ဆီးချို သွေးချို ရောဂါ ရှိနေသည့် ကြွက်များ နှင့် စမ်းသပ်မှု အရ အဆီ
ပါဝင်မှု များပြီး ကစီဓာတ် ပါဝင်မှု နည်းသော အစား အစာကို ထိန်းချုပ်
ကျွေးခြင်းအားဖြင့် ကျောက်ကပ်ပျက် စီးနေမှုကို ပြန်လည်ပြုပြင်ပေးနိုင်
ကြောင်း အမေရိကန်ဆေးသိပ္ပံပညာ ရှင်များက တွေ့ရှိခဲ့ကြပါတယ်။ သွေးထဲမှာ
သကြားဓာတ်များပြား နေသောြွကက်များရဲ့ ကျောက်ကပ် ထဲရှိ ပျက်စီးနေသော
ြွပန်များကို Ketogenic Diet ခေါ်သည့် စား သောက်မှုပုံစံဖြင့် ပြန်လည်
ကောင်းမွန် လာစေနိုင်ကြောင်း သိရပါတယ်။
ဗြိတိန်နိုင်ငံတွင် အမျိုးအစား (၁) သို့မ ဟုတ် အမျိုးအစား (၂) ဆီးချိုသွေးချို ရောဂါ ခံစားနေရသူ ၂.၈ သန်းထဲမှာ ကျောက်ကပ်ထိခိုက်မှုဖြစ်ပေါ်နေသော လူနာဟာ ၃ ပုံ ၁ ပုံရှိပါတယ်။ လူသားများမှာတော့ ပျက်စီးနေတဲ့ ကျောက်ကပ်ကို အစားအသောက်နဲ့ ပြန်ပြင်ပေးနိုင်မလားဆိုတာ မေးခွန်း ထုတ်စရာဖြစ်နေသေးကြောင်း သိရှိ ရပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ လည်း အလားတူစမ်းသပ်မှုမျိုး ပြုလုပ် ခဲ့ပါတယ်။ ကျောက်ကပ်ထိခိုက်မှု ဖြစ်ပေါ်ပြီဆိုတာနဲ့ အဲဒြွီကက်တွေကို Ketogenic Diet ၈ ပတ်ကျွေးလိုက် ပါတယ်။
အဲဒီအစားအသောက်ထဲမှာ ၈၇ ရာခိုင်နှုန်းက အဆီဖြစ်ပြီး အငတ် ဘေးဆိုက်တဲ့အခါ ကြုံတွေ့ရသလိုမျိုး အာနိသင်ရှိကြောင်း ဆေးဘက်ဆိုင်ရာ ကြီးကြပ်မှုမပါဘဲ မကျွေးသင့်ကြောင်း သိရပါတယ်။ ၈ ပတ်အကြာတွင် ပျက်စီးနေသော ကျောက်ကပ်ပြန် လည် ကောင်းမွန်လာတာ တွေ့ခဲ့ရပါ တယ်။ ဒီလေ့လာမှုဟာ ဆီးချိုသွေးချို ရဲ့ ပြင်းထန်တဲ့ နောက်ဆက်တွဲ ရှုပ်ထွေးမှုတွေကို အစားအသောက် ပြုပြင်မှုတစ်ခုတည်းနဲ့ ပြန်ကောင်းလာ စေနိုင်တယ်ဆိုတာ ပထမဆုံး ပြသ နိုင်ခဲ့သော လေ့လာမှု ဖြစ်တယ်လို့ ဆိုပါတယ်။ လူသားတွေအပေါ်မှာ တော့ မစမ်းသပ်ရသေးပါ။
သုတေသီ များအနေနဲ့ ပြုပြင်ပြောင်းလဲမှုဖြစ်စဉ် အတိအကျကို လေ့လာရန် လိုနေပါ သေးတယ်။ အလွန်လွယ်ကူတဲ့ နည်း ဖြစ်ပြီး ကျောက်ကပ်စွမ်းရည် ကျဆင်း မှုကို အစားအသောက်တစ်မျိုးတည်းနဲ့ ကာကွယ်နိုင်တယ်ဆိုတဲ့ ကိစ္စဟာ လူသားများအနေနဲ့ ရေတိုကာလပင် ဖြစ်စေကာမူ ခံယူနိုင်သော စား သောက်မှုပုံစံဖြစ်နိုင်ပါ့မလားဆိုတာ မေးခွန်းထုတ်စရာဖြစ်နေကြောင်း သိရပါတယ်။
Ref : Health News

0 comments:
Post a Comment