www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Tuesday, May 21, 2013

နောက်ဆုံး ရာသီပေါ်ရက် မမှတ်မိ သော အမျိုးသမီးများ မီးဖွားရာတွင် သက်ရောက်မှု များရှိ

နောက်ဆုံး ရာသီ ပေါ်ရက်ကို မမှတ်မိသော အမျိုးသမီး များသည် ခန့်မှန်း မွေးရက် ကျော်သည့် အတွက် ဗိုက်နာအောင် ဆေး ထည့်ရခြင်း၊ မွေးကင်းစ ကလေးဆောင်တွင် ဆေးရုံတက်၍ ကုသရခြင်းများ ပိုမို များပြားကြောင်း ပြုလုပ်ထားသည့် သုတေသန စာတမ်းများမှ သိရသည်။
ထိုစာတမ်းသည် နောက်ဆုံးရာသီပေါ်ရက်အား မမှတ်မိသော ကိုယ်ဝန်ဆောင် အမျိုးသမီး များ နောက်ဆက်တွဲဖြစ်ပေါ် လာနိုင်သော အကျိုးဆက်များအား လေ့လာနိုင်ရန် ရည်ရွယ်ခြင်း ဖြစ်ပြီး သုတေသနကို ဆေးတက္ကသိုလ် (၁) ရန်ကုန်မှ ဆရာဝန် သုံးဦးက ဗဟိုအမျိုးသမီးဆေးရုံ (ရန်ကုန်) ၂၀ဝ၈ မှ ၂၀၁၀ ပြည့်နှစ်အထိ လေ့လာထားခြင်း ဖြစ်ကာ ပြီးခဲ့သည့် လအတွင်း ပြုလုပ်ခဲ့သည့် ဆေးသုတေသန ညီလာခံတွင် အဆိုပါ စာတမ်းအား ဖတ်ကြားခြင်း ဖြစ်သည်။
နောက်ဆုံးရာသီပေါ်ရက်အား မမှတ်မိသော ကိုယ်ဝန် ဆောင် အမျိုးသမီးများတွင် လေစုပ်၊ ညှပ်ဆွဲ၍ မွေးဖွားရခြင်း၊ ခွဲစိတ်၍မွေးဖွားရခြင်း အချို့ရှိခဲ့ပြီး ကလေး၏ ကိုယ်အလေးချိန် နှင့် ကလေးကျန်းမာမှု၊ မွေးမွေးချင်း ကလေးသေဆုံးမှုနှင့် မွေး ကင်းစကလေးသေဆုံးမှုများမှာ သိသာသော ကွာခြားမှုများ မရှိ ကြောင်း အဆိုပါစာတမ်းတွင် ဖော်ပြထားသည်။
"နောက်ဆုံးရာသီပေါ်ရက်ကို မမှတ်မိတဲ့ ကိုယ်ဝန်ဆောင် တွေက ရာသီမမှန်တဲ့ အမျိုးသမီးတွေ၊ ကိုယ်ဝန်တားဆေးသုံးတဲ့ သူ တွေနဲ့ ကလေးနီးခြင်းတို့နဲ့သက်ဆိုင်တယ်" ဟု သုတေသနပြုခဲ့ သည့် ကျွမ်းကျင်သူများကအဆိုပါ စာတမ်းဖတ်ပွဲတွင် ပြောကြား ခဲ့သည်။
ထိုသုတေသနတွင် ကိုယ်ဝန်ဆောင်အမျိုးသမီး ၁၆၈ ဦး ကို လေ့လာခဲ့ခြင်းဖြစ်ပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးများ နောက်ဆုံးရာသီပေါ်ရက်အား မမှတ်မိသည့် အမျိုးသမီးမှာ ၂၈ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ထိုကဲ့သို့ မမှတ်မိခြင်းတွင်လည်း ပညာအရည်အချင်းနည်း သော၊ မိသားစုဝင်ငွေနည်းသော ကလေးများသော အမျိုးသမီး များတွင် ပိုမိုတွေ့ရပြီး ကိုယ်ဝန်ဆောင်ကာလတွင် မည်သည့် ဆိုးကျိုးမှ ဖြစ်ပွားလေ့မရှိကြောင်း သိရသည်။

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်