်းစားပြိးတဲ့ အခါမှာတော့ ဝန်ထမ်းအမကြီးတချို့ ကို ပြန်လွှတ်လိုက်ပြီး ရှိုးများလှတဲ့ ၂ယောက်သားက မနက်ဖြန်ဝတ်ဖို့  အကျီ င်္ထမီ ၂စုံကို သေချာချိတ်လေးနဲ့ ချိတ်ပြီး ခြေရင်းညာဖက်ခြမ်းက ဘီရိုထဲမှာ ချိတ်ကြပါတယ် မနက်ဖြန်ဒါဝတ်မယ်ပေါ့လေ..။အိပ်ခန်းကတော့ အတော်အသင့်ကျယ်ဝန်းပြီး တစ်ယောက်အိပ်ကုတင် ၂လုံးကို ၃ပေလောက်ကွာပြီး ခင်းထားပါတယ်။ ညမအိပ်ခင် ဖုံး ၂လုံးကို ဘက်ထရီအားသွင်းကြပါတယ်။ ကျွန်မသူငယ်ချင်းက သီချင်းတိုးတိုး ဖွင့်ထားမယ်နော်လို့ ပြောတော့ ရတယ်လို့ ခေါင်းညိတ်ပြပီး ကုတင်ပေါ်မှာဘဲ ဘုရားရှိခိုးတော့ သေချာမေတ္တာသုတ်တမျိုးထဲ ရွတ်ဆိုပြီး အဖေကြီးကိုးမြို့ နဲ့  နယ်ပိုင်တွေကို အမျှစဝေတဲ့ အချိန်မှာဘဲ မီးကဖျောက်ကနဲ ပျက်သွားပါတော့တယ် ။ အမရေ ငါ့ကို ဖုံးကမီးလေး ခဏထွန်းထားပေးလို့ ပြောပြီးအမျှဆက်ဝေလိုက်ပါသေးတယ်။ ပြီးတာနဲ့ ရုပ်နာမ် ၂ပါးဘုရားလှုပြီး ဘုရားရှိခိုးခြင်းကို လက်စသတ်နေချိန်မှာ မီးပြန်လာပါတယ်။ အောက်ထပ်က ဝန်ထမ်းအမကြီးတွေ ဖယောင်းတိုင်လာပို့ ကြတော့ မီးပျက်တတ်လို့ လားလို့  မေးကြည့်မိတော့ လိုရမယ်ရလာပေးထားတာပါ VIP ခရီးစဉ်ရှိတော့ မီးလိုင်းက ၂လိုင်းချိတ်ထားတဲ့အပြင် မီးစက်လည်း အဆင်သင့်ပါဘဲလို့ ဖြေသွားကြတာမို့  စိတ်အေးလက်အေး မွေ့ ယာပေါ်လှဲလျောင်းလိုက်မိပါတယ်။ ၅မိနစ်တောင် မပြည့်သေးဘူး မီးပြန်ပျက်ပါတယ်။ ဒီတခါတော့ မီးစက်သံကြီး ထွက်လာတာမို့  မီးက ၂လိုင်းစလုံး အောက်ပြီထင်တယ်ဟေးလို့  ပြောမိကြပါသေးရဲ့ .။ စိတ်ထဲဘာမှ မထင်မိတော့ ကြောက်တာမျိုးလည်းရှိမနေဘူးလေ.။ အဲလိုနေနေကြတုံး မီးပြန်လာတာ EPC မီးထင်ပါရဲ့ မီးစက်မီးနဲ့ မတူဘူး လင်းထိန်နေအောင် ပြန်လင်းလာပြန်တယ်။ အချိန်က ည၁၀နာရီကျော်ပါပြီ မီးပျက်နေတဲ့ အချိန်မှာ ဘာမှမဖြစ်တဲ့ စိတ်က မီးပြန်လာပြီး တအောင့်နေတာနဲ့  တခုခုခံစားရလာပါတယ်။ သူငယ်ချင်းဘက်ကို လှည့်ကြည့်တော့ သူလည်းကိုယ့်လိုပဲဖြစ်တယ်ထင်ရဲ့  ..ဖုံးက game တခုကိုဆော့နေရာက ကျွန်မဘက်ကို လှည့်ပြီးမေးဆတ်ပြတယ် ။ မီးဖွင့်ပြီးအိပ်မယ်နော်လို့ ပြောမိပါတယ် ၂ယောက်လုံးဟာ အင်မတန်မှ တစ်ယောက်အချိုးအချိတ်ကို တစ်ယောက်က နားလည်ကြသူများပါ။ သွားလေရာ ခရီးတွေ တော်တော်များများမှာ ဒီလိုဆိုးဝါးတဲ့ အတွေ့ အကြုံမဟုတ်ပေမယ့် သရိုးသရီဖြစ်တတ်ကြတာမျိုးတွေ ကြုံဖူးတဲ့အပြင် မကြောက်တတ်ဘူးဆိုတဲ့ မိန်းမအာဂမတွေပါ။ မီးတွေလင်းထိန်နေတာက စိတ်ကိုပိုပြီးရဲရင့်စေတယ်လို့ ထင်နေရာကနေ ခြေရင်းဘက်မှာ တစ်စုံတစ်ဦး ရောက်နေသလို သူရောကိုယ်ရော ခံစားမိပါတယ် ။ ပေတပရိတ်သတ်ထဲမှာလည်း ဒါမျိုးအတွေ့ အကြုံရှိဖူးကြမှာပါ..။မီးတွေလင်းနေရက်နဲ့  ချမ်းစိမ့်စိမ့်ခံစားချက်က အခန်းတစ်ခုလုံးကို လွှမ်းခြုံလာပါတယ်။ ကုတင်ခြေရင်းမှာ အသံတစ်ခုကြားရပါတယ် တစုံတခု သို့ မဟုတ် လူတစ်ယောက် လမ်းလျောက်နေတဲ့ အသံမျိုးပါ အသံဟာစိတ်ထင်လို့ ကြားတာမျိုးမဟုတ်မှန်း ၂ယောက်လုံးသိနေပါပြီ။ ကုတင်ခြေရင်းနဲ့  နံရံကြားမှာ ၁၃ပေလောက်နီးပါး လှမ်းတာကို ထင်သာ မြင်သာကြားနေရပါတယ်။စိတ်ထဲမှာ တမျိုးကြီးကို ဖြစ်လာပြီးကျောထဲစိမ့်လာတဲ့ ခံစားမှုကြောင့် ၃ပေလောက်ကွာတဲ့ ကုတင်ပေါ်ကနေ ဟိုဘက်ကုတင်ပေါ် ဝုန်းဆိုကျွန်မပြေးတက်မိပါတယ်။ လှုပ်ရှားမှုရှိပြလိုက် သလို အသိအမှတ်ပြုပြလိုက်သလိုများ ဖြစ်သွားလားတော့မသိပါ။ ခြေရင်းက ခြေသံဟာ ခတ္တခဏလေးလောက် တိတ်ဆိတ်သွားခဲ့ပါတယ် သူတိတ်ဆိတ်သလို တီတီတို့ ၂ယောက်လည်း တိတ်ဆိတ်သွားမိပါတယ်။ တစ်ယောက်လက်ကို တစ်ယောက်ကတင်းတင်းဆုပ်ထားရင်းနဲ့  ဒီအခြေအနေဟာ ခဏနဲ့ ကျော်ဖြတ်သွားမယ့် အခြေအနေပါလို့  စိတ်ထဲကအားပေးမိသလိုပါဘဲရှင်။ ဆက်တိုက်ဆိုသလိုပဲ ခြေရင်းကဗီရိုတံခါးချပ်ကြီး ဝုန်းကနဲပွင့်သွားတဲ့အချိန်မှာ ၂ယောက်လုံးဆတ်ကနဲတောင်တုန်သွားမိပါတယ်။ အမရေ ဗီရို ဗီရို ဆိုတော့ သီရိမကြည့်နဲ့ မျက်စိပိတ်ထားတဲ့ ၆နှစ်လောက်အသက်ကွာတဲ့ သူငယ်ချင်းဟာ ဒီအချိန်မှာတော့ တီတီ့ရဲ့ ကမ္ဘာကြီးပါရှင်။အေးစိမ့်နေတဲ့ မေမြို့ ညဟာ နန်းမြိုင်ကြောင့် ချွေးစေးတွေပြန်လာခဲ့ပါပြီ။ ဘုရားစာကို သေချာဖြောင့်အောင် ကြိုးစားရွတ်မိကြပါတယ်။ သရဏဂုံ၃ပါးကို တောက်လျှောက်ကြီး တီတီရွတ်နေတဲ့အချိန်မှာ တီတီ့သူငယ်ချင်းက ပဌာန်းကို အသံတုန်တုန်လေးနဲ့ ရွတ်ပါတယ်။ သရဲခြောက်ရင် ရွတ်ရန်ဆိုပြီး ဘုန်းဘုန်းတွေရွတ်ခိုင်းတဲ့ အာဋာနာတိယသုတ်လည်း ရွတ်ရန်သတိမရတော့။( စာလုံးပေါင်းခွင့်လွှတ်ပါ )
ထပြီးပြေးဖို့ ကိုပဲ စဉ်းစားမိပေမယ့် တကယ်တမ်းတော့ ခြေကိုမပြောနဲ့  လက်ကိုတောင်မလှုပ်ဝံ့သလိုပါ။ခြေရင်းက အဝတ်ဗီရိုအလတ်စားရဲ့ တံခါးချပ်ဟာ တချပ်တည်း တဒုံးဒုံးမြည်အောင် ပိတ်လိုက်ပွင့်လိုက်ဖြစ်နေပါတယ် ။ ခုနလေးတင် တီတီတို့ ၂ယောက်ရဲ့ အကျီ င်္လေးတွေသွားချိတ်လိုက်သေးတဲ့ သစ်သားဗီရိုရဲ့ တံခါးချပ်ပါ။ လူတစ်ယောက်ဆွဲဖွင့်လိုက် ပိတ်လိုက် လုပ်နေသလိုကို တဒုန်းဒုန်းပိတ်လိုက် ပွင့်လိုက်လုပ်နေလိုက်တာ တိတ်ဆိတ်နေတဲ့ ညဖက်ကြီးမှာ တော်တော်လေးကို စိတ်နောက်ကျိဖို့ ကောင်းလှပါတယ်။စိတ်နောက်ကျိတယ်လို့ သုံးနှုံးပါရစေ ။ကြောက်တယ်လို့ ပြောဖို့ မတန်သေးလို့ ပါ ။ ဒုတိယအဖြစ်နဲ့ ယှဉ်ရင်ပေါ့လေ..။ တဆက်တည်း ဆိုသလို ၂ယောက်သား ကပေါက်တိကပေါက်ချာ ရွတ်လက်စဘုရားစာတွေ အသံမြည်အောင် ဆက်ရွတ်မိပါတယ်။ ထပြီးပြေးမယ်ဆိုရင် ကုတင်ပေါ်ကနေဆင်းပြီး ခြေလှမ်း၁၅လှမ်းစာလောက် အနည်းဆုံးရှိတဲ့ အခန်းရဲ့ အပြင်ဖက်ဧည့်ခန်းငယ်ကို ထွက်တဲ့အကွာအဝေးကို ဖြတ်ကျော်ရမှာဖြစ်ပါတယ်။ ဒါတောင်ဧည့်ခန်းကနေ တံခါးမကြီးကို ထပ်ဖွင့်မှ အပြင်ဘက် အန်ကယ့်အခန်းဘက်ကူးတဲ့ စင်္ကြံကိုရောက်မှာလေ ။သူငယ်ချင်းက သတိကောင်းကောင်းနဲ့  ဖုံးကိုတတောက်တောက်နှိပ်တယ် ။ ring သာမြည်နေတယ် အန်ကယ့်ပီအေ ဗိုလ်ကြီးက ပြန်လည်ဖြေကြားခြင်းမရှိပါရှင်ဖြစ်လို့ နေတယ် ။ ဖုံးကိုဆက်လို့ မရတဲ့အခါ တောင်တန်းသာသနာပြုဆရာတော်ဘုရားကြီးရဲ့ ပရိတ်လွယ်လင့်တကူဖွင့်လို့ ရလေမလားလို့  ဖုံးထဲမှာရှာပါတယ် သေချာရှာလို့ မရအောင် လက်တုန်တုန်နဲ့  I phone model အဟောင်းလေးကို အလွယ်တကူ touch လုပ်လို့ မရဘဲဖြစ်လို့ နေခဲ့တယ်။ ဒီအချိန်ဟာ မိနစ်ပိုင်းပါဘဲ ဒါပေမယ့်တီတီ့ဘဝမှာ တကယ့်ကို တကမ္ဘာစာကြာမြင့်နေပါတယ်။ ခြေရင်းမှာ ခုံရှည်တစ်လုံးပေါ်မှာချထားတဲ့ ခရီးဆောင်သေတ္တာတွေ လူတယောက်ဆွဲလှန်သလို တဖြန်းဖြန်းပွင့်လာတယ် အိပ်ခန်းမီးရောင် တထိန်ထိန်ရဲ့ အောက်မှာ မြင်ရပါပြီ ။ ကုလားမခပ်ရွယ်ရွယ် တစ်ယောက်ပါ အရိပ်လိုလိုစိတ်ထဲထင်တာမဟုတ်ရပါဘူးနော် ။တကယ့်သန့်ရှင်းရေး ကုလားမတွေလို ဆာရီအောက်မှာခံဝတ်တဲ့ ခါးတိုအကျီ င်္ ဝါညစ်ညစ်အရောင်လက်တိုကိုဝတ်ဆင်ထားပြီး ခါးမှာတော့ ပါတိတ်လုံချည်တပတ်နွမ်းက ကြက်သွေးရောင်မှိုင်းမှိုင်း .. မျက်စိထဲသာမြင်ကြည့်ကြပါတော့လေ။ ကွမ်းသီးလုံးသာသာရှိမယ့် ဆံစုသေးသေးကို ငယ်ထိပ်ပေါ်မှာထုံးပြီးတင်ထားတယ်။ တောက်တခေါက်ခေါက်နဲ့ ခြေရင်းမှာ လျောက်နေတာကို သေချာကြီးမြင်ရတဲ့ခဏလေးမှာ ရင်ထဲဘယ်လို ခံစားရမှန်းကိုမသိတော့ဘူး ..။ သရဲ သရဲလို့ တောင်မအော်ရဲတဲ့ ဘဝပါရှင်။ သူ့ အရပ်က ၅ပေမပြည့်လောက်ဘူး လူကိုယ်ထည်ကလည်း ခပ်သေးသေးပါဘဲ ။ ရုပ်ရှင်ထဲက သရဲတွေလို သွေးတွေ သံတွေထွက်ပြီး လျှာအရှည်ကြီး အစွယ်အကြီးကြီး မထုတ်ပြပဲနဲ့  အသဲထဲက ကြောက်တာပါ။ တီတီတို့  ၂ယောက်ဘာလုပ်ရမှန်း ကြံရာမရပါဘူး ။သူငယ်ချင်းက သီရိ စည်းချ စည်းချတဲ့ ကြောက်ကြောက်လန့် လန့်နဲ့  တီတီလည်း လေးဆူဘုရား လေးတံခါးအစချီတဲ့ စည်းချဂါထာကို ကုတင်ဘေးပတ်လည်ကို လက်ညှိုးနဲ့ ညွှန်ပြီးစတင်ရွတ်ဖတ်မိတယ်ဆိုရင်ပဲ အကောင်အထည်မမြင်ရတော့ဘဲ တီတီတို့  ၂ယောက်ပူးအိပ်နေတဲ့ ကုတင်က တစ်ပေလောက်ထူတဲ့ မွေ့ ယာတုံးဟာ ခြေရင်းဘက်က တစ်စုံတစ်ယောက်က ဆန်ပြာတဲ့ စကောကို ဆန်ပြာချသလို တီတီတို့  ၂ယောက်ကို ပြုတ်ကျအောင်ဆွဲခါချခံရပါတော့တယ်။ တစ်ကိုယ်လုံးမှာရှိတဲ့ အကြောက်တရားတွေ အကုန်များထွက်လာသလားအောင့်မေ့မိပါတယ်။တီတီ့သူငယ်ချင်းကတော့ တအီးအီးနဲ့ ကို အသံထွက်ပြီးငိုပါပြီ ။ တီတီကတော့ ငိုဖို့ ကိုမေ့တော့တာထင်ပါရဲ့ ရှင်။ စည်းဆက်မချနိုင်ပါဘူး အသံလည်းထွက်မိလားမထွက်မိလား မသိတော့တဲ့ ခဏမှာ ဟိုကုလားမမိန်းမက ကုတင်ခြေရင်းကနေဖြတ်လျှောက်သွားပြီးမှ ရေချိုးခန်းနံရံထိရောက်တဲ့အခါ အခန်းရဲ့ နံရံကြီးကို ကြမ်းပြင်ကြီးလိုပဲ ဆက်တိုက် ဆက်တိုက်ဆက်လျောက်သွားပါတယ် ။ကြုံဖူးကြမလားမသိဘူး နံရံပေါ်ရောက်နေတဲ့ နာနာဘာဝကြီးရယ် သရဲပူးလား တစ္ဆေပူးလားမသိအောင် ဘာမှန်းမသိငိုတဲ့ သူငယ်ချင်းရယ်ကြားမှာ အသိစိတ်တွေပျက်ပြီတောင် အောင့်မေ့မိပါတယ်။ ကြောက်ကန်ကန်တယ်ဆိုတာ ဒါမျိုးများလားတော့မသိနိုင်ပါ။ တီတီ့တသက်မှာ အကြမ်းတမ်းဆုံး ဆိုတဲ့အဆဲမျိုးတွေ ပါးစပ်ကထွက်လာပါတယ် ကြယ်လောင်တဲ့ဆဲသံက တီတီ့သူငယ်ချင်းကို အားတက်စေတယ်ထင်ပါရဲ့  သွားမယ် သွားမယ် အဖေ့အခန်းကိုသွားမယ်လို့ ပြောပြီး ခုနဟာမကြီး တက်သွားတဲ့ နံရံဘက်ကို မကြည့်ပဲအခန်းထဲက ထွက်ဖို့ ပြင်ပါတယ်။ ဧည့်ခန်းလေးကို အဖြတ်မှာ တီတီ့သူငယ်ချင်းက နိုင်ငံတော်သီချင်းကို အော်ဆိုတော့ ကြောင်တာလား ယောင်တာလားမသိပေမယ့် တီတီလည်းအကျယ်ကြီးပဲလိုက်ဆိုမိပါတယ်။ စိတ်ပျက်ဖို့ ကောင်းလှတဲ့ နန်းမြိုင်ရဲ့ ညမှာ တီတီတို့  သီချင်းသံကို ကြားရတဲ့သူ တစ်ယောက်တလေတောင် မရှိခဲ့ပါဘူး ဧည့်ခန်းလေးကဖြတ်ပြီး စင်္ကြန်ကိုကူးတယ် အန်ကယ့်တံခါးကို ခေါက်တာမဟုတ်ဘူး ထုမိတာ အကြီးအကျယ်ကို ထုကြတာပါ ။ တော်တော်လေး စိတ်ချဖို့ ကောင်းတဲ့ ပီအေလုပ်သူကတော့ ပြသနာပြီးသွားတဲ့အထိ နိုးမလာပါဘူး။ အန်ကယ် တံခါးလာဖွင့်တဲ့ အချိန်မှာ ၂ယောက်လုံးလုပ်မိတာ အဖေလို့ အော်ပြီး တဟီးဟီးနဲ့ ငိုချမိတာပါဘဲ။ အန်ကယ့်ဘက်ခြမ်းမှာတော့ ရင်တွေတဒုတ်ဒုတ်ခုန်ရလွန်းလို့  ငိုရလွန်းလို့  ၂ယောက်လုံးမောတောင်နေပါပြီ။ ဟိုဘက်ကို ပြန်ကူးကြည့်ဖို နေနေသာသာ လှုပ်တောင်မလှုပ်နိုင်အောင်ပါဘဲ ။ အန်ကယ့် ၂ယောက်အိပ်ကုတင်ကြီးပေါ်မှာ ပရိတ်ရေသောက်ပြီး ချက်ချင်းဆိုသလိုပဲ ပြန်အိပ်ပျော်သွားမိတယ်။ အန်ကယ်မအိပ်ပဲ ကုတင်ခြေရင်းက ၂ယောက်ထိုင် ဆိုဖာလေးပေါ်မှာထိုင်ပြီး ပုတီးထစိပ်နေတာလည်း စိတ်ကိုလုံခြုံသွားစေတယ် ထင်တာပေါ့လေ။ ဒါပေမယ့် ဒီဖြစ်ရပ်တွေဖြစ်ပြီးလို့  ဒီဘက်အခန်း ရောက်လာတာတာ ည ၁၂နာရီစွန်းစွန်းလောက်မှာပါ ။ဘာလို့ လည်းဆိုတော့ အိပ်တော့သမီးတို့ အဖေခနပုတီးစိပ်ဦးမယ် မနက်လည်း အစောကြီးထရဦးမှာလို့ ပြောတဲ့အချိန်မှာ စားပွဲတင်နာရီလေးကို လှမ်းကြည့်လိုက်မိတော့ ၁နာရီထိုးခါနီးနေပါပြီ။ အဲလိုအိပ်ပျော်သွားပြီးမှ ရုတ်တရက် ဆိုသလို အိမ်မက်ကလန့် နိုးလာသလို စူးရှကျယ်လောင်တဲ့ အော်သံကြီးနဲ့ အတူဆောင့်ဆွဲခံရသလို ခံစားချက်ကြောင့် လန့် ဖျတ်ပြီးထထိုင်မိတဲ့ အချိန်မှာ ဘေးမှာအိပ်တဲ့ သူငယ်ချင်းမက ကုတင်ပေါ်မှာငုတ်တုတ်ထိုင်ရက်တဆတ်ဆတ်တုန်လို့  ရှိုက်ငိုနေပါပြီ။ ကုတင်ရဲ့ ခြေရင်းဘက်မှာတော့ ဟိုဘက်ခန်းက ဧည့်ခန်းမှာချထားတဲ့ ကြီမ်ခွေးခြေငယ်ကလေးက တစောင်းလေးလဲလျက်သား ။အန်ကယ်က ထိုင်နေရာကနေ အိပ်ပျော်သွားခဲ့ဟန်ရှိပြီး သူ့ သမီးစီထလို့ လာနေလေရဲ့  ..။ ခွေးခြေခုံပုလေးနဲ့ လာပိတ်ပေါက်တာပါ လူတွေကိုမထိပေမယ့် ဟိုဘက်ခန်းက ခွေးခြေဟာ ဒီဘက်မှာရောက်လို့ နေပါပြီ။ ခုနက ကုလားမပဲ သူငယ်ချင်းကို နာမည်ကြီးအော်ခေါ် လာနှိုးပြီးမှ ခုံနဲ့ ပိတ်ပေါက်လိုက်တာလို့ ဆိုပါတယ်။ အန်ကယ်လည်း သူ့ သမီးကိုချော့မရအောင်ငိုနေပြီမို့  ပရိတ်ရေလေးခေါင်းကို အသာတောက်ပေးပြီး အောက်ထပ်မှသူ့ လူတွေကို နှိုးကာ သတ်မှတ်ထားတဲ့ အချိန်ထက်စောပြီး ထွက်ခွာလာခဲ့ရတဲ့ မှတ်မှတ်ရရ မေမြို့ ညလေးအကြောင်း ပေတလောကနှစ်ပတ်လည် အထိမ်းအမှတ်အဖြစ်တင်ပြပေးလိုက်ရပါတယ်ရှင် ။ ဤစာစုကို လွန်ခဲ့သောတစ်နှစ်ဒီလိုအချိန်မှာ တီတီ့ကိုယ်စားရေးသားဖေါ်ပြပေးခဲ့သော သားလေး ကိုမြတ်မင်းပိုင် ကိုကျေးဇူးတင်ရှိပါကြောင်းအမှတ်တရပြောလိုက်ပါရစေရှင်။
( ဒီဇာတ်လမ်းမှာ ကြောက်စရာကောင်းလှသော်လည်း ဖေါ်ပြရန် သိပ်ကြီးမကောင်းလှသော အကြောင်းအရာတချို့ ကို ယဉ်ကျေးမှုအရ ချန်လှပ်ထားပေးခဲ့ပါကြောင်း )
by facebook page

0 comments:
Post a Comment